ညနေ (၅) နာရီမှာ ရုံးဆင်းတဲ့သူတွေဟာ ပိုပြီးကောင်းမွန်တဲ့ဘ၀ကို ပိုင်ဆိုင်ထားကြောင်း သိရ

pexels/mentatdgt

ဒုတိယကမ္ဘာစစ်အတွင်း ပြုလုပ်တဲ့ သုတေသနတစ်ခုအရ အလုပ်မှာ အချိန်ပိုလုပ်တာဟာ လုံးလုံး အကျိုးမရှိဘူးလို့ သိရပါတယ်။ အချိန်ပိုလုပ်ပါများရင် အလုပ်အရည်အသွေးကို ထိခိုက်စေရုံတင်မကပဲ နေ့စဉ်လူနေမှုဘ၀ကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အောက်ဘက်မှာတော့ ညနေငါးနာရီထိုးတာနဲ့ ရုံးဆင်းလေ့ရှိသူတွေဟာ ပိုပြီး သာယာကောင်းမွန်တဲ့ဘ၀ကို ပိုင်ဆိုင်ထားကြောင်း brightside သတင်းကနေ တွေ့ရှိရပါတယ်။

အချိန်အကြာကြီး အလုပ်လုပ်ခြင်းဟာ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒီအချက်ကိုတော့ သုတေသနတစ်ခုမှာ တွေ့ရတာ ဖြစ်ပါတယ်။ အချို့လုပ်ငန်းခွင်တွေမှာဆိုရင် အလုပ်မှာ ဘယ်နှစ်နာရီနေတယ်ဆိုတာနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မတိုင်းတာပဲ အလုပ်ပြီး မပြီးဆိုတာနဲ့သာ တိုင်းတာလေ့ရှိပါတယ်။

Pexels/fauxels

အလုပ်ချိန်ပိုများတဲ့အခါ နှလုံးရောဂါ၊ ပင်ပန်းနွမ်းနယ်တာနဲ့ စွမ်းအင်ကျဆင်းတာ၊ ကျန်းမာရေးမကောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ လေ့လာချက်အရ တစ်ပတ်ကို (၅၅) နာရီအထက် အလုပ်လုပ်သူတွေဟာ တစ်ပတ်ကို နာရီ (၄၀) အောက်အလုပ်လုပ်သူတွေအတွက်စာရင် လေဖြတ်နိုင်ခြေ (၃၃) ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။

READ
ဘ၀ကိုတိုးတက်စေမယ့် အပေါင်းအသင်းများ

တကယ်လို့ အလုပ်ဆင်းချိန်ဟာ (၅) နာရီဖြစ်နေတယ်ဆိုရင် ၀န်ထမ်းတွေဟာ မလိုအပ်ပဲ အချိန်ဖြုန်းနေတာမျိုးကို အလိုလို ရှောင်တတ်သွားပါလိမ့်မယ်။ အကြောင်းရင်းက အလုပ်ပြီးဖို့ လိုတဲ့အတွက် အချိန်ကို သေချာစီမံခန့်ခွဲတတ်လာပါတယ်။ တစ်နေ့တာ ပြီးလို့ ရုံးမှာ ကိုယ်အလုပ်ဘယ်လောက်ပြီးခဲ့လဲဆိုတာ ပြန်စဉ်းစားတဲ့အခါ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကိုလည်း ဖြစ်စေမှာ ဖြစ်ပါတယ်။

pexels/theformfitness

ဝန်ထမ်းတွေအနေနဲ့ အလုပ်ချိန်ဟာ (၅) နာရီထိပဲ ဖြစ်တဲ့အတွက် ညနေခင်းပိုင်းမှာ လုံလောက်တဲ့ အနားယူမှုတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ သူများတွေ ရုံးဆင်းတဲ့အချိန်ထက် (၁) နာရီ (၂) နာရီလောက် စောနေတဲ့အတွက် ကိုယ့်အတွက် ကိုယ်အချိန်ပြန်ပေးဖို့လည်း  အဆင်ပြေပါလိမ့်မယ်။ ဥပမာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုး၊ ပန်းခြံဆီ ခွေးကျောင်းထွက်တာမျိုးနဲ့ ကိုယ်လုပ်ချင်တဲ့ ၀ါသနာတစ်ခုမှာ အချိန်မြှုပ်နှံနိုင်တာမျိုးတွေ လုပ်ခြင်းဖြင့် ပိုပြီး ပျော်စရာကောင်းတဲ့ဘ၀မျိုးကို ပိုင်ဆိုင်လာနိုင်ကြောင်းလည်း သိရပါတယ်။

READ
ခရီးသွားခြင်းနဲ့ ပတ်သက်လို့ တော်ဝင်ဗြိတိန်မိသားစုဝင်တွေရဲ့ထူးခြားချက်များ

လင်းလင်း (ShweMom)

SHARE