မိန်းကလေးတွေပြောတဲ့ ယောက်ျားလေးတွေရဲ့ ဆွဲဆောင်မှုရှိသောအရာများ

တကယ်လို့ သင်ဟာ အောက်ပါ အရည်အချင်း သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးနဲ့ ပြည့်စုံနေတဲ့ လူတစ်ယောက်သာ ဖြစ်
နေမယ်ဆိုရင် မိန်းကလေးတွေက သင့်ကို ဆွဲဆောင်မှုရှိသူ၊ နှစ်လိုဖွယ်ကောင်းသူ၊ လေးစားမြတ်နိုးအပ်သူလို့ သူတို့အ
ချင်းချင်း လက်တို့ ပြောပါလိမ့်မယ်။ အကြောင်းကတော့ မိန်းကလေးတော်တော်များများဟာ တော်ရုံယောက်ျားလောက်
ကို စကားထဲ ထည့်ပြောလေ့မရှိဘဲ အောက်မှာဖော်ပြထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဆိုရင်တော့ သူတို့ချင်းကြားထဲမှာ သတင်းအချက်အလတ် ပေါက်ကြားတာ မြန်ပါတယ်။ ဒီတော့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် မိန်းကလေးတွေက ဘယ်လိုအရာတွေကို ဆွဲဆောင်မှုလို့ သတ်မှတ်ထားသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

(၁) စိတ်လိုလက်ရ ဟာသပြောတတ်သူ

မိန်းကလေးတော်တော်များများဟာ သူတို့ကို စိတ်ပျော်အောင် ထားတဲ့ အစ်ကိုကြီးတွေ၊ မောင်လေးတွေဆိုရင် တစ်ခြားသူတွေထက် ပိုပြီး ခင်လွယ်တတ်ပါတယ်။ သင်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ သင် လေ့လာကြည့်ပါ။ ကောင်မလေးတွေတစ်ရုံးရုံးနဲ့ တဟီးဟီးတဟားဟား လုပ်နေတဲ့ ဘဲကြီးတစ်ပွေလောက်ကို အရင်လေ့လာကြည့်လိုက်ပါ။ သူ့မှာ သင်နဲ့မတူတဲ့ ဟာသပညာ ရှိတယ်ဆိုတာ သင် တွေ့ရပါလိမ့်မယ်။

READ
ယောက်ျားလေးတွေချစ်သူအပေါ်လိမ်ရသည့်အကြောင်းအရင်းများ

(၂) သဘောထားကြီးမြင့်သူ

ယောက်ျားဆိုရင် သဘောထားကြီးရမယ်လို့ သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ယောက်ျားပီသတဲ့သူတိုင်းကတော့ သဘောထားကြီးကျတယ်၊ သဘောထားကြီးဖို့ ကြိုးစားကြပါတယ်။ ဘယ်မိန်းမကမှ သူနဲ့ ယှဉ်ပြိုင်ပြီး နှုတ်လှန်
ထိုးမယ့် အမျိုးသားကို အထင်ကြီးမှာ မဟုတ်သလို၊ လေးစားမှာ မဟုတ်ပါဘူး။ သဘောထားကြီးသူဆိုရင်လည်း သူတို့က စိတ်ထဲမှာ စွဲစွဲထင်ထင် ရှိတတ်ပါတယ်။

(၃) ခွန်အားနဲ့ဉာဏ်ရည်

ခွန်အားဆိုလို့ သူများထက် နှစ်ကိုစာလောက် ၀တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗလနဲ့ ပြောရရင်တော့ ကာယဗလ၊ စာရိတ္တဗလ၊ ပညာဗလ စတဲ့ စွမ်းရည်တွေနဲ့ ပြည့်စုံနေရင်တော့ သာပြီးကောင်းမွန်တာပေါ့။ ဒီနေရာမှာ ခွန်အားဆိုတာ လောကဓံကို ကြံ့ကြံ့ခံနိုင်အား၊ အမျိုးသမီးတစ်ယောက်ကို အပြည့်အ၀ အကာအကွယ်ပေးနိုင်တဲ့ စွမ်းအား၊ အခြေ
နေအချိန်အခါကိုကြည့်ပြီး ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရည် စတဲ့အချက်တွေဟာ မိန်းကလေးတွေ အထင်ကြီး သဘောကျစရာ အချက်တွေပါဘဲ။

(၄) အားကစားလိုက်စားမှု

အားကစားလိုက်စားမှုဆိုလို့ ကောင်မလေးတွေရှေ့ နေ့တိုင်း ပြေးနေရမယ်လို့ မဆိုလိုပါဘူး။ အကင်းပါးတဲ့ ကောင်မလေးတွေက ကောင်လေးတစ်ယောက်ကို ကြည့်ရင် ဘောဒီတောင့်သလား၊ ငါ ခိုစီးတာနဲ့ ဒူးခွေကျမယ့် လူလားဆိုပြီး အရင် အကဲခက်တတ်ပါတယ်။ တနည်းပြောရရင် အားကစားလိုက်စားတဲ့သူနဲ့ မလိုက်စားတဲ့သူကို ဘော်ဒီမြင်တာနဲ့ ဆုံးဖြတ်နိုင်
တာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

READ
အရက်မူးပြီးကားမောင်းခဲ့တဲ့ သူငယ်ချင်းကို မှတ်လောက်သားလောက် ပညာပေးခဲ့သူ

(၅) မျက်နှာပြင်ပေါ်က အမွေးအမျှင်

အခု ပြောခဲ့တဲ့ အချက်တွေထဲမှာ မိန်းမချော ချောတယ်ဆိုတဲ့ အမျိုးသားတွေ မပါတာတော့ ဆောရီးဗျာ .. အမျိုးသမီးတွေ အသည်းယားဆုံး အချက်တွေထဲမှာတော့ မျက်နှာပြင်ပေါ်မှာ မုတ်ဆိတ်တွေ။ နှုတ်ခမ်းမွေးတွေပါတဲ့ ဘဲကြီးတွေလို့ ဆိုထားပါတယ်။ ဒီအမွေးတွေ မပါတာနဲ့ မိန်းမဆန်သွားပြီလားဆိုတော့ မဟုတ်ပါဘူး … တစ်ချို့က မျိုးရိုးအရ မျက်နှာပြင်မှာ အမွေးမပေါက်တာတွေလည်း ရှိပါတယ် … ဒါပေမယ့် မိန်းကလေးအများစုက စွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ထားတာကတော့ အဲဒီ အမွေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ညီလင်းထက် (Shwemom)

source : beautyandtips.com

SHARE