ပထမဆုံးDateမှာ ကောင်မလေးကိုဘာတွေပြောရမလဲ

အခြားနိုင်ငံတွေမှာတော့ လူနှစ်ယောက် ချိန်းတွေ့တာက ထုံးစံပါဘဲ။ ဒါကို Date လုပ်တယ်လို့ ခေါ်ပါတယ်။ သမီးရည်း
စား မဖြစ်ခင်မှာ တစ်ယောက်ကို တစ်ယောက်အကဲခတ်ခွင့် ပေးတဲ့သဘောပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီဓလေ့ဟာ ခေတ်
စားနေပါတယ်။ များသောအားဖြင့် လူမှုကွန်ယက်ပေါ်မှာ ပုဂ္ဂိုလ်ရေးကျွမ်းဝင်မှုဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် လေ့
လာတဲ့ သဘောနဲ့ တွေ့ကြတာမျိုးတွေ ရှိပါတယ်။ အဲဒီလို တွေ့ကြတဲ့အခါ အမျိုးသားတွေအနေနဲ့ ဘာတွေပြောသင့်သ
လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆင်ပြေလား

အဆင်ပြေလား-ဆိုတဲ့ မေးခွန်းဟာ အများကြီးအကြုံးဝင်ပါတယ်။ အခုလို တွေ့ရတာ အဆင်ပြေလား၊ အစားအသောက်
တွေကော အကြိုက်တွေ့ရဲ့လား၊ ရှက်နေသလား-ဆိုတဲ့ သဘောမျိုးတွေပေါ့။ ဒီနည်းနဲ့ ကောင်မလေးရဲ့ ရင့်ကျက်မှုကို
သိနိုင်ပါတယ်။

READ
သင့်ကောင်မလေးကို ဘယ်တော့မှမပြောသင့်တဲ့စကား(၅)ခွန်း

(၂) အိမ်မွေးတိရိစ္ဆာန်အကြောင်း

စကားစရှာမရတဲ့ အခါမျိုးမှာ မေးလို့အကောင်းဆုံးကတော့ ဘယ်လိုအိမ်မွေးတိရစ္ဆာန်တွေကို သဘောကျလဲ … ဆိုတဲ့
မေးခွန်းပေါ့။ အမျိုးသမီးတွေ တော်တော်များများက တိရစ္ဆာန်တွေကို ချစ်ကြတယ်လေ။ ဒါပေမယ့် သူက တစ်ခုမှ သဘောမကျဘူးဆိုရင်လည်း အားမလျှော့ပါနဲ့ … သင် သဘောကျတဲ့ တိရစ္ဆာန်တွေအကြောင်း စိတ်ဝင်စားဖွယ် ပြောပြလို့ရသွား
တာပေါ့။

(၃) ခရီးစဉ်တွေအကြောင်း

ဘယ်လို ခရီးစဉ်တွေကို နှစ်သက်လဲမေးတဲ့အခါမျိုးမှာ အမျိုးသမီးတွေဆီက စကားလုံးတွေ အများကြီးရနိုင်ပါတယ်။ ဒါမှမ
ဟုတ် တစ်နှစ်တစ်ခါ ခရီးထွက်လေ့ရှိလား …ဘယ်တွေကို သွားလေ့ရှိလဲ … စသဖြင့်ပေါ့။

(၄) အစားအသောက်တွေကော သဘောကျရဲ့လား

အစားအသောက်၊ အ၀တ်အစားနဲ့ လက်ဝတ်ရတနာတွေဟာ အမျိုးသမီးတို့ သည်းချေကြိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို
အချိန်မျိုးမှာ အ၀တ်အစားဝယ်ပေးမယ်ဆိုတာမျိုးကျတော့ နည်းနည်းလေး ကြောင်စီစီနိုင်တာပေါ့။

READ
စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်များ

(၅) အခြေအနေအရ ပဟေဋ္ဌိ

ပြီးတော့ သူ နည်းနည်းပျင်းနေတယ်ထင်ရင် အပျင်းပြေ ပဟေဠိဝှက်တမ်း ကစားကြည့်ပါ။ အမျိုးသမီးတွေက ပဟေဠိဆို
စိတ်ဝင်စားတတ်ပါတယ်။

(၆) ၀ါသနာနဲ့ စိတ်ပါဝင်စားမှုများအကြောင်း

အပြန်အလှန်သဘောတရားအရ ၀ါသနာတွေ စိတ်ပါဝင်စားမှုတွေအကြောင်းကို မေးနိုင်ပါတယ်။ ဒီနည်းနဲ့ အမျိုးသမီး
တစ်ယောက်ရဲ့ ဗီဇနဲ့ တိမ်းညွှတ်မှုတွေကို လေ့လာလို့ရမှာပါ။

(၇) မျှဝေခြင်း

ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေဖို့ မမေ့ပါနဲ့။ အရွှန်းဖောက်ပြီး မျှဝေတာမျိုးက အမျိုးသမီးတွေကို သက်
တောင့်သက်သာ ဖြစ်စေပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : lovepanky.com

SHARE