ဖုန်းတိုင်အလယ်မှာ ဇောက်ထိုးကြီး အိပ်နေလို့ ခက်ခက်ခဲခဲ ကယ်ခဲ့ရတဲ့ အမူးသမား

သောက်တာများသွားလို့ အသိစိတ်တွေပျောက်ပြီး ကိုယ် ဘာလုပ်မိမှန်း မသိ လုပ်မိခဲ့တဲ့အဖြစ်တွေကို သောက်တတ်တဲ့သူတိုင်း ကြုံဖူးကြပါတယ်။ ဆိုးဆိုးဝါးဝါးတွေလည်းရှိသလို အင်မတန်ရယ်ရတဲ့ အဖြစ်တွေလည်းရှိတယ်။  တစ်ချို့က စိတ်ပျက်ဖို့ကောင်းလောက်အောင် သွေးဆိုးတယ် ထိန်းရသိမ်းရခက်တယ်၊ တစ်ချို့ကတော့ စိုးရိမ်ဖွယ်ကောင်းလောက်အောင် ထိုးအိပ်သွားတာပဲ။

သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ဓာတ်တိုင်လို တိုင်အမြင့်တစ်ခုမှာ ဇောက်ထိုးအနေအထားနဲ့ တွဲလောင်ကြီး ဖြစ်နေမယ်လို့ တွေးကြည့်ဖူးပါသလား။ ပြီးတော့ အိပ်မောကျပြီး နိုးလာတဲအချိန် တိုင်အလယ်မှာ ဇောက်ထိုးကြီးနဲ့ အောက်မှာလည်း လူတွေက အုံဖွဲ့ကြည့်နေတဲ့ အနေအထားမျိုး တွေးကြည့်ပါ…။

asian wire

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန် စီရင်စုနယ်ထဲက ဂူရှီခရိုင် ကာအိုမီယာအို မြို့ရှိ အစိုးအရရုံးတစ်ခုမှာ လူတစ်ယောက်က ဆက်သွယ်ရေးတိုင်ပေါ်ကို မူးမူးတက်သွားခဲ့ပြီး ပေ (၃၀) အမြင့်ပေါ်မှာ ခြောက်နာရီ ကြာအောင်ရှိခဲ့ပါတယ်။

READ
ကျောင်းစာမလိုက်နိုင်လို့ အဆိပ်သောက်သတ်သေသွားတဲ့ (၁၀)နှစ်အရွယ် ကျောင်းသူလေး

ဒီလူ ရှုပ်လိုက်တဲ့ ကိစ္စက မသေးပါဘူး။ ကယ်ဆယ်ရေးတွေ ရောက်လာဖို့ကို အဲ့ဒီ့အမျိုးသား လျှောက်ဝင်လာပြီး ကွန်ကရစ် ဖုန်းလိုင်း တိုင်ပေါ်ကို စပြီး မတက်ခင်ကတည်းက ခေါ်ခဲ့တာလို့လည်း သိရတယ်။

asian wire

ကယ်ဆယ်ရေးတွေကလည်း အောက်က လေသွင်း ကူရှင်းတွေ ခင်း၊ ရဲတွေကလည်း အကောင်းဆုံး ကြိုးစားပြီး အောက်ကိုဆင်းဖို့ ခေါ်ဆောင် အဲ့လိုနဲ့ ပျားပန်းခတ်နေတယ်။ အဲ့ဒီ့မှာ လှေကားအမြင့်ကြီးသယ်လာတဲ့ မီးသတ်ကားဟာ ဂိတ်ပေါက်နဲ့ မဆံ့ဖြစ်နေလို့ မြေကြီးကို တူးရဖို့ ဖြစ်လာတယ်။ အဲ့ဒါနဲ့ မြေတူးသမားတွေ၊ လမ်းလုပ်သားတွေကို ထပ်ခေါ်ပြီး မြေကြီးကို ပေ အနည်းငယ်လောက်ထပ်တူးပြီးမှ ဖုန်းတိုင်ရှိတဲ့ ၀င်းထဲ ၀င်လို့ရသွားခဲ့တယ်။ မွှေးချက်ကတော့ ကမ်းကုန်ပါပဲ….။

asian wire

နောက်ဆုံးမှာ ကယ်ဆယ်ရေးသမားတွေလည်း အမူးသမားဆီ ရောက်ရှိသွားခဲ့ကြတယ်။ အဲ့ဒီ့အချိန်မှာ ဆရာသမားက ခြေကုန်လက်ပန်းကျပြီး ဇောက်ထိုးအနေအထားနဲ့ပဲ အိပ်တောင်ပျော်နေပြီ။ အဲ့လို့အနေအထားနဲ့ ခြောက်နာရီကြာပြီးမှ သူ့ကိုကယ်ဆင်ခဲ့ကြပြီး ဆေးရုံသို့ ပိုဆောင်းပေးခဲ့ကြတယ်။

READ
ပျောက်ဆုံးနေတဲ့ချစ်သူကို (၁၂)နှစ်ကြာပြီးနောက် မက္ကဆီကိုမှာပြန်တွေ့ခဲ့
asian wire

အကြာကြီးဇောက်ထိုးဖြစ်နေခဲ့လို့ ရတဲ့ ဒဏ်ကလွဲရင် တခြား ဆိုးဆိုးဝါးဝါး ထိခိုက်မှု မရှိနိုင်ဘူးလို့ ယူဆနေကြပါတယ်။ ဒီလိုမျိုး စတန့်အတွက် အပြစ်ဒဏ်ပေးခံရ၊ မရဆိုတာကတော့ မသိရသေးပါဘူး။

asian wire

Ref: Lad Bible

Matthew (ShweMOM)
SHARE