၁၉၉၀ နောက်ပိုင်းဖွားတွေကိုကိုယ်စားပြုတဲ့ စကားလုံးသစ် “Snowflake” ရဲ့အဓိပ္ပာယ်

pixabay

အခုတလော Twitter ပေါ် လူတစ်ယောက်ရဲ့ personality ကို ဖော်ပြရာမှာ “snowflake” ဆိုတဲ့စကားလုံး ခေတ်စားနေပါတယ်။

pixabay

Snowflake ကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ နှင်းပွင့်လေးတွေပါ။ စီးနှင်းတွေကျလာတဲ့အခါ လှလှပပနဲ့ပုံသဏ္ဍာန်ပေါင်းစုံဖြစ်ပေါ်လာတဲ့ နှင်းပွင့်ချပ်လေးတွေကို ဆိုလိုပါတယ်။ သူ့ရဲ့ဂုဏ်သတ္တိကတော့ သိပ်ကိုပါးလွှပြီး ကိုင်လိုက်တာနဲ့ ပျက်စီးသွားလောက်အောင်ကို အထိအခိုက်မခံပါဘူး။

ဒီလိုမူရင်းအဓိပ္ပာယ်ကြောင့်ပဲလားမသိ၊ လူတစ်ယောက်ကို snowflake လို့ ပြောလိုက်တာနဲ့ အဲဒီလူရဲ့စိတ်ထားလေးဟာ အရမ်းကိုပါးလွှလွန်းလို့ အထိခိုက်သိပ်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီစကားလုံးကို အသုံးပြုကြတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ဒီစကားလုံးနဲ့  လူတစ်ယောက်ရဲ့ personality ကို ဖော်ပြဖို့အတွက် အသုံးမပြုလောက်အောင် ရှားခဲ့ပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများဟာ snowflake personality ရှိတဲ့လူဆိုရင် ဘာကိုတိတိကျကျဆိုလိုတယ်ဆိုတာ မသိတတ်ကြပါဘူး။

Snowflake ဆိုတာဘာလဲ?

အဓိကကတော့ သိပ်ကိုထိရှလွယ်တဲ့ စိတ်ဓာတ်ပိုင်ရှင်မျိုးတွေကို ဆိုလိုတာပါ။ Snowflake တွေဟာ သူတို့ရဲ့ စိတ်ကူးနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အမြင်တစ်ခုကို ကြားလိုက်ရတဲ့အခါ သို့မဟုတ် ထိပ်တိုက်လာပြောတဲ့အခါမျိုးမှာ တအံ့တသြအထိတ်တလန့်ဖြစ်ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ သူတို့တွေဟာ တက္ကသိုလ်များမှစလို့ လူမှုကွန်ယက်နဲ့ ဝဘ်ဆိုက်တွေပေါ်က ဟာသတွေအဆုံး သက်ရောက်မှုရှိစေပါတယ်။

READ
အမြဲတမ်းကျန်းမာတက်ကြွနေစေဖို့ နည်းလမ်း (၆)သွယ်
pixabay

Special snowflake ဆိုတဲ့ စကားလုံးလည်းရှိပါသေးတယ်။ ဒီလိုလူတွေကတော့ စွဲလမ်းတတ်တယ်၊ အပျက်ဆီးလွယ်တယ်၊ စိတ်ပျက်စရာကောင်းပြီး ဆန့်ကျင်ဘက်အမြင်တွေကိုလည်း တော်တော်လေး လက်မခံနိုင်ကြဘူးလို့ဆိုပါတယ်။

ဒီစကားလုံးကို Oxford English Dictionary မှာ ၂၀၁၈ ခုနှစ် ဇနဝါရီလမှစကာ တရားဝင်ထည့်သွင်းမှုပြုခဲ့ပါတယ်။ US မှာတော့ ၁၉၉၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Brad Pitt ရုပ်ရှင် Fight Club မှာ စသုံးပြီးနောက်ပိုင်း လူတစ်ယောက်ကို မကောင်းတဲ့အနေနဲ့ စော်ကားမှုပြုဖို့ အသုံးပြုရာမှာ တော်တော်လေးကို ခေတ်စားလာခဲ့တာပါ။ သို့မေပယ့် ၁၉၇၀ ခုနှစ်လောက်မှာတော့ ဒီစကားလုံးကို လူမည်းတွေက လူဖြူတွေနဲ့တန်းတူနေနေတဲ့အခါ လှောင်ပြောင်တဲ့စကားအဖြစ် သုံးပြုပြီး မူးယစ်ဆေးဖြစ်တဲ့ ကိုကင်းကိုလည်း snowflake လို့ တင်စားခဲ့ကြပါတယ်။ ၁၉၆၀ တုန်းကတော့ snowflake ဆိုတာ ကျွန်စနစ်ဖျက်သိမ်းမှုကို လက်မခံသူတွေကိုလည်း ခေါ်ပါသေးတယ်။

READ
သူငယ်ချင်းနဲ့ဆက်ဆံရေးဖြတ်တောက်သင့်နေတဲ့အခြေအနေများ
pixabay

Generation snowflake

ဒါကိုတော့ပညာရှင်တွေကတော့ ၂၀၂၀ ပတ်ဝန်းကျင်လောက်မှာ အရွယ်ရောက်သူတွေနဲ့ ပိုနီးစပ်နေတယ်လို့ဆိုပါတယ်။ အခုအချိန်မှာ ဆယ်ကျော်သက်ဘဝရဲ့နောက်ဆုံးသက်တမ်း သို့မဟုတ် ၂၀ ဝန်းကျင်လူငယ်တွေကို snowflake generation လို့ အသုံးပြုနေကြပါတယ်။ သူတို့တွေဟာ ဆန့်ကျင်ဘက်အမြင်တွေ၊ ကန့်လန့်တိုကတာတွေ၊ ပြန်လည်မေးခွန်းထုတ်တာမျိုးတွေကို ကြုံရတဲ့အခါ ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပြီး ပြီးသွားတဲ့အချိန်မှာလည်း ဒီကိစ္စကိုပဲ တနုံ့နုံ့ပြန်တွေးကာ ခံပြင်းနေကြတတ်သူတွေဖြစ်တယ်၊ ကိုယ်မျှော်မှန်းထားတဲ့အရာတွေ မဖြစ်လာခဲ့ရင်လည်း ကမ္ဘာကြီးတစ်ခုလုံး ဆုံးရှုံးသွားသလိုနဲ့ အလဲလဲအပြိုပြိုဖြစ်ကာ ထိရှလွယ်တတ်သူများဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

pixabay

Source: The Sun

Penny

SHARE