အပျော်မယ်တသိုက်နဲ့ ပျော်ပါးခဲ့မိလို့ တာဝန်က ရပ်စဲခံခဲ့ရတဲ့ ရေငုပ်သဘောင်္ကပ္ပတိန်

ယူအက်စ် နေဗီကွန်မန်ဒါ တစ်ယောက်ဟာ ပြီးခဲ့တဲ့ နွေရာသီ ဖိလစ်ပိုင်နိုင်ငံမှာ ကမ်းကပ်တုန်း အခကြေးငွေပေးပြီး အပျော်မယ်တွေနဲ့ နေခဲ့တာကို ၀န်းခံခဲ့ပြီးတဲ့နောက် တာဝန်မှ တရားဝင် ရပ်ဆိုင်းခံလိုက်ရပါတယ်။

ကပ္ပတိန် Travis Zettel ကို USS Bremerton ရေငုပ်သဘောင်္ကို ဆက်လက် ဦးဆောင်အမိန့်ပေးဖို့ အတွက် ရှိရမယ့် အရည်အသွေးနဲ့ မကိုက်ညီဘူးလို့ ယူဆပြီးတော့ တာဝန်က ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

Kitsap Sun

ဒီအဖြစ်အပျက်က သဘောင်္ဟာ Subic ပင်လယ်ဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့တဲ့ (၂၀၁၈)ခုနှစ် မတ်လ (၁) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ၀ါရှင်တန်ပြည်နယ်ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Kitsap Sun ရဲ့ ဖော်ပြချက်အရသိရပါတယ်။ Zettel ဟာ တခြား သဘောင်္သားတစ်ယောက်နဲ့ အတူ ဟိုတယ်ရေကူးကန်မှာ ရှိနေစဉ် အမျိုးသမီး (၁၀) ယောက်ကို ခေါ်ပေးဖို့ ပြောခဲ့ကြောင်း၊ အဲ့ဒီ့နောက် ညစာ စားချိန်မှာလည်း မပေါ့်တပေါ် ၀တ်စားထားတဲ့ အမျိုးသမီး (၁၀) ယောက်နဲ့အတူ ဟိုတယ်ရဲ့ အ၀င်ပေါက်နားမှာ တွေ့ရကြောင်းစတဲ့ သက်သေတွေ အထင်အရှားရှိခဲ့ပါတယ်။

READ
ဘီဘာရဲ့ဖျော်ဖြေပွဲမှာ လူမဆန်စွာအကြမ်းဖက်ဗုံးခွဲဖို့ ကြံစည်ခဲ့တဲ့ ဆယ်ကျော်သက်

အမည်ဖော်ပြထားခြင်းမရှိတဲ့ နောက် သဘောင်္သားတစ်ယောက်ကတော့  ဒေသခံ အမျိုးသမီး (၃) ယောက်နဲ့အတူ ပွေ့ဖက် လျှောက်လည်နေတာပြီးကို သူ့ရဲ့တပ်က တပ်သားတွေကပဲတွေ့ခဲ့ကြပါတယ်။

US Navy

ပြစ်မှုကိုတော့ ပြီးခဲ့တဲ့နှစ် မေလ သဘောင်္ Bremerton ကို ပြန်ဒေါက်တင်တဲ့အချိန်မှာ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ Zettel ဟာ အပျော်ရှာဖို့အတွက် အမျိုးသမီးတွေကို အခကြေးငွေပေးတဲ့ ခံဝန်ချက်နဲ့ NCIS ရဲ့ စွဲချက်တင်တာကို ရင်ဆိုင်ခဲ့ရပါတယ်။ သူနဲ့အတူပါတဲ့ နောက် သဘောင်္သားတစ်ယောက်ကတော့ ပြည့်တန်ဆာမှုမှာ မပါဝင်ခဲ့ဘူးလို့ သိရတယ်။ အဲ့ဒီ သဘောင်္သားက ရှေ့နေခေါ်ခဲ့ပြီး တာဝန် စည်းကမ်းနဲ့ မကိုက်ညီတာ ဘာမှ မလုပ်ခဲ့ကြောင်း ရှင်းလင်းခဲ့တယ်လို့ ဖော်ပြချက်များမှာ တွေ့ရတယ်။

PA

Zettle ကတော့ ပြီးခဲ့နှစ် သြဂုတ်လမှာ သူ့ရဲ့ ရာထူးကနေ တရားဝင်ရပ်ဆိုင်းခံခဲ့ရပါတယ်။ သူက (၂၀၁၆) ခုနှစ် သြဂုတ်လကမှ USS Bremerton မှာ ကွန်မန်ဒါ (သဘောင်္ကပ္ပတိန်) ဖြစ်လာခဲ့တာပါ။ အခုသူ့ကို Naval Base Kitsap-Bangor-based Submarine Squadron 19 မှာ တပ်မှူးအဖြစ် ရာထူးပြန်ချထားကြောင်း အမေရိကန် Navy ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

READ
မယားကြီးနဲ့ ကွာရှင်းဖို့အချိန်ဆွဲနေခဲ့တဲ့ ယောက်ျားကို သေနတ်နဲ့ပစ်ခဲ့တဲ့ ချစ်သူအမျိုးသမီး

Ref: Lad Bible, USAToday

Matthew (ShweMOM)

 

SHARE