မတူညီတဲ့ နိုင်ငံတွေမှာ ကျောင်းယူနီဖောင်းတွေကို မတူညီစွာ သတ်မှတ်ထားကြပုံ

ကျောင်းဝတ်စုံဟာ အရေးပါတယ်၊ မပါဘူးဆိုတဲ့နဲ့ ဆက်စပ်လို ထင်မြင်ယူဆချက်တွေများစွာရှိပါတယ်။ အရေးပါတယ်လို့ ထင်တဲ့သူတွေက ကျောင်းဝတ်စုံဟာ ကလေးတွေကို ပိုပြီး စည်းစနစ်ကျစေတယ်၊ သာတူညီမျှမှုရှိပြီး စည်းလုံးစေတယ်၊ မိဘတွေအနေနဲ့ ကျောင်းဝတ်စုံဝယ်ဖို့နဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာမလိုတော့ဘူး စတဲ့အချက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားကြပါတယ်။ ကျောင်းဝတ်စုံ ဆင်တူဝတ်ရမယ်ဆိုတဲ့ စိတ်ကူးက တစ်ဦးချင်း ပင်ကို လက္ခဏာကို မှိန်စေတယ်၊ ပညာရေးပိုင်းမှာလည်း ထိခိုက်သက်ရောက်မှုမရှိစေဘူးဆိုတဲ့ ခံယူချက်တွေနဲ့ ကန့်ကွက်တဲ့ သူတွေလည်းရှိပါတယ်။

ဒါနဲ့ ပတ်သက်ပြီး  shwemom ကလည်း တစ်စုံတစ်ရာ ငြင်းချက်ထုတ်စရာမရှိပါဘူး။ ဒါပေမယ့် ကမ္ဘာအရပ်ရပ်က မတူညီတဲ့နိုင်ငံတွေရဲ့ ကွဲပြားတဲ့ ကျောင်းဝတ်စုံ ၀တ်ဆင်ပုံတွေကတော့ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ တကယ့်တကယ်တမ်းလည်း ယူနီဖောင်းတော်တော်များက သိပ် ခေတ်မှီပြီး သင့်တော်မှုရှိပါတယ်။ ယခုကာလဟာ ကျောင်းဖွင့်ခါနီးရာသီဖြစ်နေတဲ့အတွက်ကြောင့် အားလုံးလည်း နိုင်ငံတကာကျောင်းဝတ်စုံတွေနဲ့ ပတ်သက်လို့ ဗဟုသုတအနေနဲ့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ကြည့်ကြည့်ရအောင်ပါ….။

ဂျပန်

Wikimedia Commons

ဂျပန်နိုင်ငံက ကျောင်းသူလေးတွေရဲ့ ယူနီဖောင်းကို “Seifuku” (ဆဲအိဖုကု) လို့ခေါ်ပြီး ဂျပန် anime တွေ မန်ဂါ ရုပ်ပြစာအုပ်တွေ ကျေးဇူးနဲ့ ကမ္ဘာ့အနှံ့ ထင်ပေါ်ကျော်ကြားပါတယ်။ Sea စတိုင်လ် ဘလောက်စ်ကိုမှ ထပ်တွန့်စကတ်နဲ့ တွဲဝတ်ကြတာဖြစ်ပြီး အတန်းကြီး သက်ကြီးလာတာနဲ့ အမျှ တိုတိုလာကြပါတယ်။ Kitten heel ရှုးနဲ့ ခြေအိတ်အရှည်ကတော့ အလွန် အရေးကြီးပါတယ်။ ဆောင်းရာသီမှာတောင် ဒီလိုမျိုးပဲ ၀တ်ဆင်ကြပြီး ခြေအိတ် အိတ်ကို လျှောမကျသွားဖို့အတွက် ကောင်မလေးတွေက ကော်ကို သုံးကြတယ်လို့ သိရပါတယ်။

ဂရိတ် ဗြိတိန်

© Wikimedia Commons © simsalabimbam / reddit

အင်္ဂလန်နိုင်ငံမှာ ကျောင်းဝတ်စုံနဲ့ ပတ်သက်လာရင် အင်မတန်မှ တင်းကြပ်ပါတယ်။ ပထမဆုံး ကျောင်းဝတ်စုံက အပြာရောင် ဖြစ်ပါတယ်။ အဲ့ဒီ့အရောင်နဲ့ ကလေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျရှိအောင် သင်ကြားမယ်လို့ လက်ခံခဲ့ကြတယ်။ တကယ်တော့ အဲ့ဒီ့အထည်သားကလည်း အပေါ့ဆုံးပဲလို့ သိရတယ်။ ဒါပေမယ့် အခုဆို ကျောင်းတိုင်းလိုလို ကိုယ်ပိုင် အမှတ်တံဆိပ်၊ သင်္ကေတတွေနဲ့ ယူနီဖောင်တွေရှိနေကြပါပြီ။ ပူအိုက်တဲ့ ရာသီတွေမှာ အတိုပေးမ၀တ်တဲ့ ကျောင်းတစ်ချို့တောင်မှ ရှိပါတယ်။ အပေါ်က ပုံက ကျောင်းသားလေးတွေကတော့ ပူအိုက်တဲရာသီမှာ ကျောင်းက အတိုပေးမ၀တ်လို့ စကတ်တွေ ၀တ်ပြီး ကျောင်းကို အသံတိတ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ့လည်းပြီးရော ကျောင်းတော်တော်များများက ယင်းတို့ရဲ့ ကျောင်းယူနီဖောင်းကို ကျား-မ မခွဲတဲ့ ပုံစံတွေအဖြစ် ပြောင်းလဲလိုက်ကြပါတယ်။

ၾသစေတးလ်

Flckr

သြစတေးလျရဲ့ ပညာရေး စနစ်က ဂရိတ်ဗြိတိန်ဆီကနေ အများကြီး အမွေဆက်ခံယူထားတာပါ။ ၄င်းတို့ရဲ့ ကျောင်းဝတ်စုံဟာဆိုလည်း ဗြိတိန်နဲ့ ဆင်တူနီးနီးပါပဲ။ ဒါပေမယ့် ပိုပြီး ပေါ့ပါးတယ်၊ ရှင်းလင်းတယ်။ ပူအိုက်တဲ့ ရာသီဥတုကြောင့် ကျောင်းတိုင်းက ဆင်တူ ဦးထုပ်တွေကိုလည်း ထုတ်ပေးထားပါတယ်။

READ
အာဖရိကရဲ့ ကြယ်စုံညအောက်က တောရိုင်းတိရစ္ဆာန်တို့ရဲ့ သဘာဝအလှတရားများ

ကျူးဘား

© Photo by Adam Jones adamjones.freeservers.com © Chris Cheadle

ကျူးဘားနိုင်ငံမှာတော့ ကျောင်းဝတ်စုံတွေကတော့ အပေါ် အဖြူနဲ့ အောက် အ၀ါ၊ အပေါ်အပြာနဲ့ အောက်နက်ပြာ ပဲတွဲဝတ်ကြပါတယ်။ နောက် အပေါ် ရှပ်အဖြူ၊ အနီရောင် ဂါဝန် (သို့) ဘောင်ဘီကိုမှ လည်ပင်မှာ လက်ကိုင်ပ၀ါလေးတွေ ချည်တာလည်း ရှိပါတယ်။ အဲ့ဒါက ဆိုဗီယက်က ကျောင်းသားတွေရဲ့ ပုံစံနဲ့ သိပ်ဆင်ပါတယ်

အင်ဒိုနီးရှား

phinixs.blogspot

အင်ဒိုနီးရှားမှာတော့ ကျောင်းဝတ်စုံဟာ အတန်းနဲ့လိုက်ပြီး အရောင်ကွဲသွားပါတယ်။ အပေါ်ကတော့ ပုံသေ အဖြုရောင်ဖြစ်ပေမယ့် အောက်ကတော့ အနီ၊ နက်ပြာ (သို့) ခဲရောင် ၀တ်ကြတယ်။ ကျောင်း စာမေးပွဲကြီး ပြီးရင် ကျောင်းသားတွေဟာ သူတို့ရဲ့ ကျောင်းဝတ်စုံကို စိတ်ကြိုက်အရောင်တွေခြယ်ပြီး ပညာသင်နှစ်ကို အောင်ပွဲခံကြသလို နှုတ်ဆက်ပွဲကျင်းပလေ့ရှိကြပါတယ်။

တရုတ်

© Anna Frodesiak / Wikimedia Commons

တရုတ်နိုင်ငံက ကျောင်းသားတွေမှာတော့ ယူနီဖောင်းတွေက စုံနေအောင်ရှိကြပါတယ်။ ပိတ်ရက်အတွက်၊ ပုံမှန်နေ့အတွက်၊ နွေရာသီအတွက်နဲ့ ဆောင်းရာသီအတွက်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ ပုံမှန် ကျောင်းဝတ်စုံကတော့ မိန်းကလေးရော၊ ယောင်္ကျားလေးရော တစ်ပုံစံတည်းဖြစ်ပြီး အားကစားဝတ်စုံနဲ့ တော်တော်လေးဆင်တူပါတယ်။

ဂါနာ

© Henry Akorsu (USAID) / Wikimedia Commons

ဂါနာနိုင်ငံဟာ တခြားသော အာဖရိကနိုင်ငံတွေလိုပဲ နိုင်ငံရဲ့ ၀င်ငွေပမာဏနည်းပါးပြီး လူဦးရေ ဆင်းရဲ မွဲတေမှု မြင့်မားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်နဲ့ ကျောင်းဝတ်စုံ ၀ယ်ဖို့ဆိုတာ အခက်အခဲတစ်ခုလိုဖြစ်နေပြီး ကလေးတိုင်းလည်း ပညာသင်ကြားခွင့် မရကြပါဘူး။ ၂၀၁၀ ခုနှစ်မှာတော့ အစိုးရက မြို့နယ်တော်တော်များများဆီက ကျောင်းတွေကို အခမဲ့ ယူနီဖောင်းတွေ ဝေခဲ့ဖူးပါတယ်။

ဗီယက်နမ်

© Wikimedia Commons

ဗီယက်နိုင်ငံမှာ မူလတန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူတွေက တစ်ပုံစံတည်း ၀တ်ရပေမယ့် အထက်တန်းကျောင်းသူတွေကတော့ လူမျိုးဝတ်စုံ အဖြူရောင် ‘ao dai’ ကို ၀တ်နိုင်ကြောင်း သိရပါတယ်။ တစ်ချို့သော ကျောင်းတွေမှာတော့ အဲ့ဒီ့ ၀တ်စုံကို အထူးအခမ်းအနားတွေ၊ ပွဲလမ်းတွေမှသာ ၀တ်ခွင့်ရှိပြီး တစ်ချို့ကျောင်းတွေကတော့ နေ့တိုင်း ၀တ်ရတယ်လို့ သိရတယ်။

ဆီးရီးယား

flickr

ဆီးရီယားနိုင်ငံက ကျောင်းဝတ်စုံတွေကို ကာကီရောင်ကနေ တောက်တဲ့ အရောင်တွေဖြစ်တဲ့ အပြာ၊ ခဲ နဲ့ ပန်းရောင်တွေ အဖြစ်ပြောင်းလဲလိုက်ပါတယ်။ ဒါဟာ ရှည်ကြာလွန်းနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းစွာ ရှင်သန်နိုင်ဖို့အတွက် သင်္ကေတပြုဖော်ဆောင်တာဖြစ်ကြောင်း သိရတယ်။

READ
အသဲယားဖွယ်ရာ ကင်မရာပေါ်မှာသရဲပေါ်ခဲ့တဲ့အခိုက်အတန့်များ

ဘူတန်

flickr

ဘူတန်နိုင်ငံက ကျောင်းသားတွေကတော့ ရိုးရာ ၀တ်စုံကို ၀တ်ဆင်ကြတယ်။ ကျောင်းသူတွေရဲ့ ၀တ်စုံကို ကီရာလို့ခေါ်ပြီး ကျောင်းသားတွေရဲ့ ၀တ်စုံကိုတော့ ဂို လို့ခေါ်ပါတယ်။ ကလေးတွေ ကျောင်းတက်ရင်း ဖတ်စာအုပ်တွေ၊ ကိရိယာတွေကို အ၀တ်အစားထဲ ထည့်သယ်သွားခဲ့ရပါတယ်။ အခုတော့ လွယ်အိတ်၊ တခြား ကျောပိုးအိတ်တွေ ရှိနေပါပြီ။  အခု အ၀တ်ထဲ ထည့်သယ်သွားနေကြတဲ့ လူတစ်ချို့လည်းရှိနေပါတယ်။

တောင်ကိုရီးယား

Korean Broadcasting System

တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသားတွေက မနက်ကနေ ညအထိ ကျောင်းတက်ရပါတယ်။ အချိန်တော်တော်များများကို ကုန်ဆုံးရတာကြောင့်လည်း ကျောင်းတွေက ချစ်မှုရေးရာတွေရဲ့ အစပြုရာ ဖြစ်နေတာလည်း မဆန်းပါဘူး။ ကျောင်းတွေက ကိုယ့်ဟာကိုယ် စည်းကမ်းသတ်မှတ်ကြပြီး ဆင်တူ ကျောင်းဝတ်စုံလိုအပ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ကျောင်းဝတ်စုံတွေက ကျောင်းအပြင်မှာရော၊ ဆယ်လီတွေကြားမှာရော တော်တော်လေး ပေါ်ပြုလာဖြစ်ပါတယ်။

သီရီလင်္ကာ

 

flickr

သီရီလကာင်္မှာတော့ အဖြူရောင် ယူနီဖောင်ကို အခြေခံ သုံးစွဲပါတယ်။ ကောင်မလေးတွေက လည်စီး စည်းကြရပြီး ကော်လံတစ်ပုံ လက်တစ်မျိုး ရှပ်အဖြူကို ၀တ်ရပါတယ်။ ကောင်လေးတွေကတော့ အဖြူရောင်ရှပ်နဲ့ အပြာရောင် ဘောင်ဘီတိုကို ၀တ်ဆင်ရတယ်။ အထူးနေ့၊ အခမ်းအနားတွေမှာတော့ အဖြူရောင်အတိုကို ၀တ်ကြရပါတယ်။

ရုရှား

instagram

ရုရှားနိုင်ငံမှာ ၉၀ ပြည့်နှစ်တွေကတည်းက ကျောင်းယူနီဖောင်းတွေကို တရားဝင် ဖျက်သိမ်းခဲ့တယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်ကစပြီး ကျောင်း အုပ်ချုပ်ရေးတွေဟာ ၄င်းတို့ဖာသာ ၄င်းတို့ ကိုယ်စီ စည်းကမ်းတွေချမှတ်လာကြတယ်။ ကျောင်းတစ်ချို့က ယူနီဖောင်း ၀တ်ဖို့လိုတယ်။ တရားဝင် ထုတ်ထားတဲ့ ကျောင်းဝတ်စုံ အဖြူနဲ့ အနက်ရောင် အောက်ခံဝတ်ရတဲ့ ကျောင်းတွေလည်းရှိပါတယ်။

မြောက်ကိုရီးယား

© Black Sheep/Hiroshi Watanabe/East News

မြောက်ကိုရီးယားမှာ ကျောင်းဝတ်စုံတွေဟာ စည်းကမ်းနဲ့ ပြဌာန်းထားပြီး ကောင်မလေးတွေက ၀တ်စုံကို ၀တ်ရတယ်၊ ကောင်လေးတွေက ရှပ်နဲ့ ဘောင်းဘီရှည်ကို ၀တ်ရတယ်။ လည်ပင်မှာတော့ အားလုံးလိုလို အနီရောင် လက်ကိုင်ပ၀ါကို စည်းရပြီး ဒါဟာ မြောက်ကိုရီးယားနိုင်ငံရေးပါတီကို အားပေးတဲ့ ထောက်ခံတဲ့ သင်္ကေတဖြစ်ကြောင်းသိရပါတယ်။

အိန္ဒိယ

© East News

အိန္ဒိယနိုင်ငံက ကျောင်းတော်တော်များများမှာ ယူနီဖောင်တွေကို သတ်သတ်မှတ်မှတ်ထားကြပါတယ်။ ကောင်လေးတွေက ကြယ်သီးတပ်၊ လက်တို၊ ဘောင်ဘီတို၊ ခြေအိတ်နဲ့ အနက်ရောင် ရှုးတို့ကို စီးရပြီး ကောင်မလေးတွေက ဒူးနားထိ စကတ်ရှည်ကိုမှ ဘောင်ဘီရှည်နဲ့ ၀တ်ရပြီး ရှုးစီးကြရပါတယ်။

ref: Brightside

Matthew (ShweMOM)

SHARE