လူအများစုက အသက်၁၀နှစ်ဆိုရင် မိဘရဲ့လောင်းရိပ်အောက်မှာပဲ ရှိနေသေးတဲ့ လူမမယ်ကလေးအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အင်္ဂလန်သူလေး Aeryn-Ejjina Atkinson ကတော့ သာမန် ၁၀နှစ်ကလေးတစ်ယောက်မဟုတ်ပါဘူး။ သူမဟာ အိုလံပစ်မှာရွှေတံဆိပ်ဆွတ်ခူးနို်င်ဖို့ မျှော်မှန်းထားတာကို ladbible သတင်းကတဆင့် သိရပါတယ်။
မနက်တိုင်း gym ကို သွားပြီး လေ့ကျင့်ခန်းတွေလုပ်လွန်းလို့ အခုဆို Aeryn က သူ့ခန္ဓာကိုယ်ရဲ့ နှစ်ဆရှိတဲ့ဝိတ်အလေးတွေကိုတောင် မ,နေနိုင်ပြီဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Aeryn က ကိုယ်ပိုင် gym ခန်းဖွင့်ဖို့လည်း အစပျိုးနေပါပြီ။ သူမအသက် ၁၆နှစ်ပြည့်တဲ့အခါ အလုပ်လုပ်ဖို့အတွက် ကိုယ်တိုင်လုပ်ငန်းအစီအစဉ်တွေဆွဲပြီး gym တော်တော်များများကိုပို့ထားပါတယ်။
View this post on Instagram
Aeryn ကို မနက်တိုင်းလေ့ကျင့်ပေးရတဲ့ သူမရဲ့ဖခင် Craig ကတော့ “သမီးက သူအရွယ်ရောက်လာတဲ့အခါ ကိုယ်ပိုင် gym ဖွင့်ချင်နေတယ်။ ဒါကြောင့် လော့ဒေါင်းထဲမှာတော့ သူလုပ်မယ့်လုပ်ငန်းအစီအစဉ်တွေကို ပရောဂျက်အနေနဲ့ချရေးထားတယ်။ စိတ်ဝင်စားတဲ့ လေ့ကျင့်ရေးဆရာအချို့ဆီ ကျွန်တော်တို့ပို့ထားပါတယ်။”
View this post on Instagram
Aeryn ဟာ Kettering gym ရဲ့ အကြီးအကဲအရာရှိတစ်ဦးအပြင် Commonwealth Games အားကစားသမား Deborah Fleming တို့နဲ့လည်း စကားပြောခွင့်ရခဲ့ပါတယ်။ Aeryn က gym စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာရယ်နဲ့ fitness အစီအစဉ်တွေ၊ သိချင်တာတွေကို ၄င်းတို့ဆီ မေးမြန်းခဲ့ပါတယ်။ ၄င်းတို့ကတော့ Aeryn ကို အသက်ငယ်ပေမယ့် အရမ်းအလုပ်လုပ်ချင်တဲ့စိတ်ဓာတ်ကို ချီးမွမ်းခဲ့ကြပြီး သူမအသက် ၁၆နှစ်ပြည့်တဲ့အခါ အလုပ်အတွေ့အကြုံတွေယူဖို့ ၄င်းတို့ gym တွေဆီလာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ကြပါတယ်။
View this post on Instagram
Gym ဖွင့်ဖို့အပြင် အိုလံပစ်ပြိုင်ဖို့လည်းစိတ်ကူးရှိတဲ့ Aeryn က အခုဆိုရင်တော့ ထရိန်နင်တွေအများကြီးလုပ်နေပါတယ်။ “သမီး အသက်၇နှစ်ကတည်းက အလေးမလာခဲ့တာ။ အားကစားလုပ်ရတာ အရမ်းပဲကြိုက်ပါတယ်။ အစပိုင်းတော့ နည်းနည်းခက်တာပေါ့။ ဒါပေမဲ့ အဖေက သမီးအန္တရာယ်မဖြစ်ဘဲ ဆော့လို့ရအောင် စီစဉ်ပေးပါတယ်။ CrossFit နဲ့ပတ်သက်ပြီး အသစ်တွေလေ့လာရတာ သဘောကျတယ်။ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာထက် ခန္ဓာကိုယ်ကိုပိုတွန်းပြီးလုပ်တဲ့အခါ အောင်မြင်သွားရင် ကိုယ့်ကိုကိုယ်အရမ်းကျေနပ်ရပါတယ်။” လို့ လည်း Aeryn ပြောပြခဲ့ပါတယ်။
View this post on Instagram
ShweMom