What Are Those ဆိုတဲ့ meme ရဲ့ မူပိုင်ရှင် ဆိုရှယ်မီဒီယာ လူရွှင်တော် ကွယ်လွန်

လူတွေကြားထဲမှာ တော်တော်လေး အသုံးများ နှစ်သက်ခဲ့ကြတဲ့ “What are those” meme ရဲ့ တီထွင်သူ ဆိုရှယ် မီဒီယာ လူရွှင်တော် Young Busco အသက် (၃၁) နဲ့ ကွယ်လွန်သွားပါပြီ။

The Sun

Busco ရဲ့ နာမည် အရင်းက Brando Moore လို့သိရတယ်။ သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၅.၁၁.၂၀၁၈)မှာ အိပ်ပျော်လျက်နဲ့ပဲ သေဆုံးသွားတာ ဖြစ်တယ်လို့ မိသားစုနဲ့ သူငယ်ချင်းများ ပြောပြကြပါတယ်။

Instagram

ကလေး (၅) ယောက်ရဲ့ ဖခင်၊ အင်စတာဂရမ် ပရိတ်သတ် (၅၀,၀၀၀) ကျော် အခိုင်အမာရှိတဲ့ Busco ဟာ လွန်ခဲ့တဲ့ (၃) နှစ်ကျော်လောက်ကတည်းက အင်စတာဂရမ်ပေါ်မှာ ဟာသဗီဒီယိုတွေ၊ အတိုအထွာလေးတွေ တင်ခဲ့သူလည်းဖြစ်တယ်။

သူ ကွယ်လွန်ပြီးဆိုတဲ့ သတင်းကို သူ့ မိခင် Valerie Cooper ရဲ့ ကြေကွဲဖွယ် Facebook ပိုစ့်က သေချာစေခဲ့တယ်။ Busco ဟာ  (၂၀၁၅) ခုနှစ်က ရဲအရာရှိတစ်ယောက်ရဲ့ ရှုးဖိနပ်ကို ရယ်စရာအဖြစ် သရော်ပြီး ဟာသလောကထဲကို ၀င်ရောက်လာခဲ့တယ်။

View this post on Instagram

Free Myesha fast

A post shared by Snapchat @youngbusco87 (@youngbusco) on

သူရဲ့ အဲ့ဒီတုန်းက ရဲအရှိကို မေးခဲ့တဲ့ “What are those?” ဆိုတဲ့ အမေးက အခုနောက်ပိုင်း တစ်ကမ္ဘာလုံး အသုံးပြုနေတဲ့ memes တစ်ခု ဖြစ်လာတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ နောက်ထပ် ဗာရှင်းတွေထိတောင်မှ သူရဲ့ ဖန်တီးမှုက ကျယ်ပြန့်ခဲ့တယ်။

READ
ဖုန်းစတိုးဆိုင်ထဲ ဝင်လာတဲ့ ဓားပြနှစ်ဦးကို ဝိုင်ပြီးသမတဲ့ ဆိုင်ရှင်သားအဖနှစ်ဦး
The Sun

(၂၀၁၈) ခုနှစ်က ထွက်ရှိခဲ့တဲ့ Black Panther ရုပ်ရှင်မှာလည်း ထည့်သုံးတဲ့ထိ ပေါ်ပြူလာဖြစ်ခဲ့တယ်။ ရုပ်ရှင်ထဲမှာ ပါလာတဲ့အ တွက်တော့ Busco က သိပ်ပျော်ပုံမရပါဘူး။ သူဒါကို တွေ့တိုင်း စိတ်ပျက်ရကြောင်း ပြီးခဲတဲ့ မတ်လတုန်းက Huffington Post ကို ပြောပြခဲ့တယ်။

The Sun
Instagram

ဘာကြောင့် သေဆုံးရသလဲဆိုတာနဲ့ ပတ်သက်ပြီး မသိရသေးပေမယ့် မသေခင် နာရီပိုင်အလိုမှာတောင် ဆိုရှယ်မီဒီယာပေါ် သူရဲ့ နောက်ဆုံး ပျက်လုံးတင်ခဲ့ကြောင်း ပြောဆိုနေကြတာတွေလည်း တွေ့ရပါတယ်။ သူ့အတွက် ၀မ်းနည်ကြေကွဲကြောင်းတွေ၊ ဆုတောင်းတွေအများကြီး ဆိုရှယ်မီဒီယာအပေါ်မှာ လှိုင်နေအောင်ရှိခဲ့ပြီး သားဖြစ်သူရဲ့ “Best Dad” ဆိုတဲ့ အောက်မေ့ချီးမွှမ်းမှုလေးပါတွေ့ခဲ့ရပါတယ်။

the sun
the sun
the sun

သူ အင်စတာဂရမ်မှာ နောက်ဆုံး သရော်ခဲ့တာတော့ ဒေါ်လာ (၁၆၄၅) တန်ဖို့ရှိတဲ့ Masion Margiela Fusion Sneakers ကိုပါ။ သူ့အတွက် ဆုတောင်းပွဲကိုတော့ Berkeley မြို့မှာ နိုဝင်ဘာ (၃၀) ရက်နေ့ ညနေ့ (၅း၃၀) တွင် ကျင်းပခဲ့တဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်။

READ
အိုဇုန်းဓါတ်ငွေ့က ကိုရိုနာဗိုင်းရပ်စ်ကို လျော့ပါးစေနိုင်တယ်လို့ သုတေသီတွေ ပြော

Source: The Sun

Matthew (ShweMOM)
SHARE