ကိုယ်နှစ်သက်တဲ့ကောင်မလေးကို ဘယ်လိုစကားတွေပြောပြီးချဉ်းကပ်မလဲ

တစ်ကယ်လို့ ကိုယ်နှစ်သက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ သင်ဟာ ဆိုင်တစ်ခုခုမှာ ထိုင်ပြီး အတူတကွ စားသောက်နေတဲ့
အဆင့်ကို ရောက်နေပြီဆိုပါစို့။ သင် ဘာတွေကို ဘယ်လိုပုံစံနဲ့ ပြောမလဲ …?။ အဖြေက လွယ်မယောင်နဲ့ ခက်ပါတယ်။ ဒီတော့ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ပြောဖို့ Shwemom က အကြံပေးလိုက်ချင်ပါတယ်။

(၁) စိတ်ဝင်စားမယ့်အကြောင်းအရာကို ပြောပါ

လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို သိလေ စကားပြောလို့ ပိုကောင်း
လေပါဘဲ။ ဒီတော့ သူ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာကို ရွေးချယ်ပြောတတ်ဖို့ လိုပါတယ်။

(၂) ချောင်ပိတ်မေးခွန်းမျိုး မသုံးပါနဲ့

စကားပြောနေရင်းနဲ့ မေးခွန်းတွေ အပြန်အလှန် မေးကြတဲ့အခါ ချောင်ပိတ်မေးခွန်းမျိုးကို မမေးပါနဲ့။ အဖြေရခက်နိုင်တဲ့၊ အနေရခက်စေတဲ့ မေးခွန်းမျိုးကို ရှောင်ပါ။

READ
ကောင်မလေးရဲ့အာရုံစိုက်မှုရအောင် လုပ်နည်းများ

(၃) နွေးနွေးထွေးရှိပါစေ

စကားပြောတဲ့အခါမှာလည်း နွေးနွေးထွေးထွေးရှိဖို့နဲ့ ရှင်းရှင်းလင်းလင်း ပြောတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်မ
ကျွမ်းကျင်တဲ့ ဘာသာရပ်ဘက်ကို မျှားဦးမလှည့်အောင် ကိုယ့်ဘာသာ စကားကို လမ်းကြောင်းတတ်ရပါမယ်။ ကိုယ် မသိ
တဲ့ အရာကို ရောက်တိုင်း ပြာပြာသလဲ ကျွန်တော် မသိဘူးဗျလို့ ငြင်းတာထက် အဲဒါတော့ ကျွန်တော် မသိဘူးဗျ … လို့
ခပ်အေးအေး ပြန်ဖြေတတ်ပါစေ။

(၄) ပြုံးစရာရှိရင် ပြုံးပြီးပြောပါ

စကားပြောတဲ့အခါမှာ ပြုံးစရာရှိရင် ပြုံးပြီး ပြောပါ။ ချွေမနေပါနဲ့။ မျက်လုံးချင်း ခဏခဏ ဆုံနိုင်အောင်လည်း လုပ်ပါ။ အမူ
အယာတွေကိုလည်း မချွေပါနဲ့။ အိုဗာလည်း မဖြစ်ပါစေနဲ့။

(၅) အလှည့်ပေးဖို့ မမေ့ပါနဲ့

ကိုယ်ကချည်းပဲ ပါးစပ်က အမြှုပ်ထွက်အောင် စီပြီး ပြောတာမျိုးကို ရှောင်ပါ။ ကောင်မလေးကိုလည်း ပေါ့ပေါ့ပါးပါး ဖြစ်စေ
ဖို့ မေးခွန်းလေးတွေနဲ့ အလှည့်ပေးတတ်ပါစေ။

READ
ကောင်မလေးတွေ လက်လန်သွားစေတဲ့ အပြုအမူများ

နတ်စည်တော် (Shwemom)

shwemom

source : lovepanky.com

SHARE