ဇနီး ဖောက်ပြန်နေပါတာကိုရိပ်မိနေသော်လည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။

Dear Shwemom …

မင်္ဂလာပါ Shwemom ရေ … မင်္ဂလာပါလို့ ပြောရပေမယ့် မင်္ဂလာမရှိတဲ့ အကြောင်းအရာကို တိုင်ပင်ရမှာမို့ အားလည်းနာပါတယ် အားလည်း ကိုးပါတယ်။ ကျွန်တော်ကတော့ —- မြို့မှာနေပါတယ်။ ကျွန်တော့်မိန်းမက ကျောင်းဆရာမပါ။ ကျွန်
တော်တို့နှစ်ယောက်မှာ သမီးလေးတစ်ယောက် ရှိပါတယ်။ အခုမှ အိမ်ထောင်သက် ခြောက်နှစ်ပဲ ရှိပါသေးတယ်။

အရင်က ကျွန်တော့်မိန်းမက အလွန်တည်ငြိမ်ပြီး၊ သိမ်မွေ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကာလကမှ အခြေစပျက်တာကို သတိထားမိခဲ့ပါတယ်။ ည 1 နာရီလောက် ဖုန်းခိုးပြောတယ်။ တစ်လောက သူ့ငယ်ချင်းဆရာမတစ်ယောက်က နေမ
ကောင်းလို့ ခွင့်ယူထားတယ်ဆိုလို့ အိမ်ကို လူနာလာမေးသေးတယ်။ ဒါပေမယ့် အဲဒီနေ့တုန်းက သူ ယူနီဖောင်းဝတ်ပြီး
ကျောင်းသွားတာကို ကျွန်တော် သိနေခဲ့တယ်။ ကျောင်းကို မရောက်ပဲ လင်ငယ်နဲ့ခြိမ်းတွေ့နေတာပေါ့ဗျာ။

ကျွန်တော် ဆက်လက် စုံစမ်းကြည့်မိတော့ သူ့ဇာတိက လူပါ။ အဲဒီလူက ကားဆရာ … သူတို့မြို့နဲ့ ကျွန်တော်တို့ လက်ရှိနေတဲ့ မြို့ကို ကုန်ပစ္စည်းတွေဘာတွေတင်ပြီး ကားမောင်းနေတဲ့သူပါ။ ကျွန်တော်နဲ့မယူခင်တုန်းကတည်း သူတို့နှစ်ယောက် ဇာတ်လမ်းက ရှိခဲ့တာလို့ စုံစမ်းမှ သိခဲ့ရတာပါ။ အခု သူနဲ့ စကားပြောရတာ အဆင်မပြေပါဘူး။ ကျွန်တော် သမီးလေး
မျက်နှာကိုပဲ ကြည့်ပါတယ်။ ရှက်လဲရှက် ဒေါသထွက်လွန်းလို့ သူ့ကို သတ်ပစ်ချင်နေမိတယ် … ဒေါသကို ထိန်းထားရ
တယ် Shwemom ရယ် … ကျွန်တော် ဘယ်လို ဖြေရှင်းရမလဲဗျာ … အကြံပေးပါဦး။

READ
စနိုက်ကြော်လုပ်ချင်တဲ့သူကို ဘယ်လိုပညာပေးရမလဲ ... ?

Shwemom မှ စာပြန်လိုက်ပါတယ် …

အခုကိစ္စက မပေါ့သင့်ပါ။ စိတ်ကို တည်ငြိမ်အောင်ထားဖို့ဆိုတာ မလွယ်ပါဘူး။ ရည်စားကို လူလုတာက ဇနီးကို လူလုခံရတာလောက် အခြေအနေမဆိုးသေးပါဘူး။ အခု ကာမပိုင်ဇနီးရဲ့ အရှုပ်အထွေးတွေကို သိရက်သားနဲ့ သည်းခံနိုင်တာက
တော့ အစ်ကို့ကို တကယ်လည်း လေးစားသလို ချီးကျူးမိပါတယ်။ အစ်ကို ပြောသလို၊ သမီးလေး မျက်နှာကိုသာ အရင်
ကြည့်ပါ။ ဘာမှ ခြေလွန်လက်လွန် မလုပ်ပါနဲ့။

သက်သေကို ရအောင်စုပါ။ မကောင်းတဲ့လူကို မပေါင်းပါနဲ့။ သူ့ကို အစ်ကိုက မသတ်လဲ … သူက အစ်ကိုအသက်ကို အချိန်မရွေး အန္တရာယ်ပေးနိုင်လို့ပါ။ ဒီတော့ သက်သေတစ်ခုလောက် ခိုင်လုံတာနဲ့ ရပ်ကွက်ရုံးမှာ၊ သို့မဟုတ် မြို့နယ်တရားရုံးမှာ ကွာရှင်းခွင့်တောင်းခံပါ။ ဒီနေရာမှာ တစ်ခုရှိလာနိုင်တာက သမီးလေးကို စောင့်ရှောက်ခွင့်ဟာ တရားရုံးတွေက မိခင်ဖြစ်သူကို ပေးလေ့ရှိပါတယ်။ ဒီအတွက် သင့်စောင့်ရှောက်ခွင့်အောက်ကို ရောက်ဖို့ တရားရင်ဆိုင်ရနိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ တရားသူကြီးတွေက သင့်စောင့်ရှောက်မှုအောက်မှာသာ ကလေးက လုံခြုံတယ်လို့ ယုံကြည်ရင် သင် သေချာပေါက် စောင့်ရှောက်ခွင့်ရပါလိမ့်မယ်။ တရားဥပဒေနဲ့ပဲ ရင်ဆိုင်ပါ။ ဒီနည်းက အမှန်ကန်ဆုံးပါ။ ကြင်ယာဖက် အသစ်လည်း အမြန်ရှာဖွေတွေ့နိုင်ပါစေကြောင်း။

READ
ဘော့စ်က ထိကပါးရိကပါးလုပ်တာကို ဘယ်လိုကာကွယ်ရမလဲ ... ?

လေးစားစွာဖြင့် …

Shwemom

SHARE