သင့်ကိုယ်ခန္ဓာအမူအရာက အမှန်အတိုင်း ဖော်ပြနေတဲ့ သင့်အကြောင်းတွေ

Instagram/lesgensdanslemetro,Flickr /Gordon Wrigley

Body Language တွေဟာ အရင်တုန်းကတော့ အရေးမပါခဲ့ပေမယ့်လို့ အခုအချိန်မှာ အလွန်အရေးပါတဲ့ အရာတစ်ခုလည်းဖြစ်နေပါပြီ။ကိုယ်မသိတဲ့ သူစိမ်းလူတစ်ယောက်ကို တွေ့လိုက်တာနဲ့ သူရဲ့ လှုပ်ရှားမှုအပြုအမူတစ်ခုခုဟာ သူ ဘယ်လိုလူလဲ၊ ဘယ်လိုအမူအကျင့်ရှိသလဲဆိုတာတွေကိုပါ Body Language ဟာ အနီးစပ်ဆုံးဖော်ပြပေးနိုင်ပါတယ်။ တကယ်ေတာ့ Body Languageတွေကို ကောင်းကောင်းနားလည်သူဟာ စီးပွားရေးလုပ်တဲ့နေရာမှာတော့ သူများတွေထက် နှာတစ်ဖျားသာတဲ့ လူတွေလို့ ပြောရင် မှားမယ်မထင်ပါဘူး။ 

Body Language တွေဟာ ကိုယ်မသိလိုက်ဘဲနဲ့ အမှုမဲ့၊ အမှတ်မဲ့ဖြစ်တတ်တဲ့အတွက်ကြောင့်လည်း ထိန်းချုပ်ရခက်ပါတယ်။ တစ်နည်းအားဖြင့် လူ့စိတ်သဘာဝအတိုင်း လိုက်ပါ ဖြစ်နေတဲ့ အရာတစ်ခုပါ။ ဒီလို Body Language တွေအကြောင်း၊ မိမိရဲ့ ကိုယ်ခန္ဓာအမူအရာတွေအကြောင်းနဲ့ အဲဒီအရာတွေက သင့်ကို ဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖော်ပြလိုက်ပါရစေ။

(၁) ခြေထောက်ကားထိုင်ခြင်း
Instagram/lesgensdanslemetro

ခြေထောက်ကားထိုင်တယ်ဆိုတာက မိမိအိမ်မှာ မိမိ စိတ်ကြိုက်နေတဲ့အချိန်မှာဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့်လို့ အများဆုံးဘတ်စ်ကားတွေ စီးတဲ့အရာ၊ ရထားတွေ စီးတဲ့အခါ၊ လူသူထူထပ်တဲ့ နေရာတွေမှာ ဒီလို ခြေထောက်ကားထိုင်တယ်ဆိုတဲ့ အပြုအမူဟာ မယဉ်ကျေးတဲ့ အပြုအမူတစ်ခုပါ။ ဒီလို ခြေထောက်ကားပြီး ထိုင်လေ့ရှိတယ်ဆိုတဲ့ အလေ့အကျင့်ရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ရပ်ရှိပါတယ်တဲ့။ အဲဒါကတော့ ဒီလိုခြေထောက်ကားပြီးထိုင်တဲ့ သူတွေဟာ ဟိုးအရင်ခေတ်တွေတုန်းက အုပ်စိုးသူလူတန်းစားရဲ့ သဘောသဘာဝပါတဲ့။ မနက်ခင်းတိုင်း အိပ်ရာနိုးနိုးချင်းမှာ မှန်ကြည့်ပြီး “ မင်းက ဒီကမ္ဘာမှာ အကောင်းဆုံးလူတစ်ယောက်ပဲ”လို့ ပြောတတ်တဲ့ လူတစ်ယောက်ပါပဲတဲ့။

(၂)လက်ဆွဲနှုတ်ဆက်ခြင်း
Flickr/Amtec Photos

စီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ လက်ဆွဲနှုတ်ဆက်တဲ့ ဓလေ့ဟာ အခုထက်တိုင်ကျင့်သုံးနေတဲ့ ကမ္ဘာသုံးအမူအရာတစ်ခုပါ။ ဒီလို လက်ဆွဲနှုတ်ဆက်တဲ့ နေရာမှာလည်း လက်ဆွဲနှုတ်ဆက်တဲ့ အားအပေါ် မူတည်ပြီး စကားတွေ အများကြီးပြောပါသတဲ့။

လက်ဆွဲနှုတ်ဆက်တဲ့ နေရာမှာ အားနည်းပြီး လျော့တိလျော့ရဲဖြစ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းတွေက “ဆုံးဖြတ်ချက်မပြတ်သားခြင်း၊ဝေဝါးနေခြင်း”တို့ကြောင့်ပါတဲ့။

အားထည့်ပြီး လက်ဆွဲနှုတ်ဆက်တာကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ဆိုတာကို ပြသပါတယ်တဲ့။ လက်နှစ်ဖက်နဲ့ အားရပါးရ လက်ဆွဲနှုတ်ဆက်တာကတော့ ရိုးသားမှုနဲ့ ခင်မင်ရင်းနှီးဖို့အတွက် စိတ်ဆန္ဒရှိနကြောင်းကို ဖော်ပြပါတယ်။

ဒါကြောင့်လည်း အလုပ်အင်တာဗျုးတွေ တော်တော်များများမှာ လက်ဆွဲနှုတ်ဆက်ခြင်း အပေါ်ကို ကြည့်ပြီး ဆုံးဖြတ်ကြတာမျိုးလည်း ရှိပါတယ်။

(၃) မျက်လုံးကို ကြည့်ခြင်း
Flickr /Gordon Wrigley

လူတစ်ယောက်နဲ့ တစ်ယောက် မျက်လုံးခြင်းဆုံပြီး စကားပြောတာဟာ တစ်ဖက်လူပြောနေတဲ့ စကားအပေါ်မှာ စိတ်ဝင်စားမှုရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်း၊ မိမိကို ယုံကြည်လို့ရတယ်ဆိုတာ ပြသခြင်း၊  ရိုးသားပွင့်လင်းမှုနဲ့ ဆက်ဆံခြင်း စတာတွေကို ပြသပါတယ်တဲ့။

READ
အောင်မြင်နေတဲ့သူတွေ ဘယ်တော့မှ မလုပ်သည့်အမှားများ

ဒါပေမယ့်လို့ စကားပြောနေစဉ် တောက်လျှောက်မှာ မျက်လုံးချင်း ကြည့်ဖို့၊ eye contact ရဖို့တော့ မကြိုးစားသင့်ပါဘူးတဲ့။ များသောအားဖြင့် စကားပြောနေစဉ်ရဲ့ အစပိုင်းနဲ့ အလယ်ပိုင်းတွေမှာသာ eye contact ရရှိဖို့သာ ပိုမိုအရေးကြီးပြီး အမြဲတမ်း eye contact ရဖို့ လုပ်နေတယ်၊ မျက်လုံးကိုပဲ ကြည့်နေတယ်ဆိုရင်တော့ တစ်ဖက်လူဟာ စိတ်အနှောင်အယှက်ဖြစ်မှာ အသေအချာပါပဲ။

မျက်လုံးချင်း စကားပြောနေတယ် ဆိုပေမယ့်လို့ စကားပြောတာများရင် နားငြီးလာသလိုပါပဲ။ ဒါကြောင့် ကြည့်တော့ ကြည့်ပါ၊ အမြဲတမ်းတော့ စိုက်မကြည့်ပါနဲ့လို့။

(၄) လက်ကို မြဲမြဲ ဆုပ်ကိုင်ထားခြင်း
Flickr/Danielle Elder

တစ်ယောက်လက်နဲ့ တစ်ယောက်တွဲချိတ်ထားတယ်၊ ဖမ်းဆုပ်ကိုင်ထားတယ်ဆိုတာ သမီးရည်းစားတွေမှာတော့ အတော်ကို ကြည်နူးဖို့ ကောင်းတဲ့ အရာတစ်ခုပါ။ ကိုယ့်ချစ်သူလက်ကလေးကို ကိုင်ဆုပ်ထားရတယ် ဆိုတာက အလွန်ကို တန်ဖိုးရှိပါတယ်။ ဒါပေမယ့်လို့ တခြားတစ်ယောက်ရဲ့ လက်ကို ကိုင်ဆုပ်ထားတာ မဟုတ်ဘဲ မိမိလက်ကို မိမိ ကိုင်ဆုပ်ထားတယ်ဆိုရင် အန္တရာယ်ရှိနေပါပြီ။

ဟုတ်ပါတယ်။ အဲဒီလို မိမိလက်ကို မိမိ ကိုင်ဆုပ်ထားတယ်ဆိုတဲ့ အမူအရာဟာ အဲဒီလူမှာ ပြင်းထန်တဲ့ ဖိအားတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ ရှိနေလို့ပါတဲ့။ စိတ်မတည်မှုတွေ ဖြစ်နေတယ်၊ ကစဥ့်ကလျား စိတ်အခြေအနေတွေ ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါတဲ့။

(၅)နှုတ်ခမ်းသပ်ခြင်း
Flickr/Jeanny

နှုတ်ခမ်းသပ်တယ်ဆိုတဲ့ အမူအရာဟာ လိမ်နေတယ်၊ လိမ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲတဲ့။ဘာလို့လဲဆိုတော့ တစ်ခုခကို လိမ်ညာတော့မယ်ဆိုရင် နှုတ်ခမ်းတွေဟာ အရင်ဆုံးခြောက်လာလို့ပါတဲ့။  တကယ်လို့ မလိမ်ဘဲ တကယ့်ကို နှုတ်ခမ်းခြောက်လို့ နှုတ်ခမ်းသပ်တော့မယ်ဆိုရင် ဂရုစိုက်ပါတဲ့။ တစ်ဖက်လူက သင့်ကို လိမ်တော့မယ်လို့ ယူဆသွားနိုင်ပါတယ်။ နောက်တစ်ချက်က သင်စိတ်ဝင်စားတဲ့သူ ၊ သင်ချစ်နေတဲ့သူကို မြင်လိုက်ရရင်လည်း နှုတ်ခမ်းသပ်တာတွေ ဘာတွေ ဖြစ်နိုင်ပါတယ်တဲ့။ ဘယ်လိုအချက်ကြီးလဲနော်။

READ
ပညာ၊ ဥစ္စာ၊ အချစ် ဘာကို ဦးစားပေးရမလဲ ...?

Ye Yint Kyaw

SHARE