ဆံပင်မြန်မြန်ရှည်ချင်ရင် လုပ်သင့်သည့်အရာများ

ဆံပင်ရှည်ချင်တဲ့ ပျိုမေတွေ Shwemom ပရိသတ်ထဲမှာ ပါမယ်ထင်ပါတယ်။ ဒါကြောင့်မို့ ဆံပင်မြန်မြန် ရှည်စေနိုင်တဲ့
နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ရေများများသောက်ပါ

ရေများများ သောက်ပါ။ ရေသောက်ရင် အလိုလျှောက် ဆံပင်ရှည်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေဓာတ်ခန်း
ခြောက်ရင်တော့ ဆံပင်ထုတ်ပေးတဲ့ ဂလင်းတွေကိုလည်း ဆိုးကျိုးတွေ ပေးပါတယ်။ ဒီတော့ ရေများများ သောက်ပါ။

(၂) ရှုပ်ပွမနေအောင် ဖြီးလိမ်းပါ

ဆံပင်ကို ရှုပ်ပွမနေပါစေနဲ့။ ဆံပင်ရှုပ်ပွနေတဲ့လူတွေကို ကြည့်လိုက်ရင် တစ်ခုခုကြောင့် စိတ်ဓာတ်ကျနေတယ်၊ စိတ်ဖိ
အားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိသာစေပါတယ်။ စိတ်ဖိအားဟာလည်း ဆံပင်ကို ကျွတ်စေတဲ့ ဆိုးကျိုး ပေးပါ
တယ်။ ဒါကြောင့် ဆံပင်ကို အမြဲသန့်သန့်ရှင်းရှင်း ဖြစ်နေပါစေ။

(၃) ကျန်းမာရေးနဲ့ညီညွှတ်သော အစာများကိုသာ စားပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးအနှံတွေ၊ အသားငါးတွေကို ပုံမှန်စားပေးပါ။ မစားချင်လဲ စားပေးရမှာဖြစ်ပါတယ်။ ဒါမှ
ဆံပင်က ကျန်းမာမှာပါ။

READ
သင့်ဆံပင်တွေကို အံ့သြစရာကောင်းလောက်အောင် အရှည်မြန်လာစေမယ့် နည်းလမ်းများ

(၄) Junk Food များ မစားပါနဲ့

အသင့်စားသုံးနိုင်အောင် ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ လူ့ကျန်မားရေးကို ဆိုးဝါးစေပါတယ်။ ဒီလိုပဲ
လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ဆိုးကျိုးတွေ ပေးပါတယ်။ အလွန်အမင်း ၀ခြင်းကို ဖြစ်စေပါတယ်။

(၅) အုန်းဆီ/သံလွင်ဆီကိုသာ သုံးပါ

ဦးရေပြားကို ပူလောင်စေတဲ့ ခေါင်းလိမ်းဆီကို မသုံးပါနဲ့။ ဒါပေမယ့် တစ်ချို့က ခေါင်းလိမ်းဆီထဲမှာ Menthol နဲ့ ဓာတု
ဆေးတွေ ထည့်ပြီး ဦးရေပြားကို အေးမြစေတဲ့ခေါင်းလိမ်းဆီ-ဆိုပြီး ရောင်းချနေတာမျိုးလည်း ရှိပါတယ်။ ဒီတော့ အသင့်
တော်ဆုံးကတော့ အုန်းဆီ သို့မဟုတ် သံလွင်ဆီပါဘဲ။

(၆) ပျားရည်/ရှားစောင်းလက်ပတ်ဖြင့် ပေါင်းတင်ပါ

အနည်းဆုံး တစ်ပတ်ကို တစ်ခါလောက်တော့ ပေါင်းတင်ပေးပါ။ ပျားရည် 1 ဆ+ရှားစောင်းလက်ပတ် 3 ဆ ကို ခပ်ပြစ်ပြစ်
လေး မွှေပြီး ဆံပင်၊ ဦးခေါင်းအရေပြားထဲကို စိမ့်နေအောင်လူးကာ သဘက်နဲ့ မိနစ်(30)လောက် ပေါင်းထားပါ။ ပြီးရင် ရေနဲ့ ပြောင်အောင် လျှော်ပါ။

READ
အမြန်ဆုံး ဝိတ်ကျစေမယ့် ဂျင်းကို ဒီလိုလေး သောက်သုံးပေးရပါမယ်…

(၇) Gelatin ဓာတ်ကြွယ်ဝသည့် အစားအစာများကို စားပါ

Gelatin ဓာတ်ဟာ ဆံပင် လက်သဲခြေသဲ အရိုး စတာတွေအတွက် အထူးကောင်းမွန်ပါတယ်။ Gelatin ဓာတ်ပါဝင်တဲ့ အ
အစားအစာတွေကတော့ ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေ၊ ဆန်ညိုနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေ၊ ဘီယာ/၀ိုင်၊ Marshmallow မုန့်တွေ ဖြစ်၊ Omega 3 ကို အခြေခံထုတ်လုပ်ထားတဲ့ ဆေးနဲ့ စားသောက်ကုန်တွေမှာ Gelatin ဓာတ် ပါ
ဝင်ပါတယ်။

မဒီလေး (Shwemom)

shwemom

source : top10for.com

 

SHARE