ခရီးသွားခြင်းနဲ့ ပတ်သက်လို့ တော်ဝင်ဗြိတိန်မိသားစုဝင်တွေရဲ့ထူးခြားချက်များ

instagram/theroyalfamily

ဗြိတိန်တော်ဝင်မိသားစုတွေဟာ ခရီးထွက်တော့မယ်ဆိုရင် များပြားလှတဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ကိုင်ကြရပါတယ်။ ဒီစည်းကမ်းချက်တွေဟာဆိုရင် သူတို့ရဲ့ အထုပ်အပိုး၊ အစားအသောက်နဲ့ သူတို့ယူဆောင်ရမယ့် ပစ္စည်းပစ္စယတွေ၊ ခရီးစဉ်တွင်း ဘယ်လောက်အချိန်ကြာကြာ ရှိနေရမလဲဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။ အောက်ဘက်မှာတော့ Brightside ကနေ တဆင့် တွေ့ရတဲ့ ဗြိတိန်မိသားစုတွေ ခရီးသွားတဲ့အခိုက် ကျင့်သုံးကြတဲ့ အရေးကြီးတဲ့ စည်းမျဉ်းစည်းကမ်းတွေပဲ ဖြစ်ပါတယ်။

သူတို့ခရီးစဉ်တွေဟာ တိုတောင်းပြီး ပျင်းစရာကောင်းပါတယ်

မင်းသားတွေ၊ မြို့စားတွေနဲ့ ဥပမာ ဘုရင်မကြီးတောင်မှ နေရာအမျိုးမျိုးဆီကို ခရီးထွက်ရပါတယ်။ အချိန်အများစုမှာ တော်ဝင်မိသားစုဝင်တွေဟာ အစည်းအဝေးတွေနဲ့ပဲ ကုန်ဆုံးရလေ့ ရှိပါတယ်။ မိနစ်တိုင်း မိနစ်တိုင်းဟာ သူတို့အတွက် အရေးကြီးလှပါတယ်။ ဥပမာ အစည်းအဝေးတစ်ခုကို တက်ရောက်တယ်ဆိုရင်ပဲ ဘယ်အချိန်မှာ ပွဲထဲကနေ ထွက်သင့်တယ်၊ ကားထဲ ဘယ်အချိန်မှာ အရောက်ဖြစ်သင့်တယ်ဆိုတာကိုတောင် သိကြပါတယ်။ များသောအားဖြင့် တော်ဝင်မိသားစုဝင်တွေဟာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံးနေရာတွေကို သွားမယ်ဆိုရင် အချိန် မိနစ်(၄၀) ပဲ ရကြပါတယ်။

READ
လူကို အားယုတ်သွားစေတဲ့ အပျက်စိတ် အတွေးတွေကို ဘယ်လိုရပ်တန့်ပစ်မလဲ
instagram/theroyalfamily

ဝတ်စုံဆင်တူတွေ ရှိကြပါတယ်

ဘုရင်မကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ အိန်ဂျလီနာကယ်လီဆိုရင် ဘုရင်မကြီးအတွက် တစ်ပုံစံတည်း ဆင်တူချုပ်ထားတဲ့ ၀တ်စုံ(၂) စုံကို အမြဲတမ်း ဆောင်ထားရပါတယ်။ အကြောင်းက ဘုရင်မကြီးကို ကြည့်လိုက်တိုင်း အပြစ်ပြောစရာမရှိအောင်လို့ပါ။ ဥပမာ အကြောင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ဘယ်သူမှ သတိမပြုမိခင်မှာပဲ ဘုရင်မကြီးက ၀တ်စုံလဲလှယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ၀တ်စုံတွေမှာ အစွန်းအထင်းနဲ့ အဖာအထေးတွေ၊ ချုပ်ရိုးရာတွေပေါ်နေတာကို လုံးဝ လက်မခံပါဘူး။

instagram/theroyalfamily

ကိုယ်ပိုင်သွေးအိတ် ရှိကြပါတယ်

တော်ဝင်မိသားစုတွေဟာ ၄င်းတို့ရဲ့ ကိုယ်ပိုင်သွေးအိတ်တွေကို ခရီးဆောင်အိတ်တွေထဲမှာ ဆောင်သွားကြပါတယ်။ စည်းကမ်းအရဆိုရင်တော့ အရေးပေါ်ကိစ္စတစ်ခုခုနဲ့ ကြုံတဲ့အခါ လိုအပ်တဲ့သွေးကို ချက်ခြင်းရနိုင်အောင် ဖြစ်ပါတယ်။ သွေးအိတ်ဆောင်လေ့ရှိကြတဲ့အပြင် နန်းတော်အမှုထမ်း ဆရာဝန်တစ်ဦးဟာလည်း တော်ဝင်မိသားစုဝင်တွေနဲ့ ခရီးစဉ်တွေတိုင်းမှာ အတူလိုက်ပါရပါတယ်။

အစေခံဝန်ထမ်းတွေ အများကြီး ခေါ်သွားကြတယ်

ဗြိတိန်တော်ဝင်မိသားစုတွေဟာ သူတို့ဘယ်သွားသွား အစေခံဝန်ထမ်းအမြောက်အမြားကို ခေါ်သွားကြပါတယ်။ အတွင်းရေးမှုးတွေ၊ ဆံပင်အလှပြုပြင်သူတွေ၊ ဘော်ဒီဂတ်တွေ၊ အလှ            ဖန်တီးရှင်တွေနဲ့ ကလေးထိန်းတွေကိုလည်း ခေါ်သွားလေ့ရှိပါတယ်။ ဘုရင်မကြီးမှာဆိုရင် ခရီးသွားတဲ့အခါ အကူအမှုထမ်း (၃၄) ယောက်လောက် ရှိပြီး ကိန်းဘရစ်မြို့စားကတော်မှာတော့ (၁၀) ယောက်လောက်ရှိပါတယ်။ မီဂန်နဲ့ ဟယ်ရီကတော့ အလှဖန်တီးရှင်တစ်ယောက်နဲ့ ဘာသာပြန်အနည်းငယ်ကိုသာ ခေါ်လေ့ရှိပါတယ်။

READ
အသံကျယ်ကျယ်နဲ့ စကားပြောတတ်သူတွေဟာ ကျန်းမာရေးပိုကောင်းလေ့ရှိကြောင်း သိရ
instagram/theroyalfamily

မိသားစုဝင်တိုင်းအတွက် သီးသန့်မီနူးရှိကြတယ်

နန်းတွင်းက အမှုထမ်းတွေဟာ တစ်ဖက်က တော်ဝင်မိသားစုဝင်တွေကို ဧည့်ခံကျွေးမွေးပြီး ချက်ပြုတ်ပေးမယ့် စားဖိုမှုးတွေနဲ့ အရင်ကြို ဆက်သွယ်ရပါတယ်။ ဟင်းပွဲမှာ ကြက်သွန်နီနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးသုံးတာကို ရှောင်ဖို့၊ ပင်လယ်စာနဲ့ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အစားအသောက်တွေကို ရှောင်ဖို့ ကြိုတင်ပြောပြထားရပါတယ်။ ဘုရင်မကြီးကတော့ သူမအနှစ်သက်ဆုံး ဟင်းလျာကို လျို့ဝှက်ချက်အဖြစ် ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးက သိသွားရင် ဒီဟင်းလျာပဲ သူမကို ချက်ပြုတ်ပေးနေမှာ စိုးလို့ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE