မိုက်ကယ်ဂျက်ဆင်ရဲ့ Neverland ခြံကြီးထဲက ထူးထူးဆန်းဆန်းအရာ (၁၀)ခု

မိုက်ကယ်ဂျက်ဆင်ပိုင်တဲ့ Neverland ခြံကြီးအကြောင်းကို တော်တော်များများ ကြားဖူးကြမှာပါ။ မကြားဖူးသူတွေအတွက်လည်း ထပ်ပြောပြပါမယ်။ ပီတာပန်ဝတ္ထုထဲက ကလေးတွေကို အသက်ကြီးမလာစေတဲ့ ကောင်းကင်ပေါ်က Neverland ကျွန်းကို အစွဲပြုပြီး တည်ဆောက်ခဲ့တဲ့ မိုက်ကယ်ရဲ့ ကိုယ်ပိုင်နိဗ္ဗာန်ဘုံလေးပါ။

ဒါပေမယ့် (၂၀၀၃)ခုနှစ်မှာ မိုက်ကယ်က ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ကြောင်း အစွပ်စွဲခံခဲ့ရပြီးနောက် ၎င်းအိမ်ကြီးကို ရဲ(၇၀)ကျော် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ မိုက်ကယ်က ၎င်းအိမ်ကြီးကို စွန့်ပစ်လိုက်ပြီး အစိုးရက သိမ်းခဲ့ပါတယ်။

သူ အဲဒီ Neverland အိမ်ကြီးမှာ နေထိုင်ခဲ့စဉ်က ငွေအမြောက်အများသုံးပြီး ထူးထူးဆန်းဆန်းပစ္စည်းတွေကို စုဆောင်းခဲ့ပါတယ်။ မိုက်ကယ်ရဲ့ ထူးခြားပစ္စည်းများ စုဆောင်းမှုကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) Edward Scissorhand လက်အိတ်

Eighties Kids

Edward Scissorhand ရုပ်ရှင်ထဲက မင်းသား Johnny Depp ဝတ်ခဲ့တဲ့ ကတ်ကြေးလက်အိတ်ကို ကန်ဒေါ်လာ (၅၃၀၀)လောက်ပေးပြီး စုဆောင်းထားခဲ့တာပါ။

(၂) ကလေးအရုပ်အကြီးကြီးတွေ

The Sun

ဒစ်စနီအရုပ်တွေနဲ့ ပြည့်နေတဲ့ အခန်းတစ်ခန်းမှာ လူတွေအတိုင်း ဝတ်စုံပြည့်ဝတ်ထားပြီး အမူအရာအမျိုးမျိုးနဲ့ ရှိနေခဲ့တဲ့ ကလေးအရုပ်တွေကို (၂၀၀၃)ခုနှစ်က ဝင်ရောက်စစ်ဆေးခဲ့စဉ် တွေ့ခဲ့ရပါတယ်။

READ
ဓာတ်ပုံအရိုက်ခံစဉ် မတော်ရာတွေ ပေါ်ကုန်လို့ အရှက်ရခဲ့တဲ့ စပိန်မော်ဒယ်

(၃) ကောင်လေးနှစ်ယောက် နမ်းနေတဲ့ပုံနဲ့ တံခါးလက်ကိုင်

YouTube

အိမ်ပေါက်ဝမှာ ထူးဆန်းတဲ့ တံခါးလက်ကိုင်က အခုလိုပဲ စတင်ဆီးကြိုနေခဲ့တာပါ။

(၄) သရဖူတစ်ခု

Eighties Kids

ပေါ့ဘုရင်လို့ အမည်တွင်တဲ့ မိုက်ကယ်က သူ့ကိုယ်သူ တကယ့်ဘုရင်လို့ ခံယူထားပုံပါ။ ရွှေအစစ်နဲ့ ပြုလုပ်ထားတာမဟုတ်တဲ့အတွက် ဈေးတော့သိပ်မကြီးဘဲ ကန်ဒေါ်လာ (၁၈၀၀)တန်ဖိုးရှိပါတယ်။

(၅) ဗေဒင်ဆရာမအရုပ်

Ranker

ဒီအရုပ်ဟာ အလုပ်လုပ်လား မလုပ်လား မသိပေမယ့် မိုက်ကယ်က သူ့အရှေ့မှာထိုင်ပြီး မေးခွန်းတွေ မေးနေခဲ့ပုံတော့ ခန့်မှန်းရပါတယ်။

(၆) ကလေးတွေကို ပြုစားပြီးခေါ်သွားတဲ့ မှော်ပုလွေဆရာနေရာမှာ မိုက်ကယ်ကို ထည့်ဆွဲထားတဲ့ ပန်းချီကား

Eighties Kids

မိုက်ကယ်က ကလေးတွေကို မစော်ကားခဲ့ဖူးလို့ ငြင်းဆိုခဲ့ပေမယ့် ဒီပန်းချီကားတွေ့ရချိန်မှာတော့ သူ့စကားဟာ ယုံစရာသိပ်မကောင်းတော့ပါဘူး။ စွပ်စွဲမှုတွေကို အတည်ပြုနိုင်တာတော့ မဟုတ်ပေမယ့် ပုလွေဆရာဖြစ်ချင်ခဲ့တဲ့ သူ့စိတ်ကို ခန့်မှန်းကြည့်ပါ။

(၇) Home Alone ဇာတ်ကားထဲက ကလေးလေးရဲ့ လက်ချောင်းပန်းချီ

Eighties Kids

မိုက်ကယ်နဲ့ Home Alone ကြယ်ပွင့် Macaulay Culkin နှစ်ဦးရဲ့ ဆက်ဆံရေးက အမြဲထူးဆန်းခဲ့ပါတယ်။ မိုက်ကယ်က Culkin ကို သူ့အိမ်မှာတောင် ခေါ်သိပ်ခဲ့ပြီး မကောင်းသတင်းတွေထွက်ခဲ့ပေမယ့် Culkin ကတော့ မိုက်ကယ် သူ့ကို တစုံတရာ ထိခိုက်စေခြင်းမရှိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

READ
အမျိုးသမီးအင်္ဂါကဘက်တီးရီးယားတွေနဲ့ ထုပ်လုပ်ထားတယ်ဆိုတဲ့ဘီယာ

(၈) မိုက်ကယ်ဂျက်ဆင် စက်ရုပ်ဦးခေါင်း

Eighties Kids

ဒီစက်ရုပ်ခေါင်းဟာ ကန်ဒေါ်လာ (၂၄၀၀)တန်ဖိုးရှိပြီး မိုက်ကယ်က သူ့အိမ်မှာ သူအဲ့ဒါကို စွပ်ပြီးနေနေလားဆိုတာ စဉ်းစားစရာပါပဲ။

(၉) Batman ဝတ်စုံ

Eighties Kids

မိုက်ကယ်ဂျက်ဆင်က Batman ကို ရူးသွပ်တဲ့ ပရိသတ်အကြီးစားတစ်ဦးမှန်းသိရတာ အံ့သြစရာပါ။ (၁၉၈၉)ခုနှစ်တုန်းက ရှိုးပွဲတွေနဲ့သာ အလုပ်ရှုပ်မနေခဲ့ဘူးဆိုရင် Batman နဲ့ ပတ်သတ်တဲ့ သီချင်းတစ်ပုဒ်ပုဒ်တောင် စပ်ခဲ့နိုင်ပါတယ်။

(၁၀) မိုက်ကယ့်မျက်နှာအမူအရာတွေနဲ့ ပုံကြမ်းအရုပ်တွေ

Eighties Kids

Neverland အိမ်ကြီးထဲက အထူးဆန်းဆုံးအရာတွေတောင် ဖြစ်နိုင်ပါတယ်။ မျက်နှာပုံတစ်ခုတိုင်းမှာ ဒေါ်လာ (၆၀၀)ခန့်စီ တန်ဖိုးရှိပြီး သူသီချင်းဆိုနေစဉ်ဖြစ်ပေါ်တဲ့ မျက်နှာအမူအရာအမျိုးမျိုးကို ပုံသွင်းထားပါတယ်။

White (Shwemom)

Ref: THROWBACKS

SHARE