ကပ်ရောဂါသာမဖြစ်ခဲ့ရင် မင်္ဂလာပွဲတွေမြင်တွေ့ရနိုင်ချေရှိတဲ့ ဆယ်လီများစာရင်း

Instagram- @jlo, @kattyperry

ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးကြောင့် လူတွေဟာလည်း ကျန်းမာရေးဌာနတွေမှ ထုတ်ပြန်ထားတဲ့အတိုင်း ပွဲလမ်းသဘင်နဲ့ ပွဲအခမ်းအနားတွေလိုမျိုး လူစုလူဝေးဖြစ်ပေါ်စေမယ့် လုပ်ရပ်မျိုးတွေကို ရှောင်ရှားနေကြပါတယ်။ ဒါကြောင့် စတိတ်ရှိုးတွေ၊ မင်္ဂလာဆောင်၊ မွေးနေ့ပွဲ၊ ပါတီ စအရှိတာတွေကတော့ လက်ရှိအချိန်အထိ ဘယ်လိုမှ ကျင်းပလို့ မရနိုင်ကြသေးပါဘူး။

အဲဒီအထဲ နစ်နာရဆုံးကတော့ မင်္ဂလာပွဲစီစဉ်ထားတဲ့ ဇနီးမောင်နှံတွေပါပဲ။ ဒီရောကြီး ဘယ်တော့ပြီးမယ်မှန်း မသိရတဲ့အတွက်ကြောင့် ပွဲပျက်တဲ့သူကပျက်၊ လမ်းစပျောက်သူကပျာက်နဲ့ပေါ့။ အဲဒီအထဲနာမည်ကြီးဆယ်လီစုံတွဲတွေလည်း ပါဝင်လို့နေခဲ့ကြပါတယ်။ သူတို့တွေအကြောင်း South China Morning Post မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Katy Perry နဲ့ Orlando Bloom

မကြာခင်လပိုင်းတုန်းကပဲ Katy အနေနဲ့ Orlando Bloom နဲ့ ရခဲ့တဲ့ ကိုယ်ဝန်ကို တရားဝင်ကြေငြာလိုက်ကာ လက်ထပ်ဖို့ စီစဉ်ခဲ့ကြပေမယ့်လို့ ကပ်ရောဂါဟာ စတင်ဆိုးရွားလာခဲ့တဲ့အပြင် Orlando Bloom ကိုယ်တိုင်ကလည်း ရိုက်ကွင်းမှတစ်ဆင့် အကူးစက်ခံခဲ့ရတဲ့အတွက် အခြေအနေတွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ အခုတော့ Orlando Bloom လည်း သက်သာသွားခဲ့ပါပြီ။

Jennifer Lopez

READ
ကမ်းခြေထက်က အလန်းစားပုံရိပ်တွေနဲ့ ပရိသတ်တွေကြွေသွားစေတဲ့ သင်ဇာဝင့်ကျော်

၂၀၁၉ ခုနှစ် မတ်လ ၉ ရက်နေ့တုန်းက JLO ရဲ့ ချစ်သူဟာ သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နှစ်ယောက်သား တစ်နှစ်လောက် လက်မထပ်ဘဲ စောင့်ကြည့်ကြဦးမယ်ဆိုတာ လက်ထပ်ခွင့်ကို လက်ခံလိုက်ပေမယ့်လို့ တစ်နှစ်ပြည့်တဲ့အချိန်မှာပဲ သူ့တို့ဆက်ဆံရေးဟာ သာယာနေရဲ့သားနဲ့ ကပ်ရောဂါဘေးကြုံခဲ့ရတဲ့အတွက်ကြောင့် မင်္ဂလာသတင်းကြေငြာဖို့ ဝေခွဲမရဖြစ်နေခဲ့ပါတယ်တဲ့။

View this post on Instagram

3.9.19✨♥️

A post shared by Jennifer Lopez (@jlo) on

Emma Stone

အော်စကာဆုရှင် မင်းသမီး Emma Stone နဲ့ ချစ်သူ David McCary တို့ကတော့ ဒီနှစ်ထဲမှာပဲ လက်ထပ်မယ်လို့ စိတ်ကူးကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက စေ့စပ်ကြောင်းလမ်းခဲ့ကြပါတယ်။ သူတို့လည်း အခုအချိန်ထိ မင်္ဂလာသတင်း မကြားရသေးပါဘူး။

View this post on Instagram

💕

A post shared by @ davemccary on

တော်ဝင်မင်းသမီး Beatrice

York မှ တော်ဝင်မင်းသမီး Beatrice တို့ချစ်သူစုံတွဲကတော့ မေလ ၁၉ ရက်နေ့မှာလုပ်ဖို့စီစဉ်ထားခဲ့ပေမယ့် UK ရဲ့ lockdown ကာလနဲ့တိုက်ဆိုင်သွားခဲ့တာကြောင့် တော်ဝင်မိသားစု Instagram မှာ ပွဲကို အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

Penny

SHARE