စင်္ကာပူမှာ နှစ်(၂၀) ပြည့်အမှတ်တရ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့တဲ့ Westlife

Instagram/westlife

(၁၉၉၀) ခုနှစ်ဝန်းကျင်မှာ မွေးဖွားသူတွေအတွက် Westlife အဖွဲ့လို့ဆိုရင် မသိသူမရှိသလောက်ပါပဲ။ Westlife ဟာ စင်္ကာပူနိုင်ငံမှာ (၂၀၁၁) ခုနှစ်တုန်းက နောက်ဆုံးဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၄) ခုနှစ်မှာ အဖွဲ့ဟာ ကွဲသွားပြီး (၂၀၁၈) ခုနှစ်မှာမှ ပြန်လည်ပေါင်းစည်းခဲ့ကြတာပါ။ ယခုနှစ် (၂၀၁၉) မှာတော့ Westlife ဟာ စင်္ကာပူကို တစ်ခေါက်ပြန်ရောက်လာခဲ့ပြီး သြဂုတ်လ(၁၀) ရက်နေ့ကပဲ စင်္ကာပူအမျိုးသားဇာတ်ရုံမှာ ဂီတဖျော်ဖြေပွဲပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူအမျိုးသားဇာတ်ရုံကြီးကတော့ Westlife အတွက် အကြီးဆုံး မိုးလုံလေလုံ ပွဲခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဖွဲ့မှာ အဓိကသီဆိုသူဖြစ်တဲ့ Shane Filan ကတော့ ကြွရောက်လာကြတဲ့ ပရိသတ်ပေါင်း (၂) သောင်းခန့်ကို ထူးထူးခြားခြားညလေးတစ်ညဖြစ်ဖို့အတွက် တာဝန်ရှိယူပါတယ်လို့ ဆိုသွားခဲ့ပါတယ်။

READ
နုရွယ်ပျိုမျစ်တဲ့အလှတွေနဲ့ ကျက်သရေရှိရှိလှလွန်းနေတဲ့ စိုးမြတ်သူဇာ

 

 

View this post on Instagram

 

Up the bleedin Dubs ! Live from Singapore Stadium 🏟 🇸🇬 🔵⚫️ @dubgaaofficial @westlife #thetwentytour2019

A post shared by Nicky Byrne (@nickybyrneinsta) on

ထိုညမှာတော့ Westlife အဖွဲ့သားတွေဟာ ပရိသတ်တွေကို အစွမ်းကုန် တက်တက်ကြွကြွနဲ့ ဖျော်ဖြေသွားခဲ့ပါတယ်။ အသက်အရွယ်ရလာတာကြောင့် နုနယ်ပျိုမြစ်တဲ့ မျက်နှာမျိုးတွေမဟုတ်ကြတော့ပေမယ့်လည်း ရင့်ကျက်လာတဲ့ သူတို့ရဲ့ ဟန်ပန်နဲ့ သီချင်းတွေအပေါ် အသံအားပြည့်ဝစွာ ပိုင်ပိုင်နိုင်နိုင် သီဆိုမှုတွေက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ဆဲပါပဲ။

READ
ရိုးရိုးရှင်းရှင်းလေးနဲ့လည်း ကြည့်မဝအောင်လှနေပြန်တဲ့ မအေးသောင်း
Instagram/westlife

Westlife ဟာ ၄င်းရဲ့ နှစ်(၂၀) ပြည့်အမှတ်တရ Twenty Tour ပွဲမှာ သူတို့ရဲ့ နာမည်ကြီးတေးသီချင်းတွေဖြစ်တဲ့ Swear It Again ၊ What About Now ၊ My Love နဲ့ When You’re Looking Like That တို့အပြင် အခြားလူကြိုက်များတဲ့ သီချင်းတွေနဲ့လည်း ဖျော်ဖြေသွားခဲ့ကြကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE