Debit Card နဲ့ Credit Card ဘာတွေ ကွာခြားလဲ သင်သိပါသလား ….

Freepik/BuzzFT

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ ငွေကြေးအသုံးပြုပုံကလည်း ရှေးယခင်ကနဲ့ မတူ ပဲ ပြောင်းလဲလာပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုရတဲ့ Mobile Banking စနစ်ကြောင့် ငွေကြေး စီးဆင်းမှုတွေဟာ ပိုမိုမြန်ဆန်လာသလို ကုန်ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ငွေကြေးအစား Debit Card ၊ Credit Card တို့ကို အသုံးပြုလာနိုင်တာကို တွေ့ရမှာပါ။

Debit Card နဲ့ Credit Card တို့မှာဟာ ပင်ကိုယ်သဘာဝအားဖြင့် ကွဲပြားပေမယ့် တူညီတဲ့ အချက်တွေလည်း အများကြီး ရှိနေပါတယ်။ Card (၂)မျိုးစလုံးမှာ Card နံပါတ် (၁၆)လုံးပါဝင်နေမှာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးတဲ့ ရက်လည်း ဖော်ပြထားမှာပါ။ ဒါ့အပြင် ကတ်တစ်ခုချင်းစီရဲ့ သီးသန့်နံပါတ်လို့ ပြောရမယ့် PIN Code (Personal Identification Number) လည်း ပါဝင်မှာ ဖြစ်ပါတယ်။

visa.com.sg

Debit Card နဲ့ Credit Card တို့ ဘာတွေ ကွဲပြားခြားနားလည်းဆိုတာကို စာဖတ်ပရိသတ်တွေအတွက်  ဖော်ပြပေးလိုက်ပါတယ်။

READ
ရုံးခန်းတွင်း တိရစ္ဆာန်မွေးမြူခြင်းဟာ စိတ်ဖိစီးမှုကိုကျဆင်းစေကြောင်း သိရ

Debit Card

Debit Card အသုံးပြုသူ တစ်ဦးဟာ ကိုယ့်ရဲ့ ဘဏ်အကောင့်မှာ အပ်နှံထားတဲ့ ငွေကြေးကို Debit Card ကို နီးစပ်ရာ ATM စက်တွေက တစ်ဆင့် ထုတ်ယူသုံးစွဲနိုင်ပါတယ်။

အချို့ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေမှာလည်း Debit Card ကို အသုံးပြုပြီး ၀ယ်ယူခွင့် ပေးထားတာကြောင့် ပိုက်ဆံတွေ အထပ်လိုက် အလုပ်ရှုပ်ခံသယ်သွားစရာ မလိုပဲ သက်တောင့်သက်သာနဲ့ Debit Card ပဲ ယူသွားပြီး ကိုယ်ကြိုက်တာကို ၀ယ်ယူနိုင်မှာပါ။

Debit Card အသုံးပြုချင်းအားဖြင့် ကိုယ်အသုံးပြုတဲ့ ငွေကြေးပမာဏကို အနည်း၊ အများကို အမြဲတမ်းလိုလို သိနေနိုင်မှာဖြစ်ပြီး ကိုယ့်မှာရှိတာထက် ပိုမသုံးမိအောင် အထိန်းအကွပ် တစ်ခုလို ဖြစ်နေမှာပါ။

လူကြီးမင်းရဲ့ဝန်ထမ်းတွေကို လစာပေးဖို့ အချိန်နဲ့ လူအင်အားကို သက်သာစေပြီး Privacy ရှိရှိ လစာပေးနိုင်ဖို့ AYA Bank ၏…

Posted by AYA Bank on Thursday, December 26, 2019

Credit Card

READ
ကလေးတွေကို ဖုန်းမသုံးခိုင်းပဲ (၇) လကြာ နေခိုင်းပြီးတဲ့နောက်မှာ…

Credit Card အသုံးပြု တစ်ဦးဟာ ဘဏ်က သတ်မှတ်ထားတဲ့ ချေးငွေ ပမာဏတစ်ရပ်ကို Credit Card က တစ် ဆင့် ထုတ်ယူ အသုံးပြုနိုင်မှာပါ။

Credit Card ရဲ့ အထူးအားသာချက်ကတော့ စားသောက်ဆိုင်၊ စတိုးဆိုင်၊ ကုန်တိုက် အတော်အများများမှာ Credit Card အသုံးပြုသူတွေအတွက် လျှော့ဈေး (Discount) အခွင့်အရေးတွေ ရှိနေတာပါ။

Card အသုံးပြုသူတွေကတော့ သတ်မှတ်တဲ့ အချိန်ကာလတစ်ခုမှာ မိမိအသုံးပြုထားတဲ့ ငွေကြေး ပမာဏနဲ့ အတိုးအတွက် သက်ဆိုင်ရာ ဘဏ်ကို ပြန်လည် ပေးချေရမှာ ဖြစ်ပါတယ်။

သင့်ရဲ့လိုအင်ဆန္ဒတွေကို ပြီးပြည့်စုံအောင်ဖြည့်ဆည်းပေးမယ့် CB Credit Card!!- ခရီးသွားရာသီရောက်လာပြီဆို‌တော့…

Posted by CB Bank on Wednesday, January 1, 2020

SHARE