Ed Sheeranရေးပေးတဲ့ သီချင်းအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်လာတဲ့ Westlife

Westlife အဖွဲ့ကတော့ အနောက်တိုင်းမှာ အအောင်မြင်ဆုံးတစ်ခုဖြစ်ခဲ့ပြီး ယနေ့အထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။ သူတို့ကတော့ ၂၀၁၂ ခုနှစ်မှာ အဖွဲ့ကို ဖျက်သိမ်းခဲ့ပေမဲ့ ရှစ်နှစ်အကြာမှာ ပရိသတ်တွေရဲ့ ရှေ့ကို သီချင်းအသစ်နဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ ဒါ့အပြင် အဲဒီသီချင်းကိုတော့ Westlife ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်  အဆိုတော် Ed Sheeran ကရေးဖွဲ့ပေးထားတာဖြစ်ပါတယ်။

Evening Standard
RSVP

သီချင်းရဲ့ နာမည်ကတော့ “Hello My Love” ဖြစ်ပြီး  Sheeranရဲ့ သီချင်းတွေဖြစ်တဲ့ All I Am နဲ့Castle On The Hill သီချင်းနှစ်ပုဒ်ကို ပေါင်းစက်ထားတဲ့ ပုံစံမျိုးနဲ့ တူတယ်လို့လည်း ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။ Ballad သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ “Hello My Love” သီချင်းကိုတော့ Westlife ပရိသတ်တွေကလည်း အရမ်းကို သဘောကျနေကြပါတယ်။

READ
ကမ်းခြေရောက်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တဲ့ ဂန္ထဝင်
Independent.ie

အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Brian ကလည်း Westlife အဖွဲ့ရဲ့ သီချင်းအသစ်ကို အားပေးတဲ့အကြောင်းကို သူ့ရဲ့ တွစ်တာမှာရေးထားပါသေးတယ်။

Westlife ရဲ့ သီချင်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

source: dailyedge

SHARE