Aladdin မင်းသားလေးအကြောင်း သိထားသင့်တဲ့ အချက် (၇) ချက်

Aladdin 2019 ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ဒီဇာတ် ကား နဲ့ အတူ ပရိသတ်တွေ ကြားမှာ နာမည်ကြီးလာတဲ့ မင်းသားချောလေး တစ်ယောက် ရှိပါတယ်။သူ့ရဲ့ နာမည် ကတော့ Mena Massoud ပါ။ပရိသတ်ချစ်ခင်မှုကို ရထားတဲ့ မင်းသားချောလေး Mena Massoud  ရဲ့ အကြော င်းကို ဖော်ပြ ပေးချင်ပါတယ်။

 

View this post on Instagram

 

1 Million!!!

A post shared by Mena Massoud (@menamassoud) on

(၁)Mena Massoud  ရဲ့ မွေးနေ့

Image -Mena Massoud ‘s IG

Mena Massoud  ကတော့ ကနေဒါမင်းသားပါ။Mena  ကိုတော့ (၁၉၉၁)ခုနှစ် စက်တင်ဘာ (၁၇)ရက်နေ့ မှာ မွေး ဖွားခဲ့တာပါ။အီဂျစ်နိုင်ငံ Cairo မြို့ကနေ လာတာပါ။သူငယ်ငယ်တည်းက မိသားစုတွေက ကနေဒါ ကို ပြောင်း ရွှေ့ လာခဲ့ကြပြီး Toronto မြို့ မှာ အခြေချနေထိုင်ခဲ့တာပါ။Mena မှာတော့ အစ်မ နှစ်ယောက်ရှိပါတယ်။

(၂)Vegan(သတ်သတ်လွတ်စားသူ၊တိရစ္ဆာန် အသက်နဲ့ မကင်းတဲ့ အသုံးအဆောင် တွေကို ရှောင်ရှားသူ)

Image -Mena Massoud ‘s IG

Mena လေးကတော့  vegan  တစ်ယောက်ပါ။ဒါ့အပြင်သူဟာ အပင်တွေကို အခြေခံတဲ့ Food Travel Show ဖြစ်တဲ့ Evolving Vegan ရဲ့ Founder တစ်ယောက်ပါ။

READ
ကော်ဂီခွေးလေးတွေဟာ အင်္ဂလန်ဘုရင်မကြီးရဲ့ အချစ်တော်ဖြစ်ရခြင်း အကြောင်းအရင်း

(၃)ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရတဲ့ ပထမဆုံး ရုပ်ရှင်

Image -Mena Massoud ‘s IG

Mena တစ်ယောက် ခေါင်းဆောင်မင်းသားနေရာကနေ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့ ရုပ်ရှင်ကား ကတော့ တခြား မဟုတ်ပါဘူး။ Aladdin ပါ။

(၄)ပါဝင်ခဲ့ဖူးတဲ့ တခြားဇာတ်ကားများ

Image -Mena Massoud ‘s IG

2015 ကနေဒါ စီးရီး Open Heart မှာတော့ Jared Malik ဆိုတဲ့ နေရာကနေ ပါဝင်ခဲ့ဖူးပါတယ်။ဒါ့အပြင် Amazon Prime series တစ်ခုဖြစ်တဲ့ Jack Ryan မှာလည်း Tarek Kassar  အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

(၅)Aladdin နဲ့ အရင်တည်းက ရေစက်ပါသူ

Image -Mena Massoud ‘s IG

“ကျတော့်မိဘတွေက Aladdin  ပုံပြင်အကြောင်းကို သိကြတယ်။animation ရုပ်ရှင်ဇာတ်ကားအဖြစ် မထွက် ခင်တည်းက သိကြတာ။ဒါက အီဂျစ်မှာ အရမ်းကို နာမည်ကြီးတဲ့ ပုံပြင်လေ..” ဆိုပြီး နယူးယော့ခ် Times နဲ့ အင် တာဗျူး မှာ ဖြေခဲ့ပါတယ်။Mena က ငယ်ငယ်လေးတည်းက Aladdin  နဲ့ Aladdin  ရဲ့ ဇာတ်ဝင်တေးကို သေ ဘာကျ ခဲ့တာပါ။”အစ်မနှစ်ယောက် ကလည်း Aladdin ကို ကြိုက်တာကြောင့် သူကလည်း ငယ်ငယ်တည်းက Aladdin ၊Aladdin သီချင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူပါလို့ ပြောခဲ့ပါတယ်။

READ
နာမည်ကျော်အဆိုတော်များရဲ့(၄၅)ယောက်ရဲ့ အသံနဲ့တူအောင်ဆိုပြခဲ့တဲ့သူ

(၆)အချစ်ရေး

Image -Mena Massoud ‘s IG

လက်ရှိအချစ်ရေးကတော့ Single လို့ပဲ သိထားပါတယ်။ဒါပေမယ့်လည်း(၂၀၁၉) မတ် (၉) ရက်နေ့ တုန်းက သူ့ရဲ့ IG Video ထဲမှာ အမည်မသိ အမျိုးသမီးတစ်ယောက်ရဲ့ လက် ပါလာခဲ့ပါတယ်။မက္ကဆီကိုက အပန်းဖြေ Resort တစ်ခုမှာ ရောက်နေတုန်းက ပါလာတာပါ။အဲ့ဒီလက်ပိုင်ရှင် ဘယ်သူဆိုတာကိုတော့ မသိရသေးပါဘူး။

(၇)ဆိုရှယ်မီဒီယာအသုံးပြု

Image -Mena Massoud ‘s IG

Instagram အသုံးပြုပါတယ်။(၂၀၁၉)ဇွန် (၆)ရက်နေ့ အထိ တော့ သူ့ရဲ့ Instagram မှာ Follower (1.1m ) သန်းရှိပါတယ်။

Image -Mena Massoud ‘s IG
Image -Mena Massoud ‘s IG

Ref wiki

SHARE