အင်တာနက်တစ်ခွင်ကို လွှမ်းမိုးသိမ်းပိုက်ထားတဲ့ ထူးခြားအိမ်မွေးတိရိစ္ဆာန်လေးများ

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ကမ္ဘာလောကကြီးကို အချစ်တွေနဲ့ လွှမ်းခြုံစေပါတယ်။ အမြီးဖွားဖွားလေးတွေ၊ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးတွေနဲ့ လူသားတွေရဲ့ နှလုံးသည်းပွတ်ကို သိမ်းယူနိုင်စွမ်းရှိတာ သူတို့လေးတွေပါပဲ။ တိရစ္ဆာန်ချစ်သူတွေဆိုတာကလည်း ကိုယ့်အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်တင် မကဘူး၊ အခြားသူတွေရဲ့ ကြောင်လေးတွေ ခွေးလေးတွေဆိုရင်လည်း ချစ်တတ်တယ် မဟုတ်ပါလား။ တချို့ကြောင်လေးတွေ၊ ခွေးလေးတွေဆိုရင် မြင်ရုံနဲ့ ချစ်စရာကောင်းလွန်းလို့ အွန်လိုင်းမှာ ကျော်ကြားတာမျိုး ရှိသလို တချို့ကျတော့လည်း သူတို့ရဲ့ ထူးခြားတဲ့ ရုပ်နေဟန်ထားကြောင့် လူသိများလာတာတွေ ရှိပါတယ်။ အောက်ဘက်မှာတော့ အင်တာနက်တစ်ခွင်မှာ follower ပေါင်း မြောက်မြားစွာနဲ့ လူချစ် လူခင်ပေါများနေတဲ့ တိရစ္ဆာန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြောင်လိမ္မာလေး အိုလီ

polite_cat_olli (Instagram)

ကြောင်လိမ္မာလေး အိုလီမှာ follower ပေါင်း (၄) သိန်းကျော် ရှိပါတယ်။ အခြားတိရိစ္ဆာန်တွေထက် အင်စတာဂရမ်ပရိသတ်တော်တော်များတဲ့ ကြောင်လေးတစ်ကောင် ဖြစ်ပါတယ်။ သူနဲ့ ပတ်သက်လို့ meme တောင် ထွက်လာခဲ့ပြီး ကိုယ်ဟာ အရမ်းကို ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ပြောဆိုသူပါလို့ ညွှန်းဆိုပါတယ်။ အိုလီရဲ့ အပြုံးက လူတစ်ယောက် ပြုံးနေသလိုမျိုးပါပဲ။ ဒါပေမယ့် တချို့ကလည်း အိုလီလေးဟာ ပြုံးယောင်သန်းနေပေမယ့် စစ်မှန်တဲ့ အပြုံးမဟုတ်ဘူးလို့တော့ ယုံကြည်နေကြပါတယ်။ အိုလီရဲ့ ပိုင်ရှင်ကတော့ အိုလီရဲ့ အပြုံးနဲ့ ပတ်သက်လို့ ရေရေရာရာ အဖြေမပေးပါဘူး။

READ
ကိုယ်သဘောကျတဲ့ ယောက်ျားလေးကို ဒါမျိုး လုံးဝသွားမလုပ်မိပါစေနဲ့

အခြေကြီးတဲ့ အဲလ်ဘတ်

pompous.albert (Instagram)

အဲလ်ဘတ်က ကြောင်တစ်ကောင်ဖြစ်နေပေမယ့် ဘယ်သူ့ကိုမှ ထီမထင်တဲ့ ရုပ်ပေါက်နေပါတယ်။ သူ့မှာတော့ follower (၂) သိန်းရှိပါတယ်။ အဲလ်ဘတ်ရဲ့ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ အပေါက်ဆိုးဆိုး မျက်နှာထားကို လူတော်တော်များများက ချစ်ကြပါတယ်။ အဲလ်ဘတ်ရဲ့ ပိုင်ရှင်ကတော့ အဲလ်ဘတ်ဟာ ပွေ့ဖက်လို့ကောင်းပြီး သဘောကောင်းတယ်လို့ ဆိုပါတယ်။

ဘာနာဘီ

barnaby_persian (Instagram)

ဘာနာဘီဟာ ကြောင်တစ်ကောင်ဖြစ်ပြီး သူ့ရဲ့ စုတ်ဖွားဖြစ်နေတဲ့ လည်ဆံမွှေးက အိပ်ရာက ခုမှထလာတဲ့ အတိုင်းပါပဲ။ ဘယ်တော့မဆို ကြည့်လိုက်တိုင်း အိပ်ချင်မူးတူးဖြစ်နေပုံရတဲ့ ဘာနာဘီပါ။ သူ့မှာတော့ follower (၁) သိန်းခွဲကျော် ရှိပါတယ်။ ဘာနာဘီရဲ့ ပေ့ခ်ျမှာတော့ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ ကင်မရာဘက်ဆီတွေ ကြည့်နေတဲ့ ဓာတ်ပုံလေးတွေကို တွေ့ရမှာပါ။

မဒမ်မျက်ခုံးမွှေး

madame_eyebrows (Instagram)

မဒမ်မျက်ခုံးမွှေးကတော့ ခုဖော်ပြထားတဲ့ ထူးခြားတိရိစ္ဆာန်စာရင်းထဲမှာ အထူးခြားဆုံးဖြစ်လောက်ပါတယ်။ သူမမှာက follower (၁) သိန်းရှိပါတယ်။ ဒါပေမယ့် မဒမ်ရဲ့ ချာလီချက်ပလင်လို မျက်ခုံးမွှေးက ပရိသတ်များမယ်ဆိုလည်း များလောက်ပါတယ်။ သူမအရောင်က ခပ်မွဲမွဲပေမယ့် တကယ်တမ်းတော့ ပျော်ရွှင်တတ်တဲ့ ခွေးမလေးပါလို့ သိရပါတယ်။

READ
ဘီယာပုလင်းအဖုံးကို ဖောက်တံမရှိရင် ဘယ်လိုအရာတွေနဲ့ ဖောက်နိုင်မလဲ

ယိုရီကိုကိုရို

yorikokoro (Instagram)

ယိုရီကိုကိုရိုဟာ သိုးမဟုတ်တဲ့ ခွေးလေးတစ်ကောင်ပါ။ အမွှေးဖွားဖွားလေးနဲ့ လုံးကစ်ကစ်လေးဖြစ်တာမို့ မြင်တာနဲ့ ပွေ့ဖက်ချင်စရာကောင်းလောက်အောင် အသဲယားစရာလေးပါ။ သူမရဲ့ ချစ်စဖွယ်ပုံစံလေးကြောင့် အင်စတာဂရမ်ပေါ်မှာတော့ follower ပေါင်း (၇) သောင်းကျော်က ယိုရီကိုကိုရိုကို ၀န်းရံလျက်ရှိနေပါတယ်။

မစ္စတာဒက်ဘယ်လ်စဝေါ့သ်

mr.dubblesworth (Instagram)

မစ္စတာ ဒက်ဘယ်လ်စဝေါ့သ်ကတော့ sphinx ကြောင်ကြီးတစ်ကောင်ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ အမွှေးအမျှင် လုံးဝမရှိပါဘူး။ သူ့မှာက ကိုယ်တွင်းဇီဝဖြစ်စဉ်နဲ့ ပတ်သက်လို့ ရောဂါတစ်ခု ရှိနေပါတယ်။ ပုံမှာတွေ့တဲ့အတိုင်းဆို မစ္စတာဟာ အရမ်းဝနေတာကို တွေ့ရမှာပါ။ ခုဆိုရင်တော့ မစ္စတာဒက်ဘယ်လ်စဝေါ့သ်ရဲ့ စားသောက်နည်းစနစ်ကို သူ့သခင်တွေက ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုတစိုက် ကျွေးမွေးနေပါတယ်။ မစ္စတာဟာ အမွှေးကတုံးနဲ့ ရုပ်ဆိုးလွန်းတယ်ဆိုပြီး သူ့ကို ချစ်မယ့်သူ တစ်ယောက်မှ မရှိဘူးလို့ မထင်ပါနဲ့နော်။ မစ္စတာ ဒက်ဘယ်လ်စဝေါ့သ် အရမ်းချစ်ပြီး အရမ်းဂရုစိုက်တတ်တဲ့ သခင်ကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

လင်းလင်း (ShweMom)

Ref: shared

SHARE