(၂) ပတ်ကြာပျောက်နေတဲ့ ခွေးလေးနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့ ကောင်လေးရဲ့ ဗီဒီယိုဖိုင်

youtube/T&T Creative Media

အခုရက်သတ္တပတ်မှာတော့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ခွေးလေးနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့ ဗီဒီိယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။ ခွေးလေးနာမည်ကတော့ ပိုက်ပါ ဖြစ်ပါတယ်။ ပိုက်ပါဟာ ရက်သတ္တပတ် (၂) ပတ်ကြာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ပိုက်ပါနဲ့ သူ့ရဲ့သခင် ကာတာတို့ဟာ ကွဲကွာနေတာ (၂) ပတ်တာရှိနေပြီဖြစ်ပြီး အခုမှ ပြန်တွေ့ကြတာပါ။ ဒီဗီဒီယိုဖိုင်လေးကိုတော့ 9gag သတင်းကနေ သိခဲ့ရတာပါ။

ဗီဒီယိုထဲမှာတော့ ဖဲကြိုးလေးဝတ်ဆင်ထားတဲ့ ပိုက်ပါဟာ သခင်ဖြစ်သူ ကာတာနဲ့ ပြန်တွေ့ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ကာတာကတော့ ကျောင်းသွားဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ ကာတာဟာ ပိုက်ပါကိုလည်း မမျှော်လင့်ပဲ တွေ့လိုက်ရော ခွေးလေးကို လွတ်ထွက်သွားတော့မယ့်အလား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့တာပါ။ ခွေးလေးကို ပြန်တွေ့ရတဲ့အတွက် ပျော်လွန်းလို့ ကာတာဟာ ၀မ်းသာမျက်ရည်တွေတောင် ကျခဲ့ပါတယ်။

READ
သစ်သားကားစီးချင်တယ်ဆိုတဲ့ သမီးရဲ့ မွေးနေ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေ
youtube/T&T Creative Media

ဖေ့စ်ဘုတ်ပို့စ်အရ ကာတာရဲ့ မိခင်ဟာ ပိုက်ပါပျောက်ဆုံးပြီးနောက် တစ်မိသားစုလုံး ပူပန်သောကဖြစ်နေခဲ့ကြတာပါ။ ခွေးလေးကိုလည်း ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပတ်အကြာမှာတော့ ပိုက်ပါရဲ့ ပုံစံလိုမျိုး ပုံစံတူခွေးတစ်ကောင်ကို တွေ့ရတယ်ဆိုပြီး တိရစ္ဆာန်ဂေဟာက ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။ ကာတာတို့မိသားစုကတော့ ပိုက်ပါဟာ တကယ့်ကို ဆန်းကြယ်တဲ့ ခရစ္စမတ်လက်ဆောင်လေးပါလို့ ဆိုပါတယ်။

လင်းလင်း (ShweMom)

SHARE