ဆရာဝန်ဆီ အမြန်ဆုံးသွားသင့်ကြောင်း သတိပေးနေတဲ့ လက်ထုံကျင်ခြင်းအကြောင်းအရင်းများ

လက်တွေ ထုံနေတာ၊ ကျင်နေတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ ဆေးတစ်ခုခုသောက်လို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တွေ ထုံနေတာ၊ ကျင်နေတာမျိုးက စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် လက်ထုံကျင်ခြင်းဟာ တစ်ခါတစ်လေမှာ ပြင်းထန်တဲ့ ရောဂါကြီးတွေနဲ့ ဆက်စပ်နေတာကို သိထားသင့်ပါတယ်။ အခုအခါမှာတော့ ဘယ်လိုရောဂါမျိုးတွေဟာ လက်ထုံကျင်နာတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လေဖြတ်ခြင်း

© Depositphotos.com

တစ်ခါတစ်ရံမှာ လက်ထုံကျင်တာဟာ အရေးပေါ်ဆေးကုသမှု လိုအပ်နေပြီလို့ ဆိုလိုပါတယ်။ ဒီအခြေအနေဟာ လေဖြတ်ခါနီးသူတွေအတွက် မှန်ကန်ပါတယ်။ ထုံကျင်တာ၊ အားနည်းတာ တွေဟာ ရုတ်တရက်ဖြစ်ပေါ်ပြီး ခန္ဓာကိုယ်တစ်ခြမ်းလုံးကို ထိခိုက်စေတာပါ။ လေဖြတ်တဲ့သူတွေဟာ ကိုယ့်လက်တစ်ဖက်ကို မ,ရာမှာတောင် အခက်အခဲ ရှိပါတယ်။ လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ပြဿနာကို စောစောစီးစီး သိလေ၊ လေဖြတ်ခြင်းကြောင့်ဖြစ်ရတဲ့ ကိုယ်အင်္ဂါမသန်မစွမ်းဖြစ်ခြင်းနဲ့ ဦးနှောက်ပျက်စီးခြင်းတို့ကို ရှောင်ရှားနိုင်လေပါပဲ။

Carpal tunnel syndrome

© Liar Liar / Universal Pictures

လက်ထုံကျင်တာနဲ့ ပတ်သက်လို့ ဆက်စပ်နေတဲ့ အခြားရောဂါတစ်မျိုးက carpal tunnel syndrome ဖြစ်ပါတယ်။ လက်မှာရှိတဲ့ အဓိကအာရုံကြောကြီးတစ်ခုဟာ ကျုံ့သွားမယ်၊ ဖိညှစ်ထားခံရမယ်ဆိုရင် လက်တွေဟာ ထုံကျင်လာပါတယ်။ Carpal tunnel syndrome ဖြစ်လာရင် လက်တွေ ထုံကျင်လာတဲ့အပြင် နာကျင်တာ၊ တဆစ်ဆစ်ဖြစ်နေတာ၊ ပူနေတာနဲ့ အားနည်းတာစတဲ့ လက္ခဏာတွေပါ တွေ့လာမှာဖြစ်ပါတယ်။ ဒီရောဂါကို စောစောစီးစီးသိရင် ကုသဖို့လွယ်ကူပြီး နောက်ကျမှ သိရင်တော့ ခွဲစိတ်ကုသဖို့ လိုမှာပါ။

READ
သင့်အသက် (၂၅)နှစ် တိုင်ခင်မှာ ထိပ်ပြောင်ပြီး ဆံပင်တွေ ကျွတ်နေရတာ ဘာကြောင့်လဲ ?

Lyme ရောဂါ

© _amber_ham_ / Instagram © I Am Number Four / DreamWorks Pictures

Lyme ရောဂါဟာ ရောဂါပိုးရှိတဲ့ မွှားကောင်တွေကနေ ကူးစက်ပြန့်နှံ့တာပါ။ အမေရိကန်တစ်နိုင်ငံထဲမှာတင် မွှားကတဆင့် ကူးစက်တဲ့ရောဂါသည် (၃၀,၀၀၀) လောက်ရှိပါတယ်။ ရောဂါဟာ လူ့အရေပြားပေါ်မှာ အနီဖုတွေဖြစ်ပြီး အဖျားတက်တာနဲ့ စတင်လက္ခဏာပြပါတယ်။ လက်တွေလည်း ထုံလာတတ်ပါတယ်။ လက်တွေ ထုံလာပြီဆိုရင်တော့ ရောဂါပိုးဝင်နေပြီလို့ သိနိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ဒီအတိုင်းထားရင် အာရုံကြောစနစ်မှာ ပြင်းထန်တဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ပြီး နှလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Raynaud’s ရောဂါ

instagram

တကယ်လို့ စာဖတ်သူဟာ အအေးဓာတ်လွန်ကဲတဲ့ အရပ်ဒေသတွေမှာ နေထိုင်ခဲ့ရင် လက်တွေ၊ နှာခေါင်းတွေက အေးလွန်းလို့ ထုံသွားတာကို ခံစားဖူးမှာပါ။ ဒီလိုအအေးလွန်ကဲတာကို အချို့သူတွေက ခံနိုင်ရည်ရှိပေမယ့် အချို့တွေကျတော့ ခံနိုင်ရည် မရှိပါဘူး။ ခံနိုင်ရည်မရှိတဲ့သူတွေဟာ Raynaud’s disorder ဝေဒနာကို ခံစားရပါတယ်။ အအေးဓာတ်လွန်ကဲတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများတာတွေကြောင့် ဒီရောဂါဖြစ်နိုင်ပါတယ်။ ရောဂါဝင်တဲ့အခါ အထူးသဖြင့် လက်ချောင်းတွေ၊ ခြေချောင်းတွေဟာ အဖြူရောက်ဘက်ကို ပြောင်းသွားပါတယ်။ ကြာလာရင် အပြာရောင်ပြောင်းသွားကာ အေးစက်ပြီး ထုံထိုင်းလာတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဟာ သွေးကောင်းကောင်း မလျှောက်တော့တာကြောင့် ဖြစ်ပါတယ်။ ကံဆိုးခဲ့ရင်တော့ အရောင်ပြောင်းသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဟာ ပုပ်သွားနိုင်တဲ့အပြင် ဖြတ်တောက်ရတဲ့အထိပါ ဖြစ်နိုင်ပါတယ်။

READ
ငှက်ပျော်သီးက ၀ိတ်တတ်စေနိုင်တာလား ၊ ၀ိတ်ကျစေနိုင်တာလား

လင်းလင်း (ShweMom)

Ref: brightside

SHARE