ကမ္ဘာလှည့်ခရီးသွားတွေကို မှင်သက်သွားစေခဲ့တဲ့ ဂျပန်နိုင်ငံက ရထားလိုင်း

ဂျပန်နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ ရထားက အဓိက နေရာက ပါဝင်နေပါတယ်။ ဘူတာ (၅၁) ခုမှာ (၄၅) ခုလောက်က အလုပ်အများဆုံးဖြစ်နေတယ်ဆိုတဲ့ အဖြစ်တွေဟာ ဂျပန်နိုင်ငံမှာသာရှိနေပါတယ်။ နည်းပညာ တရစပ်တိုးတက်မှုတွေနဲ့ အတူ လူတွေရဲ့ နေ့စဉ်ဘ၀တွေမှာ သာသာ ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်စေဖို့လည်း စီစဉ်ပေးမှုတွေရှိနေပြီး တချို့သော အရာတွေက အတုယူဖွယ်ရာတွေ အဖြစ်တောင် ရှိနေပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံက ရထားတွေ ဘယ်လောက်အံသြဖို့ကောင်းလဲဆိုတဲ့အကြောင်းနဲ့ အတွင်းပိုင်း အနေအထားတွေ ဘယ်လိုရှိလဲ လေ့လာကြည့်ရအောင်..။

instagram

Sunrise Express ဆိုတဲ့ ရထားက ဂျပန်နိုင်ငံမှာ ညလုံးပေါက် ခုတ်မောင်းတဲ့ ရထားလိုင်းတစ်ခုဖြစ်တယ်။ အဲ့ဒီ ရထားလိုင်းမှာ Sunrise Izumo နဲ့ Sunrise Seto ဆိုပြီး ရထားလိုင်း နှစ်လိုင်းရှိတယ်။ နှစ်လိုင်းလုံးက တိုကျိုကနေ အိုကာရာမာထိ သွားပြီး အဲ့ဒီကမှတစ်ဆင့် လမ်းခွဲကာ တစ်လမ်းစီ ခုတ်မောင်းတယ်လို့ သိရပါတယ်။ Sunrise Izumo က အီဇူမိုရှိကိုသွားပြီး Seto က တာကာမတ်ဆုကိုသွားပါတယ်။ ပြီးတဲ့နောက် ပြန်ထွက်လာတော့လည်း အိုကာရာမာမှာ ပြန်ဆုံပြီး တိုကျိုကိုပြန်ဝင်ပါတယ်။

Osaka Station
instagram

ဒီ ရထားနဲ့ ခရီးထွက်ရတဲ့အခါ ဂျပန်နိုင်ငံရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ယဉ်ကျေးမှု အပြင်အဆင်တွေ၊ နေထိုင်မှုပုံစံတွေကို ခံစားရမှာဖြစ်သလို ထူးခြားတဲ့ ရေမြေ တောတောင် သဘာဝရှုခင်းတွေရဲ့ အလှကိုလည်း မြင်တွေ့ခွင့်ရမယ်လို့ ဖော်ပြချက်တစ်ချို့မှာတွေ့ရပါတယ်။ ဒီဘက်ခေတ်ရဲ့ တခြား ရထားတွေနဲ့ မတူတာက ဒီ ရထားမှာ  အတန်းအစား (၆) မျိုးရှိတာပဲဖြစ်တယ်။

READ
လေယာဉ်ပေါ်က လူတွေသိပ်သတိမထားမိတဲ့ ထူးထူးဆန်းဆန်း အရာများ
ပထမတန်း
Douglaspperkins / Wikimedia Commons

Single Delux (သို့) A class က ဇိမ်ကျကျရှိမယ့် တစ်ယောက်ခန်းဖြစ်တယ်။ စားပွဲပါတယ်၊ ကုလားထိုင်ပါတယ်၊ ဘေစင်မှာပါတယ်။ ညဆိုလည်း မီးရှိပြီးတော့ ရေဒီယို လိုင်းရတယ်၊ ဖိနပ်၊ ရေလဲဝတ်၊ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အသုံးအဆောင် အကုန်ပြင်ဆင်ပေးထားတယ်လို့ သိရတယ်။ ရေချိုချင်ရင် ဒီ အတန်းက ၀ယ်စီးတဲ့သူတွေက စိတ်ကြိုက်ချိုးနိုင်တယ်လို့ သိရတယ်။

မှန်ပြတင်းပေါက် ကျယ်ကျယ်နေ ဒေသတွင်း အလှအပတွေ ရှုစားနိုင်မယ်၊ ငြိမ့်ငြိမ့်လေးရွေးလျားနေတဲ့ ဟိုတယ်တစ်ခုလို ခံစားမှုတွေ ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်လည်း စိတ်ပူစရာမလိုပဲ အေးဆေး သက်တောင့် သက်သာနဲ့ စီးနင်းလိုက်ပါနိုင်မယ့် အတန်းဖြစ်တယ်။

ဒုတိယတန်
W0746203-1 / Wikimedia Commons

ဒီ ဒုတိယတန်းမှာတော့ Sunrise Twin, Single Twin, Single နဲ့ Solo ဆိုပြီး ခွဲခြားထားပါတယ်။ နှစ်ယောက်ခန်းတွေဖြစ်တယ်။ ပထမတန်းလောက် မကောင်းတာတော့ မဟုတ်ပါဘူး။ ဖွင့်ပိတ်လို့ ရတဲ့ မှန်ပြတင်းတွေပါပြီး လေထုအငွေ့အသက်တွေကို ရှုရှိုက်နိုင်မယ်၊ အဆင်ပြေ ကျနမှုရှိတယ်။ ဒီလို အချက်တွေကြောင့် လူတွေက ဒီအတန်းမှာ တစ်ခါလောက်တော့ အနည်းဆုံး စီးကြည့်ကျတယ်လို့ သိရပါတယ်။ ချစ်တဲ့ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အခန်းကျဉ်းလေးတစ်ခုမှာ အတူရှိရင်း ခရီးသွားနေရတဲ့ ခံစားမှုကဘယ်လိုများလဲ……?

Nobinobi

နောက်ဆုံးတန်းကတော့ Nobinobi လို့ခေါ်တဲ့ အိပ်စင်တန်းဖြစ်တယ်။ ခရီးသည် တစ်ယောက်ကို တစ်ကန့်နှုန်းနဲ့ သက်တောင့်သက်သာ အနားယူလိုက်ပါ စီးနင်နိုင်မှာဖြစ်ပြီး တစ်ဖက်တစ်ချက်မှာ မှန်ပြတင်းပေါက်တွေလည်း ပါရှိပါတယ်။

READ
"ဒါဟာမဖြစ်နိုင်ဘူး" လို့ပြောခဲ့ပေမယ့် တက်တက်စင်အောင်လွဲခဲ့တဲ့ နာမည်ကြီးတွေရဲ့စကားများ
instagram
instagram

ဒေသတွင်း အငွေ့အသက်တွေကို ခံစားရမယ့် အခွင့်အရေးတွေရှိပြီး လူအသစ်တွေနဲ့ ဆုံစည်းရမယ်။ တခြား ယဉ်ကျေးမှုတွေကို လေ့လာသိရှိခွင့်ရမယ့် အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိုလည်း အလေးထားတယ်၊ ဖိနပ် စီးခွင့်မရှိတဲ့ နေရာတွေရှိတယ်၊ အခန်းထဲကို မ၀င်ခင်မှာဆို ချွတ်ခဲ့ရတယ်။

သန့်စင်ခန်း၊ သောက်စရာ ဖျော်စက်၊ ဆေးလောက်သောက်တဲ့ နေရာ၊ ထိုင်စရာနေရာတွေလည်း ရထားထဲမှာ ပါရှိပါသေးတယ်။ မသန်စွမ်းသူတွေ အတွက်လည်း တွန်းလှည်းတွေ စီစဉ်ပေးထားတယ်။

W0746203-1 / Wikipedia Commons

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကျန်ပါသေးတယ်။ အဲ့ဒါက ရေချိုးဖို့အတွက် ကတ်ဒ် ၀ယ်သုံးရတာဖြစ်ပါတယ်။ တစ်ကတ်ဒ် ၀ယ်ထားရင် (၆) မိနစ်တိတိ ရေချိုးလို့ရပါတယ်။ သင် အသုံးပြုပြီး ခလုတ်နှိပ်လိုက်ရုံနဲ့ အလိုအလျောက် သန့်စင်တဲ့ စနစ်နဲ့ သန့်စင်သွားမှာဖြစ်တယ်။

ဒီလို ရထားမျိုး ဘ၀မှာ တစ်ခါလောက်တော့ စီးသွားဖူးချင်ပါရဲ့။

Ref: Brightside

Matthew 

 

 

 

 

SHARE