လူစုလူဝေးမဖြစ်စေရပဲ မင်္ဂလာပွဲကို အဓိပ္ပါယ်ရှိရှိ ကျင်းပခဲ့တဲ့ မလေးစုံတွဲ

Facebook/DenisBridal

ကမ္ဘာ့ကျန်းမာရေးပြဿနာကြီးတစ်ရပ်ဟာ တစ်နေ့ထက်တစ်နေ့အခြေအနေတွေ ပိုတောင် ဆိုးဆိုးလာပါတယ်။ မလေးရှားနိုင်ငံက ကျန်းမာရေးဝန်ကြီးကတော့ လူအယောက် (၅၀) အထက် ပါဝင်တဲ့ ဘယ်လိုပွဲမျိုးကိုမဆို စည်းဝေးစုရုံးတာတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။ တားမြစ်ကာလကတော့ မတ်လ (၁၈) ရက်ကနေ (၃၁) ရက်နေ့အထိ ဖြစ်ပါတယ်။ လူတွေအမြောက်အမြားနဲ့ တွေ့ဆုံနိုင်ခြေရှိတဲ့ မင်္ဂလာအခမ်းအနားနဲ့ အသုဘအခမ်းအနားတက်ရောက်တာတွေကိုလည်း တားမြစ်ထားပါတယ်။

ဒီလိုအရေးပေါ် ကျန်းမာရေးအခြေအနေနဲ့ ကြုံနေတဲ့ကြားက မလေးစုံတွဲတစ်တွဲကတော့ သူတို့ရဲ့မင်္ဂလာပွဲလေးကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ခဲ့ကြောင်း worldofbuzz အရ သိရပါတယ်။ သူတို့ဟာ မင်္ဂလာပွဲကို မတ်လ (၁၆) ရက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားချက်က မင်္ဂလာပွဲမှာ ဧည့်သည်တွေအချင်းချင်း ထိတွေ့မှုလျော့နည်းအောင် တတ်နိုင်သလောက် စီမံထားတာပါ။ ဧည့်သည်တွေဟာ မင်္ဂလာခန်းမထဲ လာထိုင်စရာမလိုပါဘူး။ မင်္ဂလာမောင်နှံရှိရာရှေ့ကို ကားနဲ့ဖြတ်မောင်းပြီး မျက်နှာပြရုံနဲ့တင် ရပါပြီ။

READ
Loch Ness ကမ်းခြေက ထူဆန်းတဲ့သတ္တ၀ါကြီးရဲ့အလောင်း

အချင်းချင်း လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုစရာလည်းမလိုပါဘူး။ လက်ဆွဲနှုတ်ဆက်မယ့်အစား တလေးတစားပြတဲ့ အနေနဲ့ ရင်ဘတ်ပေါ်လက်တင်ပြီး နှုတ်ဆက်နိုင်ပါတယ်။

Facebook/DenisBridal

ခါတိုင်းလို ပေးနေကျ မင်္ဂလာလက်ဖွဲ့ငွေကို ပေးစရာမလိုပါဘူး။ အလှူခံသေတ္တာပုံးထဲကို ကိုယ်ထည့်ချင်တဲ့ပမာဏ ထည့်လိုက်ရင် ရပါပြီ။

Facebook/DenisBridal

ကျေးဇူးတင်တဲ့အနေနဲ့ မင်္ဂလာမောင်နှံဟာ ကားထဲက ဧည့်သည်တွေဆီကို သေချာထုတ်ပိုးထားတဲ့ အစားအသောက်ထုပ်ကို ပြန်လည်ပေးကမ်းမှာ ဖြစ်ပါတယ်။

Facebook/DenisBridal

ဧည့်သည်တွေဟာ အစားအသောက်ထုတ်ကိုယူပြီး ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ လက်ကို ရင်ဘတ်မှာကပ်ပြီး တဖန်နှုတ်ဆက်ကာ ကားပြန်မောင်းထွက်သွားနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE