ဖေဖေပိုက်ဆံတွေရှိလာတဲ့တစ်နေ့…

တစ်ခါတုန်းက အလုပ်အရမ်းကြိုးစားတဲ့အဖေတစ်ယောက်ရှိပါတယ်။ သူဟာသူ့မိန်းမနဲ့ကလေး(၃)ယောက်ကို ပေါင်မုန့်
တွေပို့ပေးတဲ့အလုပ်လုပ်ပြီးရှာကျွေးနေသူပါ။ သူကပေါင်မုန့်ပို့ခြင်းတွေပြီးဆုံးသွားရင် ညနေဘက်မှာသင်တန်းတွေတက်
ပါတယ်။သူ့အရည်အချင်းတိုးတက်လာပြီးပိုကောင်းတဲ့လစာရဖို့ပါ။ မိသားစုနဲ့တောင်ထမင်းအတူမစားတာအတော်လေး
ကိုကြာပါပြီ။သူက သူ့မိသားစုကိုတင့်တယ်အောင်ထားချင်လို့ပါ။မိသားစုအတွက်အချိန်ပေးဖို့ မိန်းမနဲ့ကပြောတိုင်းသူက မိသားစုအတွက် အလုပ်လုပ်နေတာဖြစ်ကြောင်းပြန်ပြီး ဆင်ခြေပေးပါတယ်။သားသမီးတွေကိုလည်း ဖေဖေပိုက်ဆံတွေရှိလာတဲ့အခါ အချိန်ပိုပေးမည်ဖြစ်ကြောင်း ပြောပြပါတယ်။
 
တစ်နေ့တော့ သူတက်နေတဲ့သင်တန်းအောင်ပြီးအလုပ်ကောင်းတစ်ခုရခဲ့ပါတယ်။ ဝင်ငွေကလည်းကောင်းလာပါတယ်။ သူ့အိမ်မက်ထဲကလိုပဲ မိသားစုကို အဝတ်ကောင်းအစားကောင်းတွေနဲ့ စောင့်ရှောက်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့မိသားစုကိုအချိန်အများကြီးမပေးနိုင်သေးပြန်ပါဘူး။ သူကရာထူးတိုးဖို့အပြင်းအထန်ကြိုးစားနေလို့ပါ။ သူက သင်
တန်းတွေထက်ပြီးတက်ပြန်ပါတယ်။ မိသားစုကလည်း သူအချိန်မပေးနိုင်လို့ ဝိုင်းပြောကြပါတယ်။ သူကလည်း ဒါမိသား
စုအတွက်လုပ်နေတာဖြစ်ကြောင်း ပြောပြန်ပါတယ်။
 
တစ်နေ့တော့ သူရာထူးတိုးသွားပါတယ်။ သူ့မိန်းမသက်သာဖို့အိမ်ဖော်ပါငှားပေးလိုက်ပါတယ်။ သူတို့ရဲ့တိုက်ခန်းလေး
ကိုစွန့်ခွာပြီး ကွန်ဒိုတစ်ခန်းဝယ်ဖို့ သူစိတ်အားထက်သန်နေပါတယ်။ သူဟာနောက်တစ်ကြိမ်ရာထူးတိုးပြီးဝင်ငွေကောင်း
ဖို့ အပြင်းအထန်ကြိုးစားပြန်ပါတယ်။ စနေ၊တနင်္ဂနွေတွေပါအလုပ်လုပ်လာလို့ မိသားစုက သူနဲ့မတွေ့ရသလောက်ပါပဲ။ သူ့ကိုပြောရင်လည်း သူကမိသားစုအတွက်ဆိုတာပဲပြောပါတယ်။
 
နောက်တော့ သူထပ်ပြီးရာထူးတိုးသွားပြန်ပါတယ်။ ကွန်ဒိုလေးဝယ်နိုင်ပြီး အဲ့ဒိနေ့မှာပဲ သူ့မိသားစုကို အချိန်ပေးတော့
မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ အလုပ်ကြိုးစားခဲ့ပြီးနေ့မအိပ်၊ညမအိပ်ဒဏ်တွေကြောင့် အစကတည်းကရှိတဲ့နှလုံးရောဂါ အခံကြောင့် Heart Attackနဲ့ဆုံးသွားခဲ့ပါတယ်။သူရှာခဲ့တဲ့ ကွန်ဒိုကြီးကိုလည်း လှည့်မ
ကြည့်နိင်တော့ပါဘူး။ လောကကြီးထဲက အပြီးအပိုင်ထွက်ခွာသွားပါတော့တယ်။
 
ဒီအကြောင်းအရာလေးကနေပေးတဲ့သင်ခန်းစာကတော့ဘဝမှာ ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံဆိုပြီးမဖြစ်ဖို့ဆိုတာအရမ်း
အရေးကြီးပါတယ်။ သူက မိသားစုနဲ့သားသမီးကို ချစ်တယ်လို့သူထင်နေတာပါ။ တကယ်တော့ စဉ်းစားချင့်ချိန်ဥာဏ်
နည်းတဲ့ချစ်ခြင်းမျိုးပါ။ ဖခင်တွေတော်တော်များများလုပ်လေ့ရှိတဲ့အမှားပါ။ မိသားစုကိုအချိန်မပေးပဲ ပိုက်ဆံကိုသဲကြီး
မဲကြီးရှာနေခြင်းကြောင့်ဖြစ်နိုင်တဲ့ဆိုးကျိုးတွေအမျာကြီးရှိကြပါတယ်။ အချို့မိသားစုတွေမှာဆို မိန်းမဖြစ်သူကဖောက်ပြန်တတ်ပါတယ်။ မိန်းမဖြစ်သူကအရမ်းသစ္စာရှိမှသာ မဖောက်ပြန်မှာဖြစ်ပါတယ်။ သားသမီးတွေက အဖေကိုပိုက်ဆံရှာတဲ့
စက်ရုပ်တစ်ရုပ်လိုမြင်လာပါလိမ့်မယ်။မိခင်ကောင်းမှ သားသမီးတွေက အဲ့ဒိလိုမမြင်မှာပါ။နောက်တစ်ခုက ကျန်းမာရေးပါ။ ကျန်းမာမှ ပျော်ရွှင်နိုင်မှာပါ။ ကျန်းမာရေးကို ဂရုမစိုက်ရင် ရေရှည်မခံပါဘူး။
 
 
မိုးရှင်း (I.M.T)
 
Source: academictips
shwemom-post-photo-1-1
 
SHARE