အတူတူလေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစားလုပ်ရင်း ကိုယ်အလေးချိန် ၁၉ စတုန်ကျသွားတဲ့ အတွဲ

ကိုယ်အလေးချိန် ၁၉ စတုန်လောက် အတူကြိုးကြိုးစားစား လျှော့ချခဲ့တဲ့ စုံတွဲတစ်တွဲရဲ့ စိတ်အားတက်ဖွယ် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

MDWFEATURES / SAMANTHA GILMORE

အသက် ၁၆ နှစ်အရွယ်မှာ ၁၄ စတုန်ကျော်ရှိခဲ့တဲ့ Samantha Gilmore ဆိုတဲ့ အမျိုးသမီးဟာ ချစ်သူ Rick Stahl Jr ဆိုသူနဲ့ ၁၇ နှစ်ပြည့်ပြီးတဲ့နောက် တူတူနေထိုင်ခဲ့ပါတယ်။ သူမ ချစ်သူကလည်း ကျောင်းမှာ ဘောလုံးကစားပေးမယ့် ၄င်းရဲ့ ကိုယ်အလေးအချိန်နဲ့ ပတ်သက်ပြီး ရုန်းကန်နေရသူပါ။

MDWFEATURES / SAMANTHA GILMORE

လက်ရှိ အသက် ၂၂ အရွယ် Samantha ချစ်သူဆီ ပြောင်းရွေ့နေထိုင်ရခြင်းက  မူးယစ်ဆေးစွဲနေတဲ့ မိဘတွေနဲ့ အတူမနေချင်တာကြောင့်လို့ သိရပြီး ကိုယ့်ကိုကိုယ် မြှင့်တင်ရပ်တည်ချင်တဲအတွက်လို့ သူမက ပြောပါတယ်။ သူမ ချစ်သူကတော့ မိတစ်ကွဲ ဖတစ်ကွဲ ကြီးပြင်းလာရသူဖြစ်တယ်။ ဒါပေမယ့် အမြဲ အားပေးမှု၊ မေတ္တာစေတနာထားမှုရှိပြီး သူ့အတွက်တော့ အံဖွယ်ကောင်းတဲ့ မိဘတွေဖြစ်ကြောင်းလည်း ပြောပြပါတယ်။

MDWFEATURES / SAMANTHA GILMORE

ဒါပေမယ့် သူ့တို့နှစ်ယောက်လုံး အချိန်က ကိုယ်အလေးချိန် လွန်ကဲနေခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ ၂၀၁၇ နှစ် အရောက်မှာ Rick က ပြောင်းလဲမှုတစ်ခုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ Rick က keto diet ဆိုတာက တွေ့ရှိခဲ့ပြီး တစ်ပတ်ကို ၆ ရက် လေ့ကျင့်ခန်း စလုပ်ခဲ့ပါတယ်။ Keto diet ဆိုတာက သကြားဓာတ်ကို လျှော့ပြီး ပရိုတင်ဓာတ် မြင့်မားစွာ စားသုံးတဲ့ ပုံစံဖြစ်ပါတယ်။

READ
Fan တစ်ယောက်ရဲ့အချစ်ဆိုတာ....
MDWFEATURES / SAMANTHA GILMORE

အစက Rick ရဲ့ ၀ိတ်က ၃၀ စတုန်တောင်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါ လေ့ကျင့်ခန်းတွေလုပ်၊ စားသောက်တဲ့ပုံစံ ပြောင်းလိုက်တာမှာ အံအားသင့်စရာကောင်းလောက်အောင်ပဲ ၁၅ စတုန် ကျဆင်းသွားခဲ့တယ်။ အဲ့ဒီလို မှင်သက်စရာ ပြောင်းလဲမှုဖြစ်ပေါ်လာပြီးနောက် ၂၀၁၈ ခုနှစ်မှာ Samantha ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ သူမကလည်း ချစ်သူရဲ့ ခြေလှမ်းတွေအတိုင်း လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

MDWFEATURES / SAMANTHA GILMORE

အတူအကွ လေ့ကျင့်ခန်းတွေ လုပ်ရင်း Samantha ဟာ ၆ လ အတွင်း ယူကေ ဆိုက် ၁၆ ၀တ်တဲ့အနေအထားကနေ ဆိုက် ၈ ၀တ်တဲ့ အနေအထားကို ရောက်ရှိလာခဲ့တယ်။ နှစ်ယောက်သား အင်အားတွေ ပိုတိုးလာကြပြီး သူတို့ရဲ့ ကာမဆက်ဆံရေးလည်း အသစ် ပြန်လည်မွေးဖွားသလို ဖြစ်လာခဲ့တယ်။

READ
လူတွေရဲ့ အပြုအမူကို လိုသလို ပြောင်းလဲနိုင်မယ့် စိတ်ပညာနည်းလမ်းများ
MDWFEATURES / SAMANTHA GILMORE

သူတို့နှစ်ယောက်ဟာ cardio လေ့ကျင့်ခန်းကို မိနစ် (၂၀-၄၀) လုပ်တယ်၊ ဗိုက်လေ့ကျင့်ခန်းကို ၁၅ မိနစ်နဲ့ ၀ိတ်လေ့ကျင့်ခန်းကို မိနစ် ၃၀ ကနေ ၄၅ မိနစ်၊ တစ်ပတ် ၆ ရက် လေ့ကျင့်ခန်းလုပ်ခဲ့တာဖြစ်ပါတယ်။

MDWFEATURES / SAMANTHA GILMORE

ဝိတ်ကျသွားတဲ့နောက်မှာ သက်လုံတွေပိုကောင်းလာပြီး ကာမ စိတ်တွေလည်း ပိုနိုးကြားလာသလို မိတ်ကပ်တောင်မှ လျှော့လိမ်းဖြစ်သွားတယ်။ ယုံကြည်မှုတွေလည်း ပိုတိုးတက်လာတယ်ဆိုပြီး သူတို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကိုပြောပြပါတယ်။ နောက်ဆုံးအနေနဲ့ ကိုယ့်ကို တာဝန်ယူနိုင်ပြီး နမော်နမဲ့ ပေါ့တီးပေါ့ဆအမှားတွေကို လက်ခံနိုင်သူကို ရွေးချယ်ဖို့လည်း Samantha က တိုက်တွန်းထားပါသေးတယ်။

Ref: The Sun

Matthew (ShweMOM)
SHARE