သိန်းလေးထောင်နီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေအတွက် အကောင်းဆုံးသော အရာတွေကို တင်ဆက်ပေးချင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခွန်းဆင့်နေခြည်ကတော့ သူမကိုယ်တိုင် ထုတ်လုပ်သူအဖြစ်နဲ့ ” မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးကို အခြားသော နာမည်ကျော် အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးထားပါတယ်။

ဒီရုပ်ရှင်ကားကတော့ ကျားအစစ်တွေနဲ့အတူ ရိုက်ကူးထားပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ရိုက်ကူးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားကြီးကတော့ ကျားအစစ်တွေနဲ့ ရိုက်ကူးခဲ့လို့ သရုပ်ဆောင်နှစ်ယောက်လည်း ထိခိုက်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ ခွန်းဆင့်နေခြည်နဲ့ သဘာဝမင်းသားကြီး သူထူးစံတို့ကို အဓိက ဇာတ်ကောင်တွေအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာလည်း ပြင်ဆင်ရိုက်ကူးခဲ့ပေမဲ့ သူမ လိုချင်တဲ့ Skill ကို မရောက်တဲ့အတွက် ထိုင်းနိုင်ငံမှာ အစအဆုံး တစ်ခေါက် ပြန်လုပ်ခဲ့ရတယ်လို့လည်း ခွန်းဆင့်နေခြည်က အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါသေးတယ်။ ဒီဇာတ်ကားကြီးကတော့ သိန်းလေးထောင်နီးပါး အကုန်ကျခံပြီး သေလုမြောပါး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားလည်း ဖြစ်ပါတယ်။ ပင်ပင်ပန်းပန်း၊ ကြိုးကြိုးစားစားနဲ့ သည်းထိတ်ရင်ဖို ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်။

READ
အတွင်းသားတွေဖော်လွန်းတဲ့ ကိုရီးယားရိုးရာဝတ်စုံကြောင့် ဝေဖန်ခံနေရတဲ့Miss Korea 2019

Source: Were Tiger

SHARE