သင်အိပ်ပျော်နေချိန်၊ သင့်ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ အပြောင်းအလဲတွေအကြောင်း

အိပ်တယ်ဆိုတာ လူသားတိုင်းအတွက် မဖြစ်မနေ ဖြည့်ဆည်းရတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ နေ့စဉ်နေ့ တိုင်း မရပ်မနား လှုပ်ရှားနေရတဲ့ ကျွန်တော်တို့ လူသားတွေရဲ့ အကောင်းဆုံးအနားယူဖို့ နည်းလမ်းဟာ အိပ်တာပါ။ အိပ်စက်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာအရ အားအင်တွေ ပြန်လည်ပြည့်ဝလာသလို စိတ်ပိုင်းဆိုင်ရာ အရလည်း ကြည်လင်လန်းဆန်းစေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ခန္ဓာကိုယ်ကတော့ အိပ်ချိန်မှာတောင် အနားမရ ရှာပါဘူး။ နိုးနေချိန်မှာလည်း နိုးနေချိန် အလျှောက်၊ အိပ်ပျော်နေချိန်မှာလည်း အိပ်ပျော်နေချိန်အလျှောက် သက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေရရှာပါတယ်။ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က ဘာတွေ လုပ်နေသလဲ၊ အိပ်ရေး၀၀လင်လင်နဲ့ ကောင်းမွန်စွာ အိပ်တာဟာ ကျွန်တော်တို့ကို ဘယ်လိုအကျိုးရှိစေသလဲဆိုတာ စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်ပျော်နေချိန်မှာ ဦးဏှောက်ဟာ တစ်နေ့တာလုံး လက်ခံရရှိလာတဲ့ မှတ်ဥာဏ်အချက်အလက်တွေကို အစီအစဉ်တကျဖြစ်ဖို့ ပြန်စီပေးပါတယ်။ သင်အိပ်ပျော်သွားလို့ သင့်ဦးဏှောက်ဟာ အနားရနေပြီလို့ မထင်လိုက် ပါနဲ့။ အိပ်ရေးမကြာခဏပျက်တဲ့ လူတွေဟာ ပုံမှန်အတိုင်း အိပ်ရေး၀၀လင်လင် အိပ်ခွင့်ရတဲ့လူတွေ ထက် ပိုပြီး သတိမေ့တတ်တာ ဒီအချက်ကြောင့်ပါ။

READ
ချောကလက်တစ်ပတ်တစ်ကြိမ်စားပေးခြင်းက မှတ်ဥာဏ်နဲ့အာရုံစူးစိုက်မှုကိုပိုကောင်းစေ
Saba Software

(၂) ခန္ဓာကိုယ်ဟာ မတူညီတဲ့ ဟော်မုန်းပေါင်း မြောက်မြားစွာကို သင်အိပ်ပျော်နေချိန်မှာ ထုတ်လွှတ်ပေးပါ တယ်။ ဦးဏှောက်မှာရှိတဲ့ Pituitary Gland က ထုတ်လွှတ်တဲ့ ဟော်မုန်းကတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

Healthwise

(၃) အိပ်ပျော်နေချိန်မှာ စဉ်းစားတွေးတောပြီး စိတ်လှုပ်ရှားစရာ မရှိတာကြောင့် နှလုံးဟာ ကောင်းကောင်း အနားရသလို သွေးဖိအားကိုလည်း ပုံမှန်အနေအထားမှာ ရှိနေစေပါတယ်။ အိပ်ရေးမ၀တာများတဲ့ လူတွေဟာ နှလုံးခုန်နှုန်း ပုံမှန်ထက် ပိုမြန်ပြီး သွေးဖိအားလည်း ပိုများတတ်တာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွား နိုင်ချေ ပိုများပါတယ်။

(၄) သိပ္ပံပညာရှင်တွေကတော့ မျက်လုံးလှုပ်ရှားမှု မရှိတဲ့ အိပ်စက်ခြင်း (non-rapid eye movement sleep NERM) နဲ့ မျက်လုံးလှုပ်ရှားပြီး အိပ်စက်ခြင်း (rapid eye movement sleep REM) စတဲ့ အိပ်စက်ပုံ (၂)မျိုးရှိတယ် လို့ ခွဲခြားသတ်မှတ်ထားပါတယ်။ ထင်ရှား ပြတ်သားတဲ့ အိပ်မက်တွေကိုတော့ REM ပုံစံနဲ့ အိပ်ပျော်နေချိန်မှာ အများဆုံးမက်တတ်ပြီး အဲ့လို အိပ်မက်မက်နေချိန်မှာလည်း ခန္ဓာကိုယ်တစ်ခုလုံးက ကြွက် သားတွေဟာ လှုပ်ရှားနိုင်စွမ်း မရှိပါဘူး။

READ
အလုပ်ခွင်မှာ ကြာရှည်စွာထိုင်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ
Intermountain Healthcare

(၅) သင် အိပ်ပျော်နေချိန်မှာ သင့်ရဲ့ခန္ဓာကိုယ် ခုခံကာကွယ်တဲ့စနစ်(Immue System) ဟာ Cytokines လို့ခေါ်တဲ့ ပရိုတိန်းအမျိုးအစားကို ထုတ်လွှတ်ပေးပါတယ်။ နေမကောင်းတာ၊ ထိခိုက်အနာတရဖြစ်တာတွေကို Cytokines ဟာ သက်သာပျောက်ကင်းစေဖို့ အကူအညီပေးပါတယ်။ အိပ်ရေးဝတဲ့ လူတွေဟာ Cytokines များများ ရထားတာကြောင့် တော်ရုံနဲ့ နေမကောင်းဖြစ်လေ့ မရှိပဲ ၊ ထိခိုက်အနာတရ ဖြစ်ခဲ့ရင်လည်း သွေးတိတ် လွယ်တာ၊ အနာကျက်လွယ်တာစတဲ့ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။

Ref : www.health.qld.gov.au

SHARE