လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဗိုက်အဆီတွေကို ဒီနည်းတွေနဲ့ ချနိုင်ပါတယ်

အဆီတွေက တက်ဖို့သာ မြန်ပေမယ့် ချဖို့ကျ ခက်ပါတယ်။ အင်္ကျီအကြပ် ၀တ်ချင်တာပဲဖြစ်ဖြစ် ဗိုက်အဆီထွက်နေတာမျိုးက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုအားနည်းစေပါတယ်။ ဒီလိုပြဿနာတွေကို အလွယ်ပဲ ဗိုက်ချပ်ဘောင်းဘီနဲ့ ဖြေရှင်းလိုက်တတ်ကြပါသေးတယ်။ ဒါက ခဏတာပဲ သင့်ဗိုက်ကို ချပ်သွားစေနိုင်မှာပါ။ အဲဒီ့အစား ဒီနည်းတွေက သင့်ကို ကူညီပေးနိုင်မှာပါ။

(၁) လမ်းလျှောက်ပေးပါ


ဗိုက်အဆီကျဖို့အတွက် လမ်းလျှောက်ဖို့မပျင်းပါနဲ့။ Squat ထိုင် ၊ အားကစားလုပ်ရမယ်မဆိုလိုပါဘူး။ ပုံမှန်လမ်းလျှောက်ပေးဖို့တော့လိုပါတယ်။ နေ့တိုင်း မိနစ်(၂၀)လောက် လမ်းလျှောက်ပေးတာက သင့်ခန္ဓာကိုယ့်ကြွက်သားတွေကို ပြောင်းသွားစေမှာပါ။ ဗိုက်အဆီကျသွားမယ့်အပြင် ၀ိတ်ပါကျသွားစေနိုင်ပါတယ်။

(၂) ဗိုက်မဆာတဲ့အချိန် စားပေးပါ

ဝိတ်ချနေတာပဲဖြစ်ဖြစ် ၊ ဗိုက်အဆီကျချင်တာပဲဖြစ်ဖြစ်ဆိုရင် ဗိုက်မဆာခင် အစားစားပေးပါ။ ဗိုက်အဆာခံပြီးမှ စားမယ်ဆိုရင် စားနိုင်တာထက် ပိုစားမိနိုင်ပါတယ်။ ဒါကြောင့် ဗိုက်မဆာခင်အချိန်မှာ အစားစားပေးပါ။

READ
မိဘတွေရဲ့ဥာဏ်နည်းမှုကြောင့် အဝေးမှုန်(၉၀၀)ဒီဂရီရှိနေပြီဖြစ်တဲ့ ကောင်မလေး

(၃) Detox Water သောက်ပေးပါ


Diet လုပ်ချင်သူတွေအတွက် အမြဲညွန်းပေးနေကြနည်းတစ်မျိုးရှိပါတယ်။ ဒါကတော့ Detox Water ပဲဖြစ်ပါတယ်။ Detox Water က ရေတစ်မျိုးပဲဖြစ်လို့ ရေအစားထိုးသောက်ပေးနိုင်တယ်။ သခွားသီး ၊ သံပယိုရည် ၊ ပူစီနံ့ တို့အဓိကပါဝင်ပြီး ခန္ဓာကိုယ့်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်သလို ၀ိတ်ကျစေနိုင်ပါတယ်။

(၄) အနားယူပေးပါ

ကောင်းကောင်း အနားယူပေးဖို့လိုပါတယ်။ အနားယူချိန် မလုံလောက်ရင် ပိုစားမိတတ်ကြတယ်လေ။ စားမိရင် ၀ိတ်တက်လာမှာဖြစ်သလို ဗိုက်အဆီလည်း တက်လာနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အဆီကို လျှော့ဖို့အတွက် အနားယူပေးဖို့လိုပါတယ်။ တစ်ရက်ကို (၈)နာရီအိပ်ပေးတာက စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။

(၅) ငှက်ပျောသီးမစားပါနဲ့

ငှက်ပျောသီးမှာ ဗီတာမင်နဲ့ သံဓာတ်တွေ ပါသလို ၀စေနိုင်ပါတယ်။ ပိန်တဲ့သူတွေတော့ စားပေးသင့်ဆုံးအသီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၀ိတ်ကျချင်တယ် ၊ ဗိုက်အဆီကျချင်တယ်ဆိုရင် အဆီဖြစ်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ပေးပါ။

READ
အကောင်းဆုံးခေါက်ဆွဲခြောက်ပြုတ်နည်းကို ထုတ်ပြလိုက်တဲ့ ဂျပန်ကအစားဂုရုမမ

Hannwe Soe

SHARE