ဗြိတိန်တော်ဝင်မိသားစုဝင်တွေရဲ့ ထူးဆန်းတဲ့မင်္ဂလာပွဲဓလေ့များ

ဗြိတိန်တော်ဝင် မိသားစုဝင်တွေ ကြင်ယာဖက်နဲ့ လက်ထပ်ပွဲဆင်နွှဲတဲ့အခါမှာ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အများနဲ့မတူညီတဲ့ လက်ထပ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ အခုလည်း မကြာမီမှာ အမေရိကန် မင်းသမီးချော Meghan Markle နဲ့ လက်ထပ်ဖို့ ရှိနေတဲ့ မင်းသားဟယ်ရီလည်း သူသဘောအကျဆုံးဝတ်စုံနဲ့ လက်ထပ်ပွဲဆင်နွှဲဖို့ ရှိနေတယ်လို့ ဆိုရမှာပါ။

Meghan Markle ဟာ တစ်ခုလပ်မလေးဖြစ်ပြီး၊ နိုင်ငံရပ်ခြားသူဖြစ်နေတဲ့အတွက် မင်းသာဟယ်ရီအနေနဲ့ သူ့ကို လက်ထပ်ပါက တော်ဝင်နန်းစည်းစိမ်ကို စွန့်လွှတ်ရဖို့ သေချာသလောက်ပါပဲ။ မင်းသားဟယ်ရီကိုယ်တိုင်က ဒီလို အခြေအနေတွေကို ကြိုတွေးပြီးသားမို့ နန်းစည်းစိမ်ကို မက်မောမှုမရှိဘူးလို့ ဆိုရမှာပါ။

တော်ဝင်မိသားစုရဲ့ ကိန်းကြီးခန်းကြီးနိုင်တဲ့ အမူအကျင့်ကနေ ခွဲထွက်လာတဲ့ မင်းသားဟယ်ရီကတော့ ဘယ်လိုပုံစံနဲ့ လက်ထပ်ပွဲဆင်နွှဲမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အောက်မှာတော့ တော်ဝင်မိသားစုဝင်တွေရဲ့ မင်္ဂလာအခမ်းအနားဓလေ့တွေကို စုစည်းဖော်ပြထားပါတယ်။

(၁) သတို့သားရဲ့ လက်ထပ်ဝတ်စုံ

PA

မင်းသားဝီလျံရဲ့ လက်ထပ်ဝတ်စုံကို အားလုံးမြင်ဖူးခဲ့ကြမှာပါ။ သူဟာ အနီရောင်အိုင်ယာလန်လုံခြုံရေး စစ်ဝတ်စုံမှာ သူရဲ့ ဗိုလ်မှူးကြီးရာထူးကို ဖော်ပြထားတဲ့ ရွှေရောင်ကြယ်ပွင့်လေးတွေနဲ့ စီခြယ်ပြီး မင်္ဂလာပွဲကို ဂုဏ်ယူစွာဆင်နွှဲခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်တုန်းက ခမည်းတော် မင်းသားကြီး ချားလ်စ်ဟာ မင်းသမီးဒိုင်ယာနာနဲ့ လက်ထပ်စဉ်မှာ သူရဲ့ ရေတပ်ဒုတိယဗိုလ်မှူးကြီး ဝတ်စုံကို ဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။ ဒါတွေကို ထောက်ရှုပြီး မင်းသားဟယ်ရီလည်း စစ်ဘက်ဆိုင်ရာဝတ်စုံကိုသာ ဝတ်ဆင်ပြီး၊ လက်ထပ်ပွဲဆင်နွှဲနိုင်ချေရှိတယ်လို့ ယူဆရမှာပါ။

READ
မြွေတွေက နှိပ်နယ်ပေးမယ့် အစ္စရေးနိုင်ငံက မြွေSpa

(၂) လက်ထပ်ပွဲအစီအစဉ်

Hulton Royals Collection

များသောအားဖြင့်တော့ ဘယ်မင်္ဂလာပွဲကမှ သူတို့မင်္ဂလာဆောင်ရဲ့ အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒါပေမယ့် တော်ဝင်မိသားစုဝင်တွေကတော့ မင်္ဂလာအခမ်းအနားတွေ ဆင်နွှဲတဲ့အခါတိုင်း ဘုရားကျောင်းဆောင်ရဲ့ ညာဘက်ခြမ်းမှာ နေရာယူလေ့ရှိကြပါတယ်။ အခုလည်း ဒီလိုဖြစ်ပါလိမ့်မယ်။

(၃) မင်္ဂလာကိတ်မုန့်

တော်ဝင်မင်္ဂလာအခမ်းအနားတွေမှာ လူတွေပြောစမှတ်ပြုစရာတစ်ခုကတော့ မင်္ဂလာကိတ်မုန့်ဖြစ်ပါတယ်။ သေချာပေါက် ဧရာမအရွယ်အစား အဖြူရောင်ကိတ်မုန့်ကြီးကို ပန်းတွေ၊ ကနုတ်တွေနဲ့ အနုစိတ်ပုံဖော်ထားလေ့ရှိပါတယ်။ ကိတ်မုန့်တွေများစွာကို စီထပ်ပြီးမှ ကျကျနနစီခြယ်အလှဆင်ထားတဲ့ ကိတ်မုန့်ကြီးပါ။

(၄) လက်ထပ်လက်စွပ်

ဗြိတိန်တော်ဝင်မိသားစုတွေရဲ့ မင်္ဂလာအခမ်းနားမှာ သတို့သားတွေက လက်စွပ်ဝတ်ဆင်ခြင်းမရှိဘဲ၊ သတို့သမီးကိုသာ လက်စွပ်ဝတ်ဆင်စေတဲ့ အစဉ်အလာရှိပါတယ်။ မင်းသားတွေဖြစ်တဲ့ မင်သားကြီး ဖီးလစ်နဲ့ ဝီလျံတို့လည်း ဒီအတိုင်းပဲ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ပြီး ဟယ်ရီလည်း ဒီအတိုင်းပဲ ဆင်နွှဲဖို့ရှိပါတယ်။ မင်သားကြီး ချားလ်စ်ကတော့ ဒိုင်ယာနာမသေဆုံးခင်အထိ လက်ထပ်လက်စွပ် ဝတ်ဆင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

READ
ကမ္ဘာပေါ်က အခမ်းနားဆုံး စာကြည့်တိုက်ကြီးများ

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE