Sugar Baby လေး တွေကို စပွန်ဆာ ပေးတဲ့ အမျိုးသားတွေ ကို တော့ Sugar Daddy လို့ ခေါ်ပါတယ်။ Sugar Daddy ဆိုတဲ့ မြန်မာ သီချင်း တောင် ရှိပါ သေးတယ်။ အခုနောက်ပိုင်းမှာတော့ ဒီစကားလုံးက တော်တော် လေးကို အပြောများလာပါတယ်။ Sugar Baby ဆိုတာ ကို အလုပ် တစ်ခု လို သဘော ထားပြီး လုပ်လာတဲ့ အမျိုးသမီးတွေ တောင် ရှိပါတယ်။တစ်ချို့က တော့ သူတို့ တော်တော် လေး ၀င်ငွေ ဖြောင့် တယ်ဆိုတဲ့ အ ကြောင်းကိုတောင် ဆိုရှယ်မီဒီယာ ပေါ်မှာ Post တင်ပြီး ကြွားလာ ကြပါတယ်။ Sugar Baby ဆိုတာက ဘယ်လိုမျိုးလဲ၊ဘာတွေ လုပ်ရတာ လဲ ဆိုတာကိုတော့ dailylobo ရဲ့ ဖော်ပြ ချက်ကို ပြန်လည် ကိုး ကားပြီး ဖော်ပြ ပေးလိုက်ပါတယ်။

sugar baby ဆိုတာက တော့ ချမ်းသာတဲ့ အမျိုးသားကြီး တွေ ဆီ ကေ န ငွေ ကြေး၊လက်ဆောင် ပစ္စည်းတွေ ယူပြီး တွဲ နေတာ မျိုးပါ။ဒီ့ထက် ရှင်းအောင် ပြော ရရင်တော့ စပွန်ဆာ ယူတာမျိုးပါ။ဒါပေမယ့် အရင် က တွေ့ဖူး မြင်ဖူး နေကျ သူဌေး တွေ ဆီ က နေ စပွန်ဆာ ယူကြတဲ့ ပုံမျိုးလား ဆိုရင်တော့လည်း မဟုတ်ပါဘူး။တကယ့် Professional sugar baby တွေ က အဲ့ လောက် ထိ မပေါ ပါဘူး။သူတို့က ဒီအတိုင်း Date ရုံပဲ Date ကြတာပါ။နောက်တစ်ခုက တော့ sugar baby အများ စု က ကောလိပ် ကျောင်းသူ တွေ များပါတယ်။

Money မဂ္ဂဇင်းရဲ့ စစ်တမ်းကောက်ယူချက် အရဆိုရင် တော့ sugar baby တွေ က (၂၅)၀န်းကျင်တွေ ပါ။ အသက်ကြီးပြီး စပွန်ဆာ ယူ နေတာ မျိုးကို sugar baby လို့ မခေါ်ဘူး။အသက်ငယ်ငယ် (၂၅)ပတ်ချာ လည် ၊တ က္ကသိုလ် ကျောင်းသူတွေ ကိုပဲ ခေါ် တာပါ။အ များစုက (၁၈- ၂၂)၀န်းကျင်တွေ များပါတယ် ။ကျော င်းစရိတ် မတက်နိုင်လို့ ဒါ မျိုး လုပ် ကြတာပါ။ဝဘ်ဆိုက် တွေ နဲ့ ချိတ် ဆက်ပြီး အလုပ် လုပ် ကြတာပါ။ Seeking.com ရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ အသုံးပြု သူ (၄.၂)သန်း ကျော်က တက္ကသိုလ် ကျောင်းသူ တွေ ပါ။

ဒီလို Relationship က တော့ ရှင်းပါတယ်။ငွေ တစ်ခုတည်း ကြောင့် ပတ်သက်တာ မျိုး ဖြစ်ပြီး ရေရှည် တွဲမလား၊ရေ တို လားဆိုတာက တော့ ကာယကံရှင် တွေ အပေါ် မှာ မူတည် ပါတယ်။နောက်တစ်ခုက တော့ သူတို့က ခန္ဓာကိုယ်ရင်းစား နေတဲ့ ပြည့် တန်ဆာ တွေ တော့ မဟုတ်ပါဘူး။သူတို့ ကိုလည်း အဲ့လို မျိုး မသတ်မှတ် ထားပါဘူး။သူတို့ နဲ့ တွဲရင် သူတို့ ကျောင်းစရိတ် နဲ့ တခြား လို အပ် တာ တွေ ကို Sugar Daddy ကြီးတွေ က ပံ့ပိုး ပေးတာပါ။ငယ်ငယ်လေးတွေကပဲ sugar baby လုပ်ကြတာတွေ ရှိသလို အသက် ကြီးကြီး နဲ့ sugar baby လုပ် နေကြတဲ့ သူတွေ လည်းရှိပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ သူတို့ ကိုတော့ ဘယ်သူကမှ ပြည့်တန်ဆာ လို့ မသတ်မှတ် ကြ၊လက်မခံကြပါဘူး။ ပြည့် တန်ဆာ ထက် ပို မြင့်တဲ့ တန်းတစ်ခု ထားပြီး ဆက်ဆံ ကြပါတယ်။

#SHWEMOM