Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကားများ(မတ် 22-24)

ပြီးခဲ့တဲ့သီတင်းပတ် မတ်(22-24)ရက်နေ့တို့မှာ မြောက်အမေရိက Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကား အဖြစ် ဘယ်ဇာတ်ကားတွေက ရပ်တည် ခဲ့သလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွက် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကားတွေကတော့………

(5)How to Train Your Dragon: The Hidden World

ဝင်ငွေ($ 6.5)သန်းနဲ့ နံပါတ်ငါး နေရာမှာ ရပ်တည်ခဲ့တာပါ။Animation စိတ်ကူးယဉ်အက်ရှင် ဇာတ်ကား အမျိုးအစားပါ။နာမည်ကြီးစာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon: The Hidden World စာအုပ်ကို အခြေခံရိုက်ကူးထားတာပါ။ဒါရိုက်တာ Dean DeBlois ပါ။ဘတ်ဂျက် ($129)သန်း အကုန်အ ကျခံရိုက်ကူးထားတာပါ။

(4)Five Feet Apart

ဝင်ငွေ($8.8)သန်းနဲ့ နံပါတ်လေး နေရာမှာ ရပ်တည်ခဲ့တာပါ။Five Feet Apart ဆိုတဲ့ ဒီဇာတ်ကားကတော့ အမေရိ ကန် ရိုမန်တစ်ဒရမ်မာဇာတ်ကားပါ။ဒါရိုက်တာကတော့ Justin Baldoni ပါ။ဒီကားမှာတော့ Haley Lu Rich ardson နဲ့ Cole Sprouse တို့ပါဝင်ထားပါတယ်။ဇာတ်ကားကတော့ Cystic fibrosis  ရောဂါ ခံစားနေရတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ကြားက ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပါ။ Cystic fibrosis  ဆိုတာ ကတော့ မျိုးရိုးဗီဇပုံမှန်မဟုတ်တဲ့ရောဂါပါ။အထူးသဖြင့်အဆုတ်မှာ မကြာခဏ ဆိုသလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါရပြီး အသက်ရှုရခက်ခဲတဲ့ရောဂါတစ်မျိုးပါ။ဘတ်ဂျက် ($ 7) သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဇာတ် ကား လေးပါ။

(3)Wonder Park

READ
ဘရာကြော်ငြာ ရိုက်ကွင်းတစ်ခုမှာတွေ့ရတဲ့ သင်ဇာဝင့်ကျော်

Wonder Park ကတော့ ၀င်ငွေ ($9) သန်းနဲ့ နံပါတ်သုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။Wonder Park ကတော့ Animation ဇာတ်ကားပါ။ဘတ်ဂျက်($80–100) သန်း အကုန်အကျခံရိုက်ကူးထားတာပါ။ဒီဇာတ်ကား ကတော့  အပန်းဖြေဥယျာဉ်ထဲမှာ June ဆိုတဲ့ မိန်းကလေး သက်ဝင်နိုးထလာတဲ့ အကြောင်းလေးပါ။Wonder Park ကတော့ (၂၀၁၉)ကွန်ပြူတာ Animation ဇာတ်ကားပါ။ Paramount Animation and Nickelodeon Movies ကနေ Produce လုပ်တာပါ။ဒါရိုက်တာ ကတော့ Dylan Brown ပါ။

(2)Captain Marvel

ဝင်ငွေ($ 35)သန်းနဲ့ နံပါတ်နှစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။Captain Marvel ကတော့ (၂၀၁၉) အမေရိကန် စူပါဟီးရိုးဇာတ်ကားပါ။Marvel Comics ဇာတ်ကောင် Carol Danvers ကို အခြေခံထားတာပါ။Marvel Stu dios  ကနေ ထုတ်လုပ်ပြီး Walt Disney Studios Motion Pictures ကဖြန့်ဖြူးတာပါ။Marvel Cinematic Universe (MCU) ရဲ့ (၂၁)ကားမြောက် ဇာတ်ကားပါ။ဒါရိုက်တာ Anna Boden နဲ့  Ryan Fleck ပါ။ဒီကား မှာတော့ Brie Larson က Danvers နေရာကနေ ပါဝင်ထားပါတယ်။Samuel L. Jackson, Ben Mendel sohn, Djimon Hounsou, Lee Pace…အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ဘတ်ဂျက်($152 ) သန်း အကုန်အကျခံရိုက်ကူးထားတာပါ။

(1)Us

READ
ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်တွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ပိုပို

ဝင်ငွေ($ 70)သန်းနဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကျယ်ဇာတ်ကားပါ။ လူ မည်း သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားကတော့ ခင်ပွန်ဖြစ်သူ၊သမီးဖြစ်သူတို့နဲ့ အတူ ငယ်ငယ်က နေထိုင် ခဲ့တဲ့ ကမ်းခြေနားက အိမ်လေးကို Adelaide Wilson တစ်ယောက်ပြန်လာခဲ့ပါတယ်။ ငယ်ငယ်ကရခဲ့တဲ့ စိတ်ဒဏ်ရာ ကြောင့် ချောက်ချားစိတ်ဝင်နေတဲ့ Adelaide  ရဲ့ စိတ်ထဲမှာ သူမရဲ့မိသားစုဆီကို မကောင်းတဲ့အရာတ စ်ခု ဖြစ်လာ မယ်လို့ ထင်နေခဲ့ပါတယ်။ သူမအကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်လာခဲ့ပါတယ်။ မျက်နှာဖုံးတပ် လူစိမ်း (၄) ယော က်က သူတို့အိမ်ကို ရောက်လာတဲ့ အခါမှာတော့……….။ဘတ်ဂျက် သန်း (၂၀) အကုန်အကျခံရိုက် ကူးထားတာပါ။

Source Box Office

SHARE