ဂွမ်းကပ်စောင်နဲ့ ခမ်းနားစွာ လက်ထပ်ဖို့ စီစဉ်နေတဲ့ ထူးထူးဆန်းဆန်း မျိုးသမီး

လူတွေဟာ ကိုယ်နေ့စဉ် အိပ်စက်အပန်းဖြေတဲ့ အိပ်ရာလေးကို ချစ်ကြပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေအပြီးမှာ ကိုယ့်ရဲ့ အိပ်ရာလေးထဲ နွေးနွေးထွေးထွေး အနားယူရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါပေမယ့် ချစ်လွန်းလို့ ကိုယ့်ရဲ့ အိပ်ရာ၊ အိပ်ရာခင်း၊ စောင်တွေနဲ့ လက်ထပ်မလားဆိုရင် ဘယ်သူမှ လက်ထပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပါစကဲဆဲလစ်ခ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ ထူးထူးဆန်းဆန်းပဲ သူမရဲ့ ဂွမ်းကပ်စောင်ကို အရမ်းချစ်လွန်းလို့ဆိုပြီး ၄င်းဂွမ်းကပ်နဲ့ လက်ထပ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

SWNS

ပါစကဲဟာ အသက်(၄၉) နှစ်ရှိပါပြီ။ သူမဟာ သူမအနှစ်သက်ဆုံး ဂွမ်းကပ်နဲ့ လက်ထပ်မယ့် အခမ်းအနားဆီ ဘယ်သူမဆိုလာရောက်နိုင်ကြောင်း အားလုံးကို ဖိတ်ကြားထားပါတယ်။ ၄င်းဂွမ်းကပ်ဟာ သူမနဲ့ အတွင်းကျကျရင်းနှီးတဲ့ အရာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ ဆက်ဆံရေးမျိုးလည်း ရှိတယ်လို့ ပါစကဲက ဆိုပါတယ်။ သူမတို့ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ(၁၀) ရက်နေ့ ညနေ(၂) နာရီမှာ အင်္ဂလန်နိုင်ငံ ဒီဗွန်ကောင်တီက ရုဂ်ျမောင့်တ်ဥယျာဉ်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

READ
ဆီးခွက်အဖုံးကို လည်စွဲလုပ်ကာ ၀တ်လိုက်မိလို့ ပြန်ချွတ်မရတော့တဲ့ သမီးငယ်လေးရဲ့အဖြစ်
SWNS

အခမ်းအနားမှာ မင်္ဂလာကတိသစ္စာစကားကို ဖတ်ကြားမှာဖြစ်ပါတယ်။ မင်္ဂလာဝတ်စုံဒီဇိုင်းကိုတော့ ညအိပ်ဝတ်စုံနဲ့ ည၀တ်ဂါဝန်တို့နဲ့အတူ အိမ်တွင်းစီးကွင်းထိုးဖိနပ်တို့ကို သူမက ၀တ်ဆင်မှာ ဖြစ်တယ်လို့ ပါစကဲက ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ အိမ်ထောင်ဖက်ဖြစ်တဲ့ ဂွမ်းကပ်စောင်ကို ဘယ်လိုပုံမျိုးနဲ့ ပွဲထုတ်လာမလဲဆိုတာကိုတော့ ပါစကဲက မပြောပြခဲ့ပါဘူး။

SWNS

သူမက “ဒီဂွမ်းကပ်စောင်က ကျွန်မနဲ့အတူရှိနေတာ အချိန်အကြာပြီးရှိပါပြီ။ ကျွန်မနဲ့ သူ့ရဲ့ ရင်းနှီးမှုက ခိုင်မြဲပါတယ်။ သူက ကျွန်မအတွက် အမြဲတမ်းရှိပေးတယ်။ အားငယ်တဲ့အခါ ပွေ့ဖက်ပေးတယ်။ ကျွန်မက သူ့ကို ချစ်လွန်းလို့ ကျွန်မရဲ့ သူရဲ့ ပေါင်းစပ်မှုကို လူတွေရှေ့မှာ သက်သေခံချင်ပါတယ်။ ဒါကြောင့်လည်း မင်္ဂလာပွဲလုပ်မှာပါ။ ဘ၀တစ်လျှောက်လုံး ကျွန်မကို အမြဲတမ်းနှစ်သိမ့်အားပေးခဲ့တဲ့ ဂွမ်းကပ်လေးပါ။ မင်္ဂလာပွဲပါတီမှာ တေးဂီတဖျော်ဖြေမှုတွေ၊ စားစရာ သောက်စရာတွေလည်း ပါလိမ့်မယ်..” လို့ ဆိုပါတယ်။

READ
ဟော်လိုဝင်းပွဲကို ISIS ပုံစံ ဝတ်ဆင်သွားလို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရ
SWNS

မင်္ဂလာပွဲမှာ တီးဝိုင်းလည်း ပါဝင်မှာဖြစ်ပြီး မင်္ဂလာကိတ်ပါ ခွဲဦးမှာ ဖြစ်ပါတယ်။ သူမရဲ့ ဘ၀အတွက် အရေးကြီးလှတဲ့ မင်္ဂလာရက်ကို ထူးထူးခြားခြား အမှတ်တရဖြစ်စေဖို့ ပါစကဲက WooHoo Art Events ကို အကုန်စီစဉ်ခိုင်းထားပါတယ်။ ပွဲစီစဉ်သူ အန်နာကတော့ “ကျွန်မတို့ အတွက် ထူးခြားတဲ့ ပွဲလေးတစ်ပွဲပါ။ ဗယ်လင်တိုင်းဒေးကလည်း ရောက်တော့မယ်လေ။ အဲဒီနေ့မှာဆို အတွဲမရှိတဲ့ လူတော်တော်များများက စိတ်အားငယ်ကြတယ်။ ဒါကြောင့် ခုလိုပွဲလေးက တစ်နည်းတစ်ဖုံ လူတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်..” လို့ ပြောပြပါတယ်။

လင်းလင်း (ShweMom)

Ref: ladbible

SHARE