၁၃၀၀-ခုနှစ်ဝန်းကျင်က ခါးသီးတဲ့သမိုင်းကို ကြုံခဲ့ရတဲ့ ခရမ်းချဉ်သီးများ

အခုရေးမှာကတော့ ခရမ်းချဉ်သီးအကြောင်းပါဘဲ။ သစ်သီးဝလံတွေထဲမှာတော့ ခရမ်းချဉ်သီးဟာ သမိုင်းကြောင်းအရ ခါးသီးတဲ့ အတွေ့အကြုံကို ရခဲ့တဲ့ တစ်ခုတည်းသော သစ်သီးဖြစ်မယ်ထင်ပါတယ်။ အကြောင်းအရင်းကလည်း ခိုင်လုံစွာ ရှိခဲ့ပါတယ်။ သက္ကရာဇ် 1300 နဲ့ 1650 ကြားမှာ 90%သော ဥရောပလူမျိုးတွေဟာ ခရမ်းချဉ်သီးကို အဆိပ်သီးလို့ ထင်မြင်ခဲ့
ကြပါတယ်။

ဒီခရမ်းချဉ်သီးကို စားတဲ့ မင်းမျိုးမင်းနွယ်တွေဟာ စားပြီးတာနဲ့ သေဆုံးရကြောင်း ကောလာဟလတွေ ပျံ့နှံ့ခဲ့ရာက စ
တင်ခဲ့တာပါ။ ထိုခေတ်ထိုအခါက ခရမ်းချဉ်သီးကို အဆိပ်ပန်းသီးလို့တောင် နာမည်ဆိုးပေးပြီး ရှောင်ကြဉ်ခဲ့ကြပါတယ်။ တကယ်လည်း ခရမ်းချဉ်သီးစားလို့ သေတဲ့သူတွေ ဒုနဲ့ဒေးပါဘဲ။ ဒါပေမယ့် အခြားနိုင်ငံတွေမှာတော့ ခရမ်းချဉ်သီးစားပေမယ့် ဘာမှ မဖြစ်ကြပါဘူး။

ဘာဖြစ်လို့ ဥရောပနိုင်ငံတွေကျမှ ခရမ်းချဉ်သီးစားရင် သေရတာလဲ … အဖြေက ဘယ်သူမှ မဖြေနိုင်သေးတဲ့ အဖြေပါ။ ဒီလိုအခြေအနေမှာ ထပ်ပြီး ထွက်လာတဲ့ ကောလာဟလကြောင့် ဥရောပနိုင်ငံတွေဟာ ခရမ်းချဉ်သီးတင်သွင်းခြင်းကို လုံးဝ ဖြတ်တောက်ခဲ့ပြီး တင်သွင်းတာကို တွေ့ရှိရင် ခရမ်းချဉ်သီး လက်ဝယ်တွေ့ရှိရင် သေဒဏ်ပေးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီကောလာဟလက ဘာလဲဆိုတော့ ဒီခရမ်းချဉ်သီးတွေကို စုန်းမတွေက ပြုစားထားလို့ အခုလို မင်းညီမင်းသားတွေ သေရတာဖြစ်တယ်ဆိုတဲ့ ကောလာဟလပါ။

READ
Lloyds ရုပ်ကြွင်းဘဏ်မှာ ပြသထားတဲ့ ဗိုက်ကင်းတစ်ဦးရဲ့ ဧရာမ မစင်တုံးကြီး

ကောလာဟလဆိုတာ ကြာလာတာနဲ့အမျှ အမှန်ကို အမှားထင်၊ အမှားကို အမှန်ထင်အောင် လုပ်ဆောင်ပေးတဲ့အရာ
ဖြစ်ပါတယ်။ ခရမ်းချဉ်သီးနဲ့အတူ ကံဆိုးခဲ့ကြသူတွေကတော့ စုန်းမတွေ၊ နတ်ဝင်သည်တွေပါဘဲ။ သူတို့ကိုလည်း အာဏာပိုင်တွေက အရှင်မထားတော့ပဲ မြို့ထဲကနေ ထုတ်ပြီး သတ်၊ ရွာထဲကနေ ထုတ်ပြီးသတ်၊ ရသလောက် အပြတ်ရှင်းခဲ့ပါ
တယ်။

ဒီထဲမှာ ကံဆိုးသူတွေက တကယ်စုန်းကဝေ မဟုတ်ပါဘဲ၊ မနာလိုမရှုစိမ့်တဲ့သူတွေက အာဏာရှင်တွေကို လက်တို့ခံရသူ
တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြဿနာ ပြေလည်သွားမယ်လို့ ထင်ထားခဲ့ကြပါတယ်။ နောက်တော့ ခရမ်းချဉ်သီးဟာ အခြားနိုင်ငံမှာ စားနေတာပဲဆိုပြီး ဥရောပတွေက စတိသဘောနဲ့ တစ်ခါ စမ်းပြီး စားကြပြန်ပါတယ်။ ဒီတစ်ခါလည်း သေ
ပြန်ပါတယ်။ ဒီတစ်ခါတော့ အာဏာရှင်တွေ ဘယ်သူ့မှ ထုတ်ပြီး သတ်စရာမရှိတော့။ ဒီတော့ ဘာကြောင့် ခရမ်းချဉ်းသီး စားရင် သေရတာလဲဆိုတာကို အဖြေရှာခဲ့ကြပါတယ်။

အဖြေမတွေ့မချင်း ခရမ်းချဉ်သီး မစားရဲပါဘူး။ ဒီလိုနဲ့ အူလည်လည်ကြီးဖြစ်ပြီး နှစ်ပေါင်း ရာချီကြာခဲ့တဲ့အထိ ခရမ်းချဉ်သီးကို ဘယ်သူမှ မစားရဲခဲ့ကြပါ။ ဒါဟာ သမိုင်းမှာ တကယ်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဆေးဘက်ဆိုင်ရာ ဗဟုသုတ
တဖြည်းဖြည်း ဖွံ့ဖြိုးလာပါတယ်။

READ
တစ်ခြားရောဂါမဖြစ်အောင် ပြန်လည်ခုခံနိုင်တဲ့ ရောဂါဆန်းများ

သက္ကရာဇ် 1880 ၀န်းကျင်လောက်မှာ သိပ္ပံပညာရှင်တစ်စုက ခရမ်းချဉ်သီးစားရင် သေဆုံးရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဥရောပလူမျိုးတွေဟာ ထိုခေတ်ထိုအခါက အစားအစာတွေ စားတဲ့အခါတိုင်း Pewter လို့ ခေါ်တဲ့ ခဲစပ်သတ္တုနဲ့လုပ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ စားလေ့ရှိပါတယ်။ အဲဒီအခါမှာ ခရမ်းချဉ်းသီးဓာတ်ရဲ့
အက်စ်ဓာတ်ကြွယ်ဝမှုနဲ့ ခဲဓာတ်အလွန်ကြွယ်ဝတဲ့ သတ္ထုဓာတ်တို့ ပေါင်းပြီး ခဲဆိပ်သင့်ကာ သေဆုံးခြင်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ကာလတွေရောက်မှ ဥရောပတွေဟာ ခရမ်းချဉ်သီးကို မြိန်ရေရှက်ရှေ စားသောက်နိုင်ခဲ့ကြပါတယ်။ ခရမ်းချဉ်သီးဟာ အပြစ်မဲ့စွာနဲ့ ဈေးကွက်အတွင်းက ဖယ်ရှားခံခဲ့ရသလို၊ အပြစ်မဲ့ပြည်သူတွေလည်း သေဆုံးခဲ့ရပါတယ်။ အ
ကယ်၍သာ ခဲဆိပ်သင့်ခြင်းအကြောင်းကို အခုချိန်ထိ ရှာမတွေ့သေးဘူးဆိုရင် ကျွန်တော်တို့လည်း ခရမ်းချဉ်သီး မြင်
တောင်မြင်ဖူးပါ့မလား … ဒါထက် Shwemom ပရိသတ်ကြီးကို သတိပေးချင်တာက ခရမ်းချဉ်သီးစားတဲ့အခါ သတ္ထုပန်း
ကန်၊ ခဲစပ်သတ္တုပန်းကန်တွေနဲ့ မစားမိကြဖို့ သတိပေးချင်ပါတယ်။

နတ်စည်တော် (Shwemom)

source : atlasobscura.com, smithsonianmag.com

SHARE