သင့်တို့မသိသေးတဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းနေရာများ

ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်းနေရာတွေ ရှိနေတတ်တယ်။ ဒီနေရာတွေကို လူသိနည်းကြတာရှိသလို လူသိများတဲ့နေရာတွေလည်းရှိတယ်။ တချို့ ထူးထူးဆန်းဆန်းနေရာတွေလည်း လူသိနည်းလို့ ခရီးသွားသူတွေလည်းနည်းကြတယ်။

(၁) Spotted Lake

Spotted Lake လို့ဆိုတဲ့အတိုင်း ရေအိုင်က အစက်အပြောက်တွေဖြစ်နေပါတယ်။ ဒီနေရာကတော့ British Columbia ၊ Canada မှာတည်ရှိတာပဲဖြစ်ပါတယ်။
(၂) The Giant’s Causeway

ပုံမှာကြည့်လိုက်တာနဲ့ဒီနေရာရဲ့ ကျောက်ဆောင်တွေက လူလုပ်ထားသလိုမျိုးဖြစ်နေပေမယ့် သဘာဝအတိုင်းဖြစ်နေတဲံ ကျောက်ဆောင်တွေပဲဖြစ်ပါတယ်။ ဒီနေရာကတော့ မြောက်ဘက် အိုင်ယာလန်မှာတည်ရှိတာပဲဖြစ်ပါတယ်။

(၃) Lake Hillier

ဒီနေရာရဲ့ထူးခြားချက်ကတော့ ပင်လယ်ရေတွေက ပန်းရောင်ဖြစ်တာကြောင့်ပါ။ ဒီကျွန်းကို (၁၈၀၂) ခုနှစ် ၊ အနောက်ဘက် သြစတေးလျမှာ ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။
(၄) The Tianzi mountains

ဒီနေရာရဲ့ထူးခြားချက်ကိုတော့ ပုံကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ရှိတာဖြစ်ပြီး တောအုပ်ရဲ့ပုံစံက Avatar ရုပ်ရှင်ဇာတ်ကားအတိုင်းဖြစ်နေလို့ အံ့သြရလောက်ပါတယ်။
(၅) Chocolate Hills

ဖိလစ်ပိုင်နိုင်ငံ ၊ Bohol ကျွန်းမှာ ရှိနေတဲ့ Chocolate Hills ရဲ့ တောင်ကုန်းအမြင့်တွေက ပုံမှန်လို့ထင်ရပြီး လူလုပ်ထားတဲံ တောင်ကုန်းတွေလို့ ထင်ရလောက်ပေမယ့် ဒီတောင်ကုန်းတွေက သဘာဝအတိုင်းဖြစ်နေတာပဲဖြစ်ပါတယ်။
(၆) Red Beach

အနီရောင် ကမ်းခြေလို့ နာမည်ကြီးနေတဲ့ Red Beach ကတော့ တရုတ်နိုင်ငံမှာတည်ရှိတာပဲဖြစ်ပါတယ်။
(၇) Cat Island

ဒီကျွန်းကတော့ တကယ်ကို ထူးခြားတဲ့ ဂျပန်နိုင်ငံရဲ့ ကျွန်းပဲဖြစ်ပါတယ်။ ဒီကျွန်းမှာ နေတဲ့ ဒေသခံတွေက ကြောင်တွေကိုပဲ မွေးကြသလို ကြောင်တွေက သူတို့အတွက် ကံကောင်းစေတဲ့ လာဘ်ကောင်တွေဆိုပြီး မွေးကြတာပဲဖြစ်ပါတယ်။ ဒီကျွန်းမှာ ခွေးတွေကိုတောင် တွေ့ရမှာ မဟုတ်ပါဘူး။

READ
အနာဂတ်မှာ နေရာယူလာနိုင်တဲ့ နည်းပညာသုံး အစားအစောအသစ်အဆန်း ၅ မျိုး

Hannwe Soe

SHARE