ချစ်သူနဲ့ အချင်းများတဲ့အခါ အမျိုးသားတွေ ဘယ်လိုတုန့်ပြန်သင့်လဲ …?

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယှဉ်တဲ့အခါ အထအနကောက်ပြီး စိတ်ထဲမှာ တေးမှတ်ထားတဲ့ အလေ့အကျင့်လည်း ပိုများပြီး၊ အချိန်မရွေး တစ်ခုခုကြောင့် စိတ်ကောက်နိုင်တဲ့ အလေ့အကျင့်လည်း ပိုပါတယ်။ ဒီတော့ သင်ဟာ သင့်ချစ်သူနဲ့ စကားပြောနေရင်း သူနဲ့ ဆန့်ကျင်ဘက်စကားကို ဆိုမိပါက ကြီးမားတဲ့ ငြင်းခုန်ပွဲကြီးလည်း ဖြစ်သွားနိုင်သလို၊ ရန်ပွဲတစ်ခုကိုတောင် ဦးတည်စေနိုင်ပါတယ်။ ဒီလို အခြေအနေကနေ ထိန်းသိမ်းနိုင်ဖို့အတွက် အောက်ပါ အပြောအဆိုမျိုး ရှောင်ရှားဖို့ လိုပါတယ်။

(၁) ချက်ချင်း မတောင်းပန်ပါနဲ့

တကယ်လို့ သင့်ဘက်က မှားတယ်ဆိုရင် အဲဒီစကားများတဲ့ နေရာမှာတင် ချက်ချင်း မတောင်းပန်ပါနဲ့။ ဒါဟာ သူမကို အ
ခြေအနေ ပိုဆိုးသွားစေပြီး၊ တောင်းပန်လို့ သူ့ဘက်က ပိုပြီးဆိုးဆိုးဝါးဝါး ချိုးချိုးနှိမ်နှိမ်တုန့်ပြန်တာမျိုးကိုတောင် ခံရနိုင်ပါတယ်။ ပြောလေကဲလေ မန်းလေပြဲလေ-ဆိုတဲ့ စကားပုံကို သတိရပါ။

READ
ရင့်ကျက်တဲ့အမျိုးသားတွေ လုပ်လေ့မရှိတဲ့အပြုအမူများ

(၂) ငယ်ကျိုးငယ်နာ မဖော်မိစေနဲ့

အချင်းများတဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်ကို နင်းပြီး အနိုင်နဲ့ပိုင်းဖို့ ကြိုးစားကြပါတယ်။
ယောက်ျားတွေဟာ ဒီအပြုအမူမျိုးကို ကိုယ်ချစ်သူနဲ့ အချင်းများတဲ့အခါ ရှောင်ရှားဖို့ လိုပါတယ်။ သင်က မနေနိုင်မထိုင်နိုင် ဒီအကြောင်းကို ပြောမိရင် သင့်ကို အမုန်းကြီးမုန်းသွားနိုင်ပါတယ်။

(၃) နာကြင်စေမယ့် စကားကိုလည်း ရှောင်ပါ

မိန်းမတွေကို အလျှော့ပေးတာ မဟုတ်ပါဘူး။ သူတို့စိတ်အခြေအနေကို နားလည်ပေးတဲ့ သဘောပါ။ ဒါကြောင့် ဖက်ပြိုင်
ပြောနေမယ့်အစား အလိမ္မာနည်းနဲ့ ရှောင်ထွက်ဖို့ ကြိုးစားပါ။ နောက်ပြီး သူ့ကို တကယ်နာကျဉ်စေလောက်မယ့် စကားကို သိသိကြီးနဲ့ အသုံးပြုပြီး ခွန်းတုန့်မပြန်ပါနဲ့။ ဒါဟာ အချင်းများမှုကို အဒွန့်ရှည်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

(၄) ပွတ်သီးပွတ်သပ် နေဖို့ မကြိုစားပါနဲ့

ဒီလိုအခြေအနေမျိုး၊ ဒီလို အချင်းများမှုမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ” အချစ်ကလဲကွာ … ဘာဘာ”ဆိုပြီး ပွတ်သီးပွတ်သပ် နေဖို့ မကြိုးစားပါနဲ့။ မိန်းမဆိုတာ မိန်းမသာလျှင် ဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ ယခင်က သင့်ကို ဘယ်လောက်ပဲ သံယောဇဉ်ပိုခဲ့ပိုခဲ့ အဲဒီခံစားမှုတွေ မြင်လေ့မရှိပါဘူး။ မလိုအပ်တဲ့ ဒေါသူပုန်ကျခြင်းကိုတောင် ခံရနိုင်လို့၊ အေးအေးဆေးဆေးပဲ ခဏရှောင်ဖို့ ကြိုးစားလိုက်ပါ။

READ
ဇနီးသည်ကိုဖောက်ပြန်စေတဲ့ ခင်ပွန်းသည်တို့၏အပြုအမူများ

နတ်စည်တော် (Shwemom)

source : ucnews.ucweb.com

SHARE