လူ့အဖွဲ့အစည်းကြောင့် ဖန်တီးနိုင်စွမ်းတွေပျောက်ဆုံးရပုံကို ဖော်ပြနေတဲ့ ရုပ်ရှင်တိုလေး

© Alike Short Film / Pepe School Land

လူတွေဟာ တဖြည်းဖြည်းနဲ့ အသက်ကြီးလာပြီး လက်တွေ့ဘ၀ထဲကို ၀င်ရောက်လာတာနဲ့အမျှ ငယ်ငယ်တုန်းက ကိုယ့်ကို ပျော်ရွှင်စေခဲ့တဲ့အရာတွေကို မေ့ပစ်လိုက်ကြပါတယ်။ နှစ်တွေကြာလေလေ လူ့အဖွဲ့အစည်းဟာ ကလေးတွေရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်မီးတောက်လေးတွေကို လက်ခံပံ့ပိုးပေးရမယ့်အစား ငြိမ်းသက်ပစ်လိုက်ပါတယ်။ အောက်မှာ ဖော်ပြပေးမယ့် Alike အမည်ရတဲ့ ရုပ်ရှင်တိုလေးကတော့ လူမှူအဖွဲ့အစည်းဟာ လူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ထုံထိုင်းအောင် လုပ်ဆောင်ပေးနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ () မိနစ်တာ ရှည်လျားတဲ့ ဒီရုပ်ရှင်တိုလေးမှာ နောက်ခံစကားပြောခန်းတွေ မပါဝင်ပေမယ့်လည်း ရုပ်ရှင်တိုလေးက ပေးတဲ့ သင်ခန်းစာကတော့ ရှင်းလင်းထိမိလှပါတယ်။

ဒီရုပ်ရှင်လေးက ကလေးတွေကို သူတို့စိတ်ဝင်စားတဲ့အရာ လုပ်ခွင့်မပေးပဲ သူတို့ရဲ့စိတ်ကူးဥာဏ်ကို ဖိနှိပ်ချိုးနှိမ်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ဖော်ပြထားတာပါ။ ရုပ်ရှင်တိုလေးထဲမှာတော့ ရုပ်ရှင်ဖန်တီးသူဟာ လူတွေရဲ့ စိတ်ခံစားချက်ကိုလိုက်ပြီး အရောင်အမျိုးမျိုး သုံးနှူန်းထားပါတယ်။ ဒါ့အပြင် ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းက လူတွေရဲ့ ဘ၀အရည်အသွေးကို ဘယ်လောက်တောင် ထိခိုက်စေသလဲဆိုတာကိုပါ ဖော်ပြထားပါတယ်။ ဥပမာပြောရရင် လူရုပ်လေးတွေဟာ စိတ်မပျော်ရွှင်တဲ့အခါ အရောင်ဖျော့တော့သွားပြီး စိတ်ပျော်တဲ့အခါမှာတော့ အရောင်တွေ ပြန်တောက်လာတာကို ရုပ်ရှင်လေးထဲမှာ တွေ့မြင်ရမှာပါ။

© Alike Short Film / Pepe School Land

လူတွေဟာ ခေတ်ပေါ်လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို ပြည့်ဝစေဖို့ အလုပ်ကြိုးစားလုပ်ခြင်းထက် ကိုယ့်ကို ပျော်ရွှင်မှူပေးနိုင်တဲ့အရာသေးသေးလေးတွေပေါ်မှာ အချိန်ပိုကုန်ဆုံးခြင်းက ဘ၀ကို ပိုနေပျော်စေတယ်ဆိုတာ အခုရုပ်ရှင်တိုလေးမှာ ဖော်ပြထားပါတယ်။ ရုပ်ရှင်ထဲမှာတော့ ကလေးဟာ သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ဖခင်ဆီမှာ ပြသဖို့ ကြိုးစားတိုင်း အရေးစိုက်မခံရပါဘူး။

ဒီလိုနဲ့ ကလေးဟာ တဖြည်းဖြည်း တီထွင်ဖန်တီးတာကို ပြုလုပ်လိုစိတ်မရှိတော့ပဲ လူ့အဖွဲ့အစည်းက သတ်မှတ်တဲ့စံနှူန်းတွေအတိုင်း နေထိုင်တတ်ဖို့ ကြိုးစားလာပါတယ်။ ဖခင်အများစုလိုပဲ ရုပ်ရှင်အတိုလေးထဲမှာပါဝင်တဲ့ ဖခင်ဟာ သားဖြစ်သူကို ဘ၀ရဲ့ စစ်မှန်တဲ့တန်ဖိုး သင်ပေးဖို့ ကြိုးစားခဲ့တာပါ။ နောက်ဆုံးမှာတော့ ၄င်းဖခင်ဟာ သူကိုယ်တိုင် ဘ၀ရဲ့ပျော်ရွှင်ခြင်းအနှစ်သာရကို ဖန်တီးခဲ့တဲ့အပြင် သားဖြစ်သူကိုလည်း ဘ၀မှာ ဘယ်လိုပျော်ရွှင်မှန်ကန်စွာ နေထိုင်သင့်လဲဆိုတာ သင်ပေးခဲ့ပါတယ်။

© Alike Short Film / Pepe School Land

Alike ရုပ်ရှင်တိုလေးဟာ လူသားတွေအတွက် တန်ဖိုးရှိတဲ့အမြင်ကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ လူမှူအဖွဲ့အစည်းက ချမှတ်ထားတဲ့ လမ်းကြောင်းတွေဆိုတာ စစ်မှန်တဲ့ပျော်ရွှင်မှူကို မယူဆောင်လာနိုင်ဘူးဆိုတာပါပဲ။ လူတွေဟာ ဒီစည်းကမ်းတွေကို လိုက်နာဖို့လိုပေမယ့်လည်း တကယ်တမ်းကိုယ့်ကို ပျော်ရွှင်မှူပေးနိုင်တဲ့ တခြားအရာတွေကိုလည်း ပြုလုပ်ဖို့ မမေ့ထားသင့်ဘူးဆိုတာ ဖော်ပြနေပါတယ်။

ဒီ () မိနစ်တာကြာမြင့်တဲ့ Alike ရုပ်ရှင်တိုလေးကိုတော့ ဒယ်နီရယ်မာတီနေးနဲ့ ရာဖာကာနိုမန်းဒက်ဇ်ဆိုသူတို့က () နှစ်တာအချိန်ယူကာ ကြိုးကြိုးစားစားဖန်တီးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တိုလေးကို ဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့ လူကြီးတွေဟာ ကလေးတွေအတွက် အကောင်းဆုံးလို့ ထင်မယ့်အရာတွေကို လုပ်ပေးတတ်ကြပေမယ့်လည်း တစ်ခါတစ်လေမှာတော့ အမှားအယွင်းတွေဖြစ်တတ်တဲ့အကြောင်းကို ပုံဖော်ထားတယ်လို့လည်း brighside သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE