မိန်းကလေးတွေယောက်ျားလေးတစ်ယောက်ကို မြင်မြင်ချင်းသဘောကျတဲ့အရာ

မိန်းကလေးတစ်ယောက်ဟာ ယောက်ျားလေးတစ်ယောက်ကို စတင်ပြီး မြင်မြင်ချင်းမှာ ဘယ်အရာကို သဘောကျ
အထင်ကြီးလေ့ရှိပါသလဲ။ ဝတ်ထားတဲ့နာရီလား၊ စီးလာတဲ့ကားလား၊ ရုပ်ရည်လား။ ဘယ်အရာက မိန်းကလေးတွေ
ကို မြင်မြင်ချင်း သဘောကျစေတာလဲ။ အောက်မှာတော့Thoughtcatalogက မိန်းကလေး(၁၀)ယောာက်ကိုမေး
မြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ(၁၀)ယောက်ဖြေထားတာဟာ ကျွန်မတို့မိန်းကလေးများများနဲ့တိုက်ဆိုင်
ပါတယ်။ ဒါ့ကြောင့် ဒီ(၁၀)ချက်ဟာ တကယ်မိန်းကလေးတိုင်းလိုလို သဘောကျတဲ့အချက်ဖြစ်ပါတယ်။

(1) “ကျွန်မတစ်ယောက်တည်းရဲ့ အမြင်အရတော့ ယောက်ျားလေးတစ်ယောက်ဟာ ထွေထွေထူးထူးတွေမလုပ်ပဲ
ကျွန်မကိုလာမိတ်ဆက်တာကိုသဘောကျပါတယ်။ ကျွန်တော်ခင်ဗျားကို သိသလိုလိုပဲတော့။ ကျောင်းတုန်းက
သူငယ်ချင်းနဲ့တူလို့တို့ အကွက်တွေကို ကျွန်မသဘောမကျပါဘူး။ ကျွန်မက ပွင့်ပွင့်လင်းလင်း လာမိတ်ဆက်ရဲတဲ့
သူမျိုးကို ပိုသဘောကျပါတယ်။”

-Kylie

(2) “သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး သန့်သန့်ရှင်းရှင်းနေတတ်တဲ့ သူမျိုးကို ကျွန်မသဘောကျပါတယ်။ ယောက်ျား
တစ်ယောက်ဟာ ညစ်ပတ်နေရင် ကျွန်မအရမ်းရွံပါတယ်။”

-Melanie

(3) “ယောက်ျားလေးတစ်ယောက်ဟာ ယုံကြည်မှုအပြည့်နဲ့ ရှိနေရင် ကျွန်မသဘောကျပါတယ်။ ကြွားဝါတာမျိုးတော့
မဟုတ်ဘူးပေါ့။ မာန်တက်နေတာမျိုးကတော့ အမြင်ကတ်ဖို့ကောင်းပါတယ်။ ကျွန်မယောက်ျားလေးတွေကို ကိုယ့်ကိုယ်
ကို ယုံကြည်မှုရှိစေချင်ပါတယ်။”

READ
သင့်ကိုကောင်မလေးကြိုက်၊မကြိုက် သူပို့တဲ့Messageတဆင့်သိနိုင်မည့်အချက်များ

-Han Yee

(4) “ကျွန်မကို ရယ်မောအောင်လုပ်နိုင်တဲ့ ယောက်ျာလေးတွေကို သဘောကျပါတယ်။ ဒါပေမယ့် လူရွှင်တော်လိုမျိုး
လုပ်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဟာသဥာဏ်ရှိတာကို ကျွန်မအရမ်းသဘောကျပါတယ်။”

-Mollie

(5) “ကျွန်မကတော့ အားကစားလိုက်စားပြီး ကြံ့ခိုင်တဲ့ ယောက်ျားလေးတွေကို သဘောကျပါတယ်။ ယောက်ျားလေး
တစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်တာ အရမ်းSexyဖြစ်ပါတယ်။”

-Colleen

(6) “ကျွန်မကတော့ အမှန်တရားကို ချီးကျူးတတ်တဲ့ ယောက်ျားမျိုးကို သဘောကျပါတယ်။ ဟန်ဆောင်ပြီး ချီးကျူး
မြှောက်ပင့်တာမျိုးကို ကျွန်မသဘောမကျပါဘူး။ ကျွန်မပြောနေတာကို စိတ်ဝင်တစားနားထောင်ပြီး ကျွန်မတကယ်
အားသာတဲ့ အချက်တွေကို ချီးကျူးတာမျိုးကို သဘောကျပါတယ်။

— Kat

(7) “ကျွန်မကို အထင်ကြီးစေတဲ့အချက်ကတော့ ကျွန်မပြောနေတာကို အာရုံစိုက်ပြီးနားထောင်တတ်ခြင်းပါပဲ။”

—Jennifer

(8) “စကားပြောတတ်တဲ့သူမျိုးကို သဘောကျပါတယ်။ စကားတစ်ခွန်းနှစ်ခွန်းပြောအပြီးမှာ ဘာမှမပြောတတ်
တဲ့သူတွေနဲ့ ကျွန်မအဆင်မပြေပါဘူး”

READ
ကောင်မလေးတွေ ငြင်းပယ်တာခံရလေ့ရှိတဲ့ အမျိုးသားများ

-Jamie

(9) “ကျွန်မကတော့ Suitဝတ်ထားတဲ့ ယောက်ျားလေးတွေကို ပိုမိုသဘောကျမိပါတယ်။ ဒါမှမဟုတ် button
down shirtမျိုးပေါ့”

-Gemma

(10) “ကျွန်မက စကားပြောနေရင်း ကျွန်မကို သက်တောင့်သက်သာနဲ့ အရင်ကတည်းကသိနေတဲ့ ပုံစံမျိုး
စကားပြောတတ်တဲ့ ယောက်ျားလေးတွေကို သဘောကျပါတယ်။”

-Jenny

shwemom post photo

Source: thoughtcatalog

 

SHARE