Box Office မှာ Aquaman ဆက်တိုက် အောင်ပွဲခံနေ

ပြီးခဲ့တဲ့ သီတင်းပတ် (ဇန်န၀ါရီ ၄  – ၆ )ရက်နေ့အတွက် မြောက်အမေရိက Box Office ရဲ့ ထိပ်ဆုံးနေရာမှာ ရပ် တည်ခဲ့တဲ့ ဇာတ်ကားစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ဇာတ်ကားတွေ အများကြီးထဲကမှ Top 5 နေရာမှာ ရပ်တည်ခဲ့တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါ တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွက် ၀င်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် နံပါတ် (၁) နေရာမှာ ရပ် တည်ခဲ့တဲ့ ဇာတ် ကားကတော့ Aquaman ပါ။ပရိသတ်ချစ်တဲ့ ရေဘုရင်ကြီးကတော့ နံပါတ် တစ်နေရာကနေ မဆင်းတာ (၃)ပတ်ရှိခဲ့ပါပြီ။

(1) Aquaman

Aquaman ကတော့ နံပါတ်တစ်ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်ခဲ့ပါတယ်။ဝင်ငွေ(၃၀.၇) သန်းနဲ့  နံပါတ် တစ်နေရာကို ရောက်ခဲ့တာပါ။Aquaman ကတော့ (၂၀၁၈) အမေရိကန် စူပါဟီးရိုးရုပ်ရှင်ပါ။Warner Bros ကနေ ဖြန့်ချီခဲ့ဖူးတဲ့ DC ကာတွန်းဇာတ်ကောင်ကို အခြေခံထားတာပါ။ဒါရိုက်တာ ကတော့ James Wan ပါ။ Jason Momoa ကတော့ ဇာတ်ကောင် Aquaman နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။Amber Heard, Wille m Dafoe, Patrick Wilson, Dolph Lundgren တို့လည်း ပါဝင်ထားပါတယ်။

READ
အမြွှာကိုယ်ဝန်လွယ်ထားရကြောင်း ကြောငြာလိုက်တဲ့ ဘီယွန်းစေး

#Escape Room

Escape Room ကတော့ ကန်ဒေါ်လာ (၁၈)သန်းနဲ့ နံပါတ် နှစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။တစိမ်း (၆) ယောက်က သူတို့ရဲ့ ထိန်းချုပ်မှုအလွန်မှာရှိနေတဲ့အခြေအနေတစ်ခုမှာ ရောက်နေမှန်းသူတို့ ကိုယ်သူတို့ရှာတွေ့ သွား ခဲ့ပါတယ်။ သူတို့ရဲ့ ဥာဏ်ကို သုံးပြီး သဲလွန်စကို ရှာဖွေပြီး လွတ်အောင်ရုန်းထွက်မယ့် ဇာတ်ကားမျိုးပါ။Psycho လျှို့ဝှက်သည်း ဖို ဇာတ်ကားမျိုးပါ။

#3 Mary Poppins Returns

နံပါတ်သုံး နေရာမှာတော့ ၀င်ငွေ (၁၅.၇)သန်းနဲ့ Mary Poppins Returns ရှိနေပါတယ်။ဒီကားကတော့ အမေရိကန် musical fantasy ဇာတ်ကားပါ။ musical  ဇာတ်ကားမျိုးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေ လုံးဝ လက် မလွှတ်စတမ်းကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။ ဒါရိုက်တာကတော့ Rob Marshall ပါ။ Emily Blunt ၊ Lin-Manuel Miranda နဲ့ Ben Whishaw တို့ ပါဝင်ထားပါတယ်။

#4 Spider-Man: Into The Spider-Verse 

READ
Britney Spears သေဆုံးပြီဆိုတဲ့ သတင်းမှားအတွက် Sony Music တောင်းပန်

Spider-Man: Into The Spider-Verse ကတော့ ၀င်ငွေကန်ဒေါ်လာ (၁၃)သန်းနဲ့ နံပါတ်လေး နေရာမှာ  ရှိေ နခဲ့ပါတယ်။2018 American computer-animated superhero ဇာတ်ကားပါ။ Miles Morales ဆိုတဲ့ ဆ ယ်ကျော်သက်တစ်ယောက်က မြေအောက်ရထားဘူတာရုံမှာ ရေဒီယို သတ္တိကြွနေတဲ့ ပင့်ကူအကိုက်ခံ လိုက်ရ ပြီးေ နာက် ထူးဆန်းတဲ့ ပါဝါတွေရသွားပြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲ ဆိုတာကို ရိုက်ပြထားတာပါ။

#5 Bumblebee

အမေရိကန်သိပ္ပံဇာတ်ကား Bumblebee  ကတော့ ၀င်ငွေ (၁၂.၇)သန်းနဲ့ နံပါတ် ငါးနေရာမှာရှိနေပါတယ်။ ဒါရိုက်တာကတော့ Travis Knight ပါ။  Hailee Steinfeld၊ John Cena ၊ Jorge Lendeborg Jr. တို့ ပါဝင်ထားပါတယ်။

Source boxofficemojo

SHARE