တက်တူးတွေကို မကြိုက်လို့ ဖျက်မယ်ဆို ဒါလေးတော့ သိထားသင့်…..

Albina Glisic/shutterstock.com

သင့် အနေနဲ့ တက်တူးပုံ အသစ်တွေကို ထိုးပြီး ချက်ချင်း မကြိုက်တော့ရင်တောင် နောက်ထပ် ကိစ္စတွေမလုပ်ခင် အနာကျက်အောင် ဂရုတစိုက်ထားဖို့နဲ့ ထိုးထားတဲ့နေရာတစ်ခုလုံးကို သက်သာစေဖို့က အရေးကြီးပါတယ်။ အနည်းဆုံး ၄ ပတ်ကနေ ၆ ပတ်အထိ အနာကျက်ဖို့အတွက် စောင့်ရပါတယ်။

damiangretka/shutterstock.com

တစ်ချို့သော တက်တူးတွေက လေဆာကုထုံးနဲ့ လုံးဝဖျက်ပစ်နိုင်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းမှာ ထိုးထားသလဲနဲ့ ဘာအရောင်တွေ သုံးထားသလဲဆိုတာအပေါ် မူတည်ပါသေးတယ်။ ခန္ဓာကိုယ် ပင်မအစိတ်ပိုင်းတွေ (ရင်ပိုင်း၊ နောက်ကျော၊ လည်ပင်နဲ့ ကိုယ်လုံး) ပေါ်က အိုဟောင်းတဲ့ တက်တူး၊ အနက်ရောင်းဆေးနဲ့တက်တူ၊ ၀ါသနာရှင်အဆင့်  တက်တူးတွေဟာ လုံးဝ ပျောက်သွားအောင် ပြန်ဖျက်ပစ်နိုင်တယ်၊ ဒါပေမယ့် အရမ်းကြီး ပျံ့နေတဲ့ မှင်မျိုးဆိုရင်တော့ ဖျက်ရ သိပ်ခက်ပါတယ်။

READ
သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေးမှုရှိတဲ့ ဇီဝအခြေခံ ဟော့ဘစ်အိမ်

အနက်ရောင်စစ်စစ်က ဖျက်ရအလွယ်ဆုံးပါပဲ။ တခြားအရောင်နုတွေဖြစ်တဲ့ စစ်စလီ၊ အပြာနု၊ နီညိုရင့်ရောင်တို့ဆို ဖျက်ရခက်တယ်။ အ၀ါ၊ လိမ္မော်၊ အညိုရောင်တို့ဆိုလည်း လေဆာနဲ့ ပစ်ပြီး အကုန်ဖျက်လို့မရနိုင်ပါဘူး။

damiangretka/shutterstock.com

တက်တူဖျက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ပြန်ဖျက်တဲ့ ကိစ္စဟာလည်း မသက်သာနဲ့ ခံစားရပါတယ်။ တက်တူးဟာ ထိုးသလိုပဲ ဖျက်တဲ့အခါမှာလည်း အန္တရာယ်တစ်ချို့ရှိတယ်၊ ပိုးဝင်တာ၊ အရေပြားပေါ်မှာ အစွန်းအထင်းတွေကျန်ခဲ့တာ စတာတွေ ဖြစ်နိုင်တယ်။

တက်တူးဖျက်တာက အလွန်မြန်ကောင်းမြန်နိုင်တယ်။ တံဆိပ်ကောင်း အရွယ်အစားလောက် တက်တူးက စက္ကန့် သုံးဆယ်လောက်အတွင်း ဖျက်လိုက်နိုင်တယ်။ အကုန်လုံး ပျက်သွားဖို့အတွက်တော့ အကြိမ်အနည်းငယ်သွားပြီး ဖျက်မှ အဆင်ပြေတာတွေလည်းရှိပါတယ်။ အကြိမ်အရည်အတွက်ကတော့ ၅ ကြိမ်ကနေ ၁၅ ကြိမ်လောက်သာ လုပ်သင့်ကြောင်း ဒေါက်တာ Kirby က ပြောပါတယ်။

READ
လူတွေရဲ့ အပြုအမူကို လိုသလို ပြောင်းလဲနိုင်မယ့် စိတ်ပညာနည်းလမ်းများ

တက်တူးတွေကို အသစ် မွမ်းမံ ဖုံးအုပ်မယ်ဆိုရင်လည်း အနည်းငယ်တော့ ဖျက်ထားသင့်ကြောင်း၊ ဒါမှ နောက်ထပ် ပုံအသစ်တင်ရင် လွယ်ကူ ချောမွေမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE