သဘာဝသစ်ဥသစ်ဖုကရတဲ့ အရာတွေဟာ လူတွေအတွက် ဘေးပါဒ်ကင်းသလို၊ ကျန်းမာရေးအထောက်အကူပြုစေတဲ့အကျိုးအာနိသင်တွေ များစွာရှိပါတယ်။ အခုလည်း သီဟိုဠ်စေ့(၄)စေ့ စားရုံနဲ့ရရှိမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)။ အသားအရေတွေ Glow လာမယ်
သီဟိုဠ်စေ့ဟာ သူ့အသားအရေကို အထူးကောင်းမွန်စေတဲ့ copper နဲ့ antioxidant တို့ရဲ့အဓိကအရင်းအမြစ်ကြီးဖြစ်ပါတယ်။ Antioxidants က အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး၊ copperက အခြားအင်ဇိုင်းတွေနဲ့အတူ ကော်လဂျင်ကို ထုတ်ပေးတဲ့အတွက် သူ့အသားအရေကို ကြည်လင်တောက်ပြောင်လာ စေမှာဖြစ်ပါတယ်။ ကဲ ကော်လဂျင်တွေ ဈေးကြီးပေး ၀ယ်သောက်စရာမလိုတော့ဘူးနော် သီဟိုဠ်စေ့စားရင် ရပါပြီ။
(၂)။ မကြာခဏ ဖျားနာတာတွေ နည်းလာမယ်
သီဟိုဠ်စေ့ဟာzinc ဓာတ်ရဲ့အဓိက အရင်းအမြစ်ဆိုလည်း ဟုတ်ပါတယ်။ နောက်ပြီး zinc ဓာတ်ဟာ antioxidant အင်ဇိုင်းတွေထုတ်လုပ်တာနဲ့ immune system ဆဲလ်တွေဖွံ့ဖြိုးဖို့ အရေးပါပြီး၊ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် မကြာခန ဖျားနာခြင်းကို လျော့ပါးစေနိုင်ပါတယ်။
Cashew nut production is already at Mtwara region in Tanzania#…..your most welcome# pic.twitter.com/97ziSCHbSo
— Muddy Mkwachu (@MkwachuMuddy) October 7, 2019
(၃)။ အရိုးအဆစ်တွေသန်မာလာမယ်
သီဟိုဠ်စေ့ဟာ တစ်နေ့တာလိုအပ်တဲ့ copper (၃၀)ရာခိုင်နှုန်းနဲ့ မဂ္ဂနီဆီယမ် (၂၀)ရာခိုင်နှုန်းခန့်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ Copper က ကိုယ်တွင်းတစ်သျူးတွေ ဆက်သွယ်နိုင်အောင်နဲ့ သင့်အရိုးတွေကို သန်မာအောင်ထောက်ပံ့ပေးနိုင်ပြီး၊ မဂ္ဂနီဆီယမ်က သူ့ခန္ဓာကိုယ်ကို ကယ်ဆီယံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးပြီး၊အရိုးပွခြင်းကို လျော့ချပေးနိုင်ပါတယ်။
(၄)။ မျက်လုံးကိုကာကွယ်ပေးနိုင်တာ
သီဟိုဠ်စေ့တွေမှာ lutein၊ zeaxanthin နဲ့ antioxidantတွေ အများအပြားပါဝင်တဲ့အတွက် သူ့ရဲ့မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သီဟိုဠ်စေ့ကို နေ့စဉ်စားသုံးပါက အမြင်အာရုံကောင်းမွန်စေပြီး၊ ပတ်ဝန်းကျင်ကလာတဲ့ ရောဂါပိုးတွေကိုလည်း တားဆီးနိုင်ပါတယ်။ Zeaxanthin ကခရမ်းလွန်ရောင်ခြည်အန္တရာယ်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
Sri Lankan devilled cashews are just the absolute best 😊 pic.twitter.com/v5OlbXax38
— Amethyst Heels (@amethyst_heels) October 8, 2019
(၅)။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ရှောင်ရှားနိုင်တာ
မဂ္ဂနီဆီယမ်ဓာတ်လိုအပ်တာထက်ပိုပြီး လျော့နည်းသူတွေဟာ ကိုယ်လက်နာကျင်တာ၊ ခေါင်းခနခနကိုက်ခဲတာ နဲ့ သွေးတိုးတာစတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်စေနိုင်ပါတယ်။ သီဟိုဠ်စေ့  ပုံမှန်စားသုံးပေးမယ်ဆိုရင် သင့်တင့်ညီမျှတဲ့ မဂ္ဂနီဆီယမ်ဓာတ် ရရှိနိုင်မှာဖြစ်သလို၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။
(၆)။ သွားကျန်းမာရေး ကောင်းမွန်လာမယ်
သီဟိုဠ်စေ့ မှာပါရှိတဲ့ ထူးခြားတဲ့ဓာတ်တွေထဲ anacardic acids ကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီအက်စစ်ဟာ သွားပိုးစားခြင်းနဲ့ ၀က်ခြံဖြစ်စေမယ့် gram-positive ဘတ်တီးရီးယားပိုးမွှားတွေကို သတ်ပစ်ပေးတဲ့အတွက် သင်ဟာအလှအပကို စိတ်ဝင်စားသူဆိုရင် မဖြစ်မနေစားသုံးသင်တဲ့အရာဖြစ်ပါတယ်။
Roasted Chashew from cashew fruit is ❤️ pic.twitter.com/DNolv9XldD
— Piyu Nair 👩⚕️ 🇮🇳 (@Piyu_Nair) October 5, 2019
(၇)။ ပိုပြီး တက်ကြွလန်းဆန်းလာစေတာ
သီဟိုဠ်စေ့ မှာ vitamins E, K, B6, copper, phosphorus, zinc, magnesium, iron နဲ့ selenium ဓာတ်တွေအပြင်၊ ဗီတာမင်နဲ့ mineral ဓာတ်တွေ သင့်တင့်စွာပါဝင်တဲ့အတွက်ကြောင့်လည်း သင့်ခန္ဓာကိုယ်လုပ်ငန်းလည်ပတ်မှုကိုအကောင်းဆုံးကူညီပေးပြီး၊ ကိုယ်တွင်းအစာခြေဖျက်မှုကို ကောင်းမွန်စေတဲ့အတွက် သင့်တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေမှာ အမှန်ပဲဖြစ်ပါတယ်။
(၈)။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာ
သီဟိုဠ်စေ့စားရင် ၀ိတ်တက်လာလိမ့်မယ်လို့ လူအများစုက ထင်နေတတ်ကြပါတယ်။ ဒါဟာ လွဲမှားအမြင်တစ်ခုပါ။ သီဟိုဠ်စေ့မှာ အဆီဓာတ်ပါဝင်တယ်ဆိုပေမယ့် အဲဒီအဆီဓာတ်က ကျန်းမာရေးကောင်းမွန်စေပြီး၊ သီဟိုဠ်စေ့မှာပါတဲ့ မဂ္ဂနီဆီယမ်က ကိုယ်တွင်း အဆီနဲ့ carbohydratesကို ပုံမှန်ထိန်းညှိပေးတာဖြစ်လို့ သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။
(၉)။ ဆံနွယ်တွေကို တောက်ပြောင်စေတာ
သီဟိုဠ်စေ့မှာပါဝင်တဲ့ copper ဓာတ်က သင့်ဆံနွယ်တွေကို သန်မာတောက်ပြောင်ပြီး၊ ပိုးသားလိုနူးညံ့ကာ ဆံပင်အရောင်ကိုလည်း ပိုပြီးတောက်ပအောင် တာဝန်ယူပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အထူးသတိပေးချင်တာကတော့ သီဟိုဠ်စေ့ကို နေ့စဉ်(၄-၅)စေ့ ထက်ပိုမစားဖို့ အကြံပေးလိုက်ပါတယ်။ လိုတာထက်ပိုစားခဲ့ရင် ခေါင်းကိုက်လာစေနိုင်တာမို့ အထူးသတိပေးပြောကြား လိုက်ပါတယ်နော်။
Khaing