Prison Break ဆက်မရိုက်နိုင်တဲ့အကြောင်း ပြတ်ပြတ်သားသားပြောခဲ့တဲ့ Wentworth Miller

[email protected] prisonbreak

Prison Break စီးရီဇာတ်ကားမှာ Micheal Scofield အဖြစ် သရုပ်ဆောင်တဲ့ Wentworth Miller ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ မကြာခင်အချိန်မှာပဲ Season 6 အတွက် ရိုက်ကူးတော့မယ့် Prison Break စီးရီးအသစ်မှာ Wentworth Miller အနေနဲ့ Micheal Scofield အဖြစ် ဆက်လက် သရုပ်မဆောင်ချင်တော့တဲ့အကြောင်း၊ အကြောင်းအရင်းကတော့ သူဟာ Gay တစ်ယောက်ဖြစ်တာကြောင့် Straight character နေရာကို ဆက်သရုပ်ဆောင်ချင်တော့တဲ့အကြောင်းကို Shwemom မှာ ဖော်ပြခဲ့ပြီးပါပြီ။

ဒီလိုမျိုး Wentworth Miller အနေနဲ့ Micheal Scofield နေရာမှာ သရုပ်မဆောင်တော့တာကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပြီး လူတစ်ချို့က Wentworth အနေနဲ့ Gay တစ်ယောက်ဖြစ်နေတဲ့အပေါ်ကို လှောင်ပြောင်ရှုံ့ချခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Prison Break (@prisonbreak)

အသက် (၄၈) နှစ် အရွယ်ရှိပြီဖြစ်တဲ့ Wentworth ဟာ အမှန်တစ်ကယ်တော့ gay တစ်ယောက်ပဲ ဖြစ်ပါတယ်။ Micheal Scofield အဖြစ် သရုပ်မဆောင်ခင်ကတည်းက gay တစ်ယောက်ဖြစ်နေခဲ့ပေမယ့် Micheal Scofield ရဲ့ character ကို ကြိုက်နှစ်သက်တာကြောင့် Prison Break စီးရီးဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီလိုမျိုး straight character တစ်ယောက်အဖြစ် သရုပ်ဆောင်နေရတာဟာ သူ့အတွင် အင်မတန်းပင်ပန်းစေခဲ့တာကို Wentworth တစ်ယောက် သိလာခဲ့ပါတယ်။

READ
အမျိုးသမီးအတွက် ရည်ရွယ်ထုတ်ထားတဲ့ Item နဲ့တောင်မှ ဖက်ရှင်ကျနေတဲ့ Kai

 

 

View this post on Instagram

 

A post shared by Prison Break (@prisonbreak)

ဒါ့ကြောင့်လည်း မကြာခင်ရိုက်ကူးတော့မယ့် Prison Break စီးရီးဇာတ်ကားရဲ့ Season 6 မှာ Micheal Scofield အဖြစ် သရုပ်ဆောင်ဖို့ကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပရိသတ်တော်တော်များများက Prison Break စီးရီးအသစ်မှာ Micheal Scofield အနေနဲ့ gay တစ်ယောက်အဖြစ် သရုပ်ဆောင်နိုင်ဖို့ ဇာတ်ညွှန်းပြောင်းလဲမှုတွေလုပ်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။

 

 

View this post on Instagram

 

A post shared by @wentworthmiller

“ကျွန်တော့်အနေနဲ့ ကျွန်တော်ဟာ Gay တစ်ယောက် ဖြစ်ပါတယ်လို့ ဝန်ခံတဲ့အပေါ်မှာ လူတစ်ချို့က လှောင်ပြောင်ရယ်မောခဲ့ကြပါတယ်။ Gay ဆိုတာကလည်း လူသားတစ်ယောက်ပါပဲ။ နောက်ထပ်တစ်ခုပြောချင်တာက ကျွန်တော့်ပရိသတ်တော်တော်များများက Micheal Scofield ဇာတ်ရုပ်ကို ကြိုက်နှစ်သက်တာကြောင့် ကျွန်တော့ကို ဆက်သရုပ်ဆောင်နိုင်ဖို့ Prison Break စီးရီးအသစ်ရဲ့ ဇာတ်ညွှန်းကို ပြောင်းခိုင်းကြပါတယ်။ သေသေချာချာ စဉ်းစားကြည့်ပါ။ Micheal Scofield က Gay တစ်ယောက်အနေနဲ့ ဒီလို အက်ရှင်အခန်းတွေမှာ သရုပ်ဆောင်တာ လုံးဝကြည့်မကောင်းပါဘူး။ ဒီ Prison Break စီးရီးရဲ့ ဇာတ်ညွှန်းက အသက်ပါပဲ။ ဒါ့ကြောင့် ကျွန်တော် Gay အဖြစ် သရုပ်ဆောင်နိုင်ဖို့ ဇာတ်ညွှန်းပြောင်းခိုင်းတဲ့ တောင်းဆိုမှုတွေ မလုပ်ကြပါနဲ့”လို့ Wentworth Miller ဟာ သူ့ရဲ့ IG မှာ ပို့စ်တင်ခဲ့ပါတယ်။

READ
မန္တလေးအင်းဝမြို့ကို တဝကြီး လည်ပတ်ပြီး ဓါတ်ပုံတွေရိုက်ခဲ့တဲ့ စိုးပြည့်သဇင်

 

 

View this post on Instagram

 

A post shared by Prison Break (@prisonbreak)

Pyi Hein Kyaw

SHARE