ကြည့်ရှုသူနှစ်သိန်းကျော်သွားပြီဖြစ်တဲ့ စမိုင်းရဲ့ ဝိတ်ချနည်းဗီဒီယို

ကြော်ငြာမင်းသမီးတစ်ယောက်၊သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အချိန်အတော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်နေခဲ့တာကနေ မကြာသေးခင်ကမှ အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ စမိုင်းကတော့ အရင်ကထက်အများကြီးပြောင်းလဲသွားပြီး ကျန်းမာလှပတဲ့ ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေတိုင်း အားကျနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

စမိုင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ ဖေစ်ဘုတ်ပေ့ဂ်ျပေါ်မှာ အမိုက်စားဘော်ဒီကို ရရှိဖို့အတွက် ဘယ်လောက်အထိ အပင်ပန်းခံပြီး ကြိုးစားခဲ့တယ်ဆိုတာကို ပရိသတ်တွေကို ဝေမျှပေးထားတာဖြစ်ပါတယ်။ စမိုင်းရဲ့ ဗီဒီယိုထဲမှာဆိုရင်တော့ ကိုယ်အလေးချိန်ကျဖို့အတွက် နည်းလမ်းတွေကိုလည်းပြောပြပေးထားတာဖြစ်ပါတယ်။

စမိုင်းရဲ့ ဝိတ်ချနည်းဗီဒီယိုကတော့ ပရိသတ်တွေကြားမှာ ကြည့်ရှုသူ ၂သိန်းကျော်သွားခဲ့ပြီဖြစ်ပြီး shareလုပ်တဲ့သူလည်း ၃ထောင်ကျော်တောင် ရှိနေပြီဖြစ်ပါတယ်။ ပရိသတ်တွေလည်း စမိုင်းရဲ့ ဖေ့စ်ဘုတ်ပေ့ဂ်ျမှာတင်ထားတဲ့ ဗီဒီယိုလေးကို ကြည့်ချင်ရင် ဒီစာကြောင်းလေးကို နိုပ်လိုက်ရုံပါပဲနော်။

 

SourcE: Smile

SHARE