အိမ်ထဲမှာ ကြွက်သဏ္ဍာန်တူ ထူးခြားတဲ့ သတ္တ၀ါဆန်းကို တွေ့ခဲ့ရတဲ့ အမျိုးသမီးရဲ့ အဖြစ်

အင်္ဂလန်နိုင်ငံ ဆောက်သမ်ပတန်မြို့ နေအိမ်တစ်အိမ်မှာ (၅) လက်မအရွယ်အစားလောက်ရှိတဲ့ ၀က်အူချောင်းကို အမြီးတပ်ထားတဲ့ပုံစံ သတ္တ၀ါဆန်းတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအကောင်ဟာ ဘက်စ်ဒန်အမည်ရတဲ့ အမျိုးသမီးရဲ့ နေအိမ်ထောင့်မှာ တွားသွားနေခဲ့တာဖြစ်ပါတယ်။ ရုတ်တရက် ဘာကောင်မှန်း မသိဘဲ တလှိမ့်လှိမ့် တလှုပ်လှုပ်ဖြစ်နေတာကြောင့် ဘက်စ်ခမျာ ဘာလုပ်ရမှန်း မသိခဲ့ပါဘူး။

ထူးခြားတာက ထိုသတ္တ၀ါဟာ သာမန်ကြွက်မြီးလို အမြီးမျိုးပါတဲ့ ပျားသားလောင်းနဲ့ တူနေတာပါ။ ဒါပေမယ့်လည်း ထိုသတ္တ၀ါက ဥဘ၀မှာ ရှိနေတဲ့ ပျားသားလောင်းထက် အရွယ်အစား ပိုကြီးနေတာကြောင့် ဘက်စ်အနေနဲ့ တွေးရခက်နေတာ ဖြစ်ပါတယ်။  ထိုသတ္တ၀ါဟာ ခပ်သွယ်သွယ် ရှည်မျောမျောနဲ့ မျက်နှာလည်း မပါသလို ခြေထောက်တွေလည်း မပါပါဘူး။

Facebook

ဘက်စ်ကတော့ သူမအိမ်က သတ္တ၀ါဆန်းကို သိသူရှိလို ရှိငြား သူငယ်ချင်းတွေကို ဓာတ်ပုံပြခဲ့ပေမယ့် ဘယ်သူမှ အကူအညီမပေးနိုင်ခဲ့ကြပါဘူး။ တချို့ကလည်း ဥဘ၀မှာရှိနေတဲ့ ပျားသားလောင်းလို့ ဆိုနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေ ကြွက်မြီးနဲ့ လောက်ဘ၀ရောက်နေတဲ့ ပျားသားလောင်းတွေဟာ (၁) လက်မအရှည်အထိရှိနိုင်ပြီး အမြီးကတော့ (၆) လက်မအထိ ရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ ၄င်းအမြီးဟာ ရေထဲရောက်နေစဉ်မှာ အသက်ရှူကိရိယာအနေနဲ့ သူတို့က အသုံးပြုပါတယ်။

READ
ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးခဲ့သူတွေကို လိင်ပိုင်းဖျော်ဖြေမှုပေးမယ်ဆိုတဲ့ အီတလီမော်ဒယ်
Shutterstock

၎င်းတို့ကို ရေကန်ကြီးတွေနဲ့ ကျွဲနွားတွေမွေးမြူရေးခြံလို နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ၄င်းအင်းဆက်တွေဟာ သက်ကြီးကောင်ဘ၀ကို ရောက်တော့မယ်ဆိုရင် ပိုပြီး ခြောက်သွေ့တဲ့နေရာတွေဆီကို သွားတတ်ပြီး ပျားဘ၀ကို အသွင်ကူးပြောင်းတတ်ပါတယ်။ ဘက်စ်ကတော့ အခုအခါ သူမအိမ်ထဲမှာ ၄င်းသတ္တ၀ါကို မတွေ့ရတော့ကြောင်း စိုးရိမ်တကြီးနဲ့ ဆိုခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE