ဘာကြောင့် မျက်ကွင်း ညိုရတာလဲ …?

မျက်ကွင်းညိုတဲ့အကြောင်းအများကြီးရှိပါတယ်။ မျက်ကွင်းညိုတဲ့ သူတိုင်း သူတို့ ဘာကြောင့် မျက်ကွင်းညိုရတာလဲဆိုတာ သေချာမသိကြပါဘူး။ အခုဖော်ပြပေးမှာကတော့ မျက်ကွင်းညိုရတာဘာကြောင့်လဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒီအဓိက အချက် (၄)ချက်ကြောင့် သင်မျက်ကွင်းညိုရတာပါ။

(၁) အိပ်ရေးပျက်ခြင်း 

အိပ်ရေးပျက်တာတွေများလာရင် သင့်မျက်နှာပေါ်က သွေးလည်ပတ်မှုတွေက နည်းလာတတ်တယ်၊ ဒီလိုကနေ မျက်ကွင်းညိုလာတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဘာလို့မျက်ကွင်းညိုရတာလဲ ဒီအချက်ကနေ သတိထားမိလာမှာပါ။ အိပ်ရေးဝနေရင်တော့ ပုံမှန်အတိုင်းဖြစ်နေပေမယ့် အိပ်ရေးပျက်လာပြီးဆို ဆိုးဆိုးရွားရွား မျက်ကွင်းတွေ ညိုလာတတ်ပါတယ်။ နောက်ပြီး ပင်ပန်းတာများလာရင် ၊ မျက်လုံးကို ပွတ်ပါများလာရင်လည်း မျက်ကွင်းညိုလာတတ်တယ်။

(၂) ရေသောက်နည်းခြင်း 

ရေသောက်နည်းတာက ခန္ဓာကိုယ့်ကို အဆိပ်အတောက်ဖြစ်လာစေနိုင်ပါတယ်။ ရေသောက်နည်းလာရင် တခြားဘေးတွေကိုပါ ဖြစ်စေနိုင်တဲ့အပြင် မျက်ကွင်းညိုလာနိုင်ပါတယ်။ ရေဓာတ်နည်းလာလေ မျက်ကွင်းညိုလာလေဖြစ်တတ်ပြီး မျက်လုံးအောက် သွေးကြောလေးတွေက ရေဓာတ်လုံလုံလောက်လောက် မရရှိလို့ပါ။

(၃) စိတ်ဖိစီးမှုများခြင်း 

သင့်စိတ်ဖိစီးနေရင် မျက်ကွင်းညိုလာတတ်တာ သတိထားမိပါသလား။ စိတ်ဖိစီးနေရင် အိပ်မပျော်တာမျိုးဖြစ်လာတတ်တယ် ၊ ဒီလိုကနေ သင့်ရဲ့ ဟော်မုန်းကို နှောက်ယှက်ဖြစ်သွားစေနိုင်တယ်။ စိတ်ဖိစီးမှုက သင့်အသားအရေကို ဖြူဖျော့လာစေပြီး သင့်မျက်လုံးအောက် သွေးကြောတွေကိုပါ ဒုက္ခပေးလာနိုင်ပါတယ်။ ဒါကြောင့် မျက်ကွင်းညိုလာတတ်ပါတယ်။

READ
ဒီနည်းအတိုင်းလုပ်ကြည့်ရင် တစ်ညတည်းနဲ့ လှပတဲ့မျက်နှာကို ရလာမှာပါ

 

(၄) အာဟာရဓာတ် မလုံလောက်ခြင်း 

သံဓာတ် ၊ B12  မလုံလောက်တာက မျက်ကွင်းညိုစေနိုင်ပါတယ်။ မျက်လုံးအောက်သွေးကြောလေးတွေမှာရှိတဲ့ တစ်ရှူးတွေအတွက် သံဓာတ် ၊ B12 တို့မလုံလောက်တာကြောင့် မျက်ကွင်းညိုရတာပါ။ ဗီတာမင် K မလုံလောက်ရင်လည်း မျက်ကွင်းညိုတာကိုဖြစ်လာစေပြီး ဗီတာမင် K ဓာတ်နည်းတာက သွေးလည်ပတ်မှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

source : stylecraze

Hannwe Soe (Shwemom)

 

SHARE