အသက်(၃၀) ရောက်တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲများ

Freepik

အသက်(၃၀) အရွယ်ဟာ အရာအားလုံးနေသားတကျဖြစ်လာတဲ့ အရွယ်လို့ ဆိုနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထူးထူးခြားခြား အပြောင်းအလဲတွေဖြစ်လာတဲ့အချိန်လည်း ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ သင်အသက်(၃၀) ရောက်လာတဲ့အခါ ဘာတွေများ ပြောင်းလဲသွားမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အသက်နှစ်ဆယ်နှောင်းပိုင်းရောက်လာတဲ့အခါ ခန္ဓာကိုယ်ထဲက အရိုးဖွဲ့စည်းလုပ်ဆောင်မှုတွေဟာ စတင်ယိုယွင်းစပြုလာနေပါပြီ။ ဒါကြောင့် steoporosis လို အရိုးကျိုးတဲ့ရောဂါမျိုး မခံစားချင်ဘူးဆိုရင်တော့ အခုအသက်(၃၀) ကစပြီး ကယ်လ်ဆီယမ်ပမာဏကို ပိုဂရုစိုက်စားပေးသင့်ပါပြီ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ၀ိတ်မခြင်းနဲ့ ကိုယ်ခန္ဓာရဲ့ ခုခံအားကို တိုးပွားအောင် ပြုလုပ်သင့်နေပါပြီ။

pexels

အသက်(၂၀) အရွယ်မှာတုန်းကတော့ လိင်ကိစ္စနဲ့ ပတ်သက်လာရင် စမ်းတစ်ဝါးဝါးဖြစ်ခဲ့ပေမယ့် (၃၀) ရောက်တဲ့အခါမှာတော့ လိင်မှုဘ၀အကြောင်းကို ပိုမိုနားလည်လာပါတယ်။ လေ့လာချက်တစ်ခုမှာတော့ အသက်(၂၇) နှစ်နဲ့ အသက်(၄၅) နှစ်ကြားရှိတဲ့ အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာအတွေးအခေါ်တွေ ပိုမိုဖြစ်ပွားကြောင်းလည်း သိရပါတယ်။

pexels

သုံးဆယ်ပိုင်းရောက်လာတဲ့အခါ ကိုယ်တွင်းဇီဝစနစ်ဟာ ဆယ်ကျော်သက်တုန်းကလိုမျိုးတော့ လျင်မြန်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ သင်ဟာ အသက်(၃၀)မှာ အသက်(၂၀) လောက်တုန်းကနဲ့ ယှဉ်လိုက်ရင် ကိုယ်အလေးချိန်နိုင်ခြေ လျော့နည်းသွားနိုင်ခြေရှိပါတယ်။

READ
မိန်းကလေးတွေအတွက် အရပ်ရှည်သယောင် ထင်ရစေမယ့် ၀တ်စားဆင်ယင်ပုံများ
pexels

အသက်ပိုကြီးလာတာနဲ့အမျှ ကိုယ့်အချိန်ကို ကိုယ်ပိုတန်ဖိုးထားတတ်လာပါတယ်။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ လူတွေနဲ့သာ အချိန်ဖြုန်းဖို့ ရွေးချယ်လာပါတယ်။ အသက်(၃၀) အရွယ်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြင့်ဆုံးရောက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

pexels

အသက်(၂၀) လောက်တုန်းကတော့ ညပိုင်းအရက်သောက်ပြီးတဲ့အခါ မနက်မိုးလင်းရင် အကျိုးရလဒ် ဘာမှသိပ်မဖြစ်ပါဘူး။ ပုံမှန်ပဲ မနက်လင်းတဲ့အခါ သွားနိုင် လာနိုင်ပါသေးတယ်။ ဒါပေမယ့် (၃၀) လောက်ရောက်တဲ့အခါမှာတော့ hangover ဖြစ်တဲ့အချိန်မှာ အော့အန်တာ၊ ခေါင်းမူးတာနဲ့ ခံစားရခက်လာပါပြီ။ ဒါကတစ်ခုတော့လည်း ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရင်တုန်းက ဈေးပေါပေါနဲ့ များများသောက်ရတဲ့ ယမကာတွေဟာ ကိုယ်နဲ့ မဖြစ်တော့တာမို့ ပိုပြီးအရသာကောင်းမွန်တဲ့ ယမကာတွေကို မြည်းစမ်းကြည့်ဖို့ အချိန်ရောက်လာတာလို့လည်း တချို့က ဆိုပါတယ်။

လင်းလင်း (ShweMom)

Ref: news.com.au

SHARE