ခင်ပွန်းက ဂရုမစိုက်တော့လို့ စိတ်ညစ်နေရပါတယ် … ဘာလုပ်သင့်ပါသလဲ ?

Dear Shwemom, …

ကျွန်မကတော့ စစ်တွေမြို့ကပါ။ ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ အိမ်ထောင်သက် 10 နှစ်ကျော်သွားပါပြီ။ သမီးလေးတစ်
ယောက် ရှိပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်မယောက်ျားက ကျွန်မနဲ့ ခပ်ခွာခွာနေနေတာ ၆လလောက်ရှိနေပါပြီ။ ဘာဖြစ်နေတာလဲဆိုတာလည်း မပြောပြပါဘူး။ ကျွန်မနဲ့လည်း ကိုယ်လက်နှီးနှောခြင်း မရှိတာလည်း ကြာနေပါပြီ။ ကျွန်မတစ်
ယောက်ထဲ အထီးကျန်လာနေပါတယ်။ ကျွန်မဘာလုပ်သင့်ပါလဲ။

Shwemom မှ စာပြန်လိုက်ပါတယ် …

ခင်ပွန်းသည်တွေက ဇနီးသည်တွေကို ခပ်ခွာခွာနေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ နံပတ်(1) သူ မကြိုက်တာတစ်ခုခုကို ကာယကံရှင်အမျိုးသမီးက ကျူးလွန်ထားလို့၊ နံပတ် (2) အငယ်အနှောင်း တွေ့နေလို့၊ နံပတ်(3) မိသားစုနဲ့ မဆိုင်တဲ့ (ဆိုင်ချင်လဲဆိုင်မယ့်အရာကြောင့်) စိတ်အကြီးအကျယ် ထိခိုက်စရာတစ်ခုခု သူ့မှာ ရှိနေလို့ သို့မဟုတ် စိတ်ဖိအား အကြီးအကျယ် ခံစားနေရလို့-ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

READ
ကိုယ်အရူးအမူး Crush နေတဲ့ တစ်ယောက်က သိသိကြီးနဲ့ ချေနေတာကို ဘယ်လိုလုပ်ရမလဲ

ဒီတော့ အရင်ဆုံး ပြဿနာကို သိအောင်လုပ်ရပါမယ် … သူ့ကို မေးလို့ မဖြေဘူးဆိုရင် သေချာသလောက်ကတော့ သူ သင့်အပေါ်မှာ စိတ်ခုစရာ တစ်ခုခု ရှိနေတယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ ပြဿနာတွေကိုလည်း ကိုယ်တတ်နိုင်တဲ့
ဘက်က စုံစမ်းရပါမယ်။ ပြဿနာမသိဘဲနဲ့တော့ ဖြေရှင်းလို့ မရနိုင်ပါ။

သူ့မှာ အငယ်အနှောင်းရှိတယ်ဆိုရင်လည်း ပွဲမကြမ်းပါနဲ့။ ကိုယ့်ဘက်က ပြင်ပြင်ဆင်ဆင်နဲ့ သူ့ကို ဟတ်ဟတ်ပတ်ပတ်
ပြန်ပြီး စည်းရုံးဖို့ ကြိုးစားပါ။ ကိုယ့်ဘက်က အပြစ်တစ်ခုခု ကျူးလွန်ထားတယ်ဆိုရင်လည်း ရိုရိုသေသေ သူ စိတ်ကြည်
မယ့်နေ့ကို ရွေးပြီး တောင်းပန်ပါ။ သူ့မှာ စိတ်ကျဉ်းကြပ်နေတယ်ဆိုရင်လည်း ခဏလောက် လွှတ်ထားပေးလိုက်ပါ။ ဒီ
ကြားထဲမှာ သူ့အလိုကို လိုက်ပြီး ခါတိုင်းထက် နှစ်ဆလောက်တိုးပြီး ဂရုစိုက်ပါလို့ အကြံပေးချင်ပါတယ်။

READ
ချစ်သူက ခိုးပြေးဖို့တောင်းဆိုတာကို လိုက်လျှောသင့်သလား ... ?

လေးစားစွာဖြင့် …

Shwemom

SHARE