ဥာဏ်ရည်ထက်မြတ်တဲ့ကလေးတစ်ယောက်ပိုင်ဆိုင်ဖို့ မိဘတို့သိသင့်သည်များ

ကလေးတစ်ယောက်စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်ဖို့အခရာကျတဲ့အချက်ကတော့မိဘတွေရဲ့ဂရုတစိုက်ကျွေးမွေး
စောင့်ရှောက်မှုပါပဲ။ကလေးတွေကို သူတို့ကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ရွေးချယ်မှုတွေ
လုပ်နိုင်ဖို့သင်ကြားပေးသင့်သလိုအဲဒီလို တွေးခေါ်နိုင်စွမ်းတွေမြင့်မားအောင်လိုအပ်တဲ့အာဟာရဓာတ်တွေလုံလောက်
စွာရရှိဖို့လည်းအရေးကြီးပါတယ်။

အဓိကအကြောင်းအရင်းကတော့ ကလေးတွေရဲ့အစာစားမှုပုံစံပေါ်မူတည်ပြီးအဲဒီကလေးရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊
ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုတွေနဲ့အနာဂတ်ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာအကျိုးသက်ရောက်မှုရှိခြင်းကြောင့်
ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရတွေမလုံလောက်ခြင်းကြောင့်  အရွယ်ရောက်
လာတဲ့အခါ ဘယ်လိုအကျိုးသက်ရောက်မှုတွေခံစားရနိုင်လဲ…

ဒီလိုငယ်ရွယ်စဉ်မှာလုံလောက်မျှတတဲ့အာဟာရဓာတ်မရရှိတဲ့ကလေးတွေဟာငယ်ငယ်ရွယ်ရွယ်နဲ့အ၀လွန်ခြင်း၊
ဆီးချိုရောဂါဖြစ်ခြင်း၊ပန်းနာရင်ကြပ်ရောဂါဖြစ်ခြင်း၊ မှတ်ဥာဏ်ဆုံးရှုံးခြင်းနဲ့ ကင်ဆာရောဂါတို့ခံစားရတတ်တယ်လို့
သိပ္ပံပညာရှင်တွေက သတိပေးပြောကြားထားပါတယ်။ဒါ့အပြင်အသက်အရွယ်အလိုက်စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု
နဲ့စဉ်းစားတွေးခေါ်နိုင်မှုတို့ကလည်း ငယ်ရွယ်စဉ်မှာအာဟာရ မျှတစွာစားသုံးခဲ့မှုအပေါ်မှာမူတည်နေပါတယ်။

ကလေးတွေဟာ ကျောင်းနေအရွယ်ကစပြီးစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေစတင်ခံစားရပါတယ်။မိသားစု
ပတ်ဝန်းကျင်နဲ့ ကျောင်းပတ်ဝန်းကျင်ရဲ့အပြောင်းအလဲတွေကိုအလွယ်တကူလက်ခံနိုင်ဖို့မရင့်ကျက်ကြသေးပါဘူး။
ဒါကြောင့်မိဘရဲ့ဂရုစိုက်မှုကိုမခံရတဲ့ကလေးဟာ ကျောင်းမှာလည်းသူငယ်ချင်းတွေကြားမှာ ပျော်အောင်မနေနိုင်
ကြပါဘူး။အဲ့လိုပဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုနဲ့ပတ်ဝန်းကျင်အပြောင်းအလဲနဲ့လိုက်လျောညီထွေဖြစ်ဖို့ဆိုရင်
ကလေးရဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်သာမက စိတ်ပျော်ရွှင်ကျေနပ်မှုကိုပါဖြစ်စေတဲ့ အစားအစာတွေကို
စုံလင်အောင်ကျွေးဖို့လိုပါတယ်။

ချိုလွန်းတဲ့အစားအစာတွေနဲ့အသင့်စားအစာတွေအပြင်သွားရည်စာတွေဟာကလေးရဲ့ကိုယ်အလေးချိန်ကိုမြန်မြန်
ဆန်ဆန်မြင့်တက်စေပြီးသွက်လက်မှုမရှိတဲ့အတွက်စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။ဒါ့အပြင်ဆိုဒါ၊ ကော်ဖီနဲ့ခွန်အားဖြည့်
အချိုရည်တွေကလည်း စိတ်ပိုင်းဆိုင် ရာချို့ယွင်းမှုကိုပိုမိုအားပေးတဲ့အစာတွေဖြစ်လို့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို
အဟန့်အတားဖြစ်စေပါတယ်။

အဲဒီအစားကလေးရဲ့ နှလုံးကျန်းမာရေးနဲ့မှတ်ဥာဏ်စွမ်းရည်ကိုမြင့်တက်စေတဲ့ဗီတာမင်အုပ်စုဝင်အစားအစာတွေကို
ကျွေးနိုင်ပါတယ်။သံဓာတ်နဲ့ဆီလီနီယမ်ဆိုရင်လည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အတွက်အဲဒီဓာတ်တွေ
လုံလောက်စွာရရှိတဲ့ကလေးဟာစိတ်ဖိစီးမှုဖြစ်ခြင်း၊စိုးရိမ်ပူပန်ခြင်းနဲ့စိတ်ဓာတ်ကျခြင်းတို့ဖြစ်နိုင်ခြေနည်းပါးပါတယ်။
အရိုးအဆစ်နဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ဆိုရင်တော့ ကယ်လ်ဆီယမ်ဓာတ်က မပါမဖြစ်အရေးကြီးပါတယ်။

READ
မျက်နှာမှာ ဘာအပြစ်အနာအဆာမှမရှိဘဲ လှပကြည်လင်စေမယ့်နည်းလမ်းများ

ဒါပေမယ့်တချို့အာဟာရဓာတ်တွေကျတော့အစားချေးများတဲ့ကလေးတွေရဲ့သဘာဝအတိုင်းတိုက်ရိုက်ကျွေးဖို့ခက်ခဲနိုင်
ပါတယ်။ဥပမာဖရုံသီးစေ့တို့ရဲယိုသီးတို့စသဖြင့်ပေါ့။ဒါပေမယ့် ဒီလိုအခက်အခဲတွေကိုပြေလည်စေတဲ့နည်းတွေလည်းရှိ
ပါတယ်။ဒါကတော့ကလေးတွေအကြိုက်အနံ့အရသာအပြင်လိုအပ်တဲ့အာဟာရဓာတ်တွေပါစုံလင်စွာပါရှိတဲ့ ဖြည့်စွက်
အာဟာရနဲ့အစာတွေကိုကျွေးနိုင်ပါတယ်။

အားလုံးသိတဲ့အတိုင်းကလေးတွေအကြိုက် ဖော်မြူလာအသစ်နဲ့ထုတ်လုပ်ထားတဲ့  Horlicksဆိုရင် သံဓာတ်၊ ဗီတာမင်
ဒီ၊ အေနဲ့ဘီ12၊ဆီလီနီယမ်၊ဖောလစ်အက်ဆစ်ဓာတ်တွေပါဝင်တာကြောင့်အရသာဆိမ့်ဆိမ့်လေးနဲ့ကလေးရဲ့ခန္ဓာကိုယ်
ကြီးထွားဖွံ့ဖြိုးမှုသာမကဦးနှောက်မှတ်ဥာဏ်ကိုမြင့်မားစေတဲ့အတွက်စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုအတွက်လည်းများစွာ
အထောက်အကူပြုနိုင်ပါတယ်။

အနှစ်ချုပ်ဖော်ပြရရင်ကလေးတွေဟာငယ်စဉ်ကတည်းကမှန်ကန်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုပုံစံနဲ့လိုအပ်တဲ့အာဟာရ
ဓာတ်တွေလုံလောက်စွာရရှိခဲ့မှသာအရွယ်ရောက်တဲ့အခါကိုယ်ပိုင်ဆန်းသစ်တီထွင်မှုတွေနဲ့သူတို့ရဲ့အနာဂတ်တွေကို
ပုံဖော်နိုင်မှာဖြစ်ပါတယ်။

ChoChoThan(Shwemom)

SHARE