အရယ်လွန်သွားလို့ ပါးစပ်ပြန်ပိတ်မရ ဖြစ်ခဲ့ရတဲ့ တရုတ်အမျိုးသမီးရဲ့အဖြစ်

Daily Star / Facebook

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ အထူးအမြန်ရထားနဲ့ Guangzhou မြို့တောင်ပိုင်းဘူတာဆီကို ခရီးနှင်စဉ်မှာ ထင်မှတ်မထားတဲ့ မတော်တဆမှု ကြုံခဲ့ရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အလွန်ရယ်ဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို အူလှိုက်သည်းလှိုက် ရယ်မောခဲ့ရာက ဒုက္ခစတွေ့ခဲ့တာပါ။ အရယ်လွန်သွားပြီး မေးရိုးအံလွဲကာ ပါးစပ်ပြန်စေ့လို့ မရတော့တာပါ။

အမျိုးသမီးဟာ ပါးစပ်ဟောင်းလောင်းနဲ့ ဖြစ်သွားပြီး၊ အနီးအနားလူတွေကို အကူအညီ တောင်းခဲ့ပါတယ်။ ရထားဝန်ထမ်းတွေက ခရီးသည်တွေထဲမှာ ဆရာဝန်ပါမပါ ကြေညာမောင်းခတ်ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ ရထားပေါ်မှာ ဆရာဝန်တစ်ယောက် ပါလာခဲ့ပါတယ်။

 

ဆရာဝန်ရဲ့အမည်ကတော့ Luo Wensheng ဖြစ်ပြီး သူဟာ Guangzhou Medical University ရဲ့အုပ်ချုပ်မှုအောက်က Liwan Hospital ဆေးရုံမှာ တာဝန်ထမ်းဆောင်သူပါ။ ဒေါက်တာ Luo ဟာ ကြေညာချက်ကို ကြားပေမယ့် ရထားပေါ်မှာ တစ်ခြားဆရာဝန် ပါလာနိုင်လို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းသာ ပါလို့ ကူညီဖို့ သဘောတူညီခဲ့ပါတယ်။

READ
Pripyat တစ္ဆေမြို့ကို အနီအောက်ရောင်ခြည်သုံး ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ

သူဟာ ပါးစပ်ပိတ်မရတဲ့ လူနာအမျိုသမီးနဲ့ တွေ့ဆုံစဉ်မှာ၊ ကနဦးတုန်းက လေဖြတ်သွားလို့ အခုလိုဖြစ်တာလားဆိုပြီး သံသယဖြစ်ခဲ့ကြောင်း၊ သွေးခုန်နှုန်းကို တိုင်းတဲ့အခါ ပုံမှန်သာဖြစ်တာကြောင့်၊ မေးရိုးလွဲသွားတယ်ဆိုတာကို သဘောပေါက်ခဲ့တာပါ။

Daily Star / Facebook

ဒေါက်တာ Luo က လူနာအမျိုးသမီးကို “ ကျွန်တော်က အတွေ့အကြုံရင့်ကျက်တဲ့ ဒေါက်တာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ဘယ်လို ကုရမလဲဆိုတာ သိပါတယ် … တကယ်လို့ မစွမ်းဆောင်နိုင်ခဲ့ရင်လည်း တစ်ခြား အခွင့်အရေးတစ်ခု ရှိပါသေးတယ်လို့ ”အားပေးခဲ့ကြောင်း၊ ပထမဆုံး ကြိုးစားမှု မအောင်မြင်ခဲ့တာကြောင့် Luo က ဆေးရုံတစ်ရုံကို သွားဖို့ အကြံပြုခဲ့ပေမယ့် ရထားဝန်ထမ်းက ဆေးရုံကို ရောက်ဖို့ဆို နောက်ထပ် တစ်နာရီအထိ စောင့်ဆိုင်းရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ လူနာအမျိုးသမီးကလည်း ပါးစပ်ကြီး ပြန်စေ့မရတဲ့ဒုက္ခကို အလွန်ကြောက်ရွံ့နေပြီဖြစ်တာကြောင့် နောက်တစ်ကြိမ် ပုံမှန်ဖြစ်ဖို့ ထပ်ကြိုးစားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

READ
မွေးနေ့မတိုင်ခင် နှစ်ပတ်အလို ပွဲဦးထွက်လက်ဝှေ့ပွဲမှာ သေဆုံးခဲ့ရတဲ့လက်ဝှေ့သမား

အဲဒီအမျိးသမီးရဲ့အဆိုအရ သူမဟာ အရင်တစ်ခါကလည်း အခုလို မေးရိုးလွဲခဲ့ဖူးကြောင်း၊ ကိုယ်ဝန်ရှိစဉ်တုန်းက အော့အန်မှုဖြစ်စဉ် အခန့်မသင့်ဘဲ မေးရိုးပထမဆုံးအကြိမ် လွဲခဲ့ကြောင်းဆိုပါတယ်။ ဒါဟာ အရယ်သန်သူတွေအနေနဲ့ အခုလို တစ်ခါလောက် ဖြစ်ဖူးရင် မကြာခဏ ဒီလိုထပ်ဖြစ်နိုင်တယ်ဆိုတာ မြင်သာစေတဲ့ သက်သေတစ်ခုပါ။

Daily Star / Facebook

လင်းသုတ

SHARE